Breaking News

ခိုင်မျိူး - ရွာထဲမှာ

Art - Than Htay Maung 



ခိုင်မျိူး - ရွာထဲမှာ
(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၉

ဆံပင်ရှည်တာကို
ကြိုက်ခဲ့ကြတယ်
ဘေထုတ်ထည်တွေကို
ကြိုက်ခဲ့ကြတယ်
ဘဲလ်တွေ၊ဖလဲတွေ၊ ဟိုင်းဟီးတွေကိုကြိုက်ခဲ့ကြတယ်


သင်္ကြန်သံချပ်တွေကို
ကြိုက်ခဲ့ကြတယ်
ခိုင်ထူးသီချင်းတွေ
ကြိုက်ခဲ့ကြတယ်
ပရက်စလေနဲ့ယူဘရိုင်းနားကို
ကြိုက်ခဲ့ကြတယ်
ပြည်သူ့မုန့်တိုက်က ပြားသုံးဆယ်တန်
လက်ဘက်ရည်ကို ကြိုက်ခဲ့ကြတယ်
မောင်သစ်မင်းနဲ့ကျော်ဟိန်းကို
ကြိုက်ခဲ့ကြတယ်
အေးဂျင့်သုညသုညခွန်ကို
ကြိုက်ခဲ့ကြတယ်

လိပ်ပြာထောင်မှာဝယ်လို့ရတဲ့ ပြားခြောက်ဆယ်တန်
ချိစ်ဘူးအပြာရောင်လေးတွေကို
ကြိုက်ခဲ့ကြတယ်

ကက််​ဆက််တလုံံံးကို ကြိုက်ခဲ့
တီဗီတလုံးကို ကြိုက်ခဲ့
လီးဗိုက်စ်ဂျင်းဘောင်းဘီကို ကြိုက်ခဲ့
သမ္မတရုံံကပိတ််ကားခုံံံးခုံးကြီးကို ကြိုက်ခဲ့
လက်တစ်ဖက်ပြတ်ဓားသမားကို ကြိုက်ခဲ့
သုံးမတ်တန်းကနေ ဒီစီတန်းအထိလည်း
ကြိုက်ခဲ့သေးတာပေါ့

အခု
အနံ့အရသာအဖုံဖုံနဲ့ ပါတီစုံ
ဟင်းမွှေး မဆလာထုတ်တွေ ပေါ်လာပြီ
အဘ ပြန်သွားရင်
ဘောက်ဆူးကောင်းကောင်းပေးမယ့်
လက်ဘက်ရည်ထုတ်တွေ ရှိလာပြီ
ဟိုကြော်ငြာထဲကလို
ကြိုက်လား ...
မကြိုက်လား ... ပြောပါ ရွာထဲမှာ။