Breaking News

ဇင်လင်း - ကျယ်ပြန့်လာနေသော ရခိုင်တိုက်ပွဲများနှင့် အေးစက်လာနေသော ငြိမ်းချမ်းရေးစကားဝိုင်းများ



ဇင်လင်း - ကျယ်ပြန့်လာနေသော ရခိုင်တိုက်ပွဲများနှင့် အေးစက်လာနေသော ငြိမ်းချမ်းရေးစကားဝိုင်းများ
(မိုုုုုုးမခ) နိဝင််််ဘာ ၂၅၊ ၂၀၁၉

မြန်မာ့ နိုင်ငံရေးအခြေအနေသည် နေမြင့်လေ အရူးရင့်လေဆိုသည့် ကိန်းဆိုက်နေသည်။ ယနေ့လက်တွေ့ မြေပြင်ပေါ်ရှိ အနေအထားသည် နိုင်ငံရေးပဋိပက္ခများကို နိုင်ငံရေးဆွေးနွေးပွဲ (Political Dialogue) နည်းလမ်းဖြင့် ကိုင်တွယ် ဖြေရှင်းရန် ကြိုးပမ်းနေဆဲမှာပင် အခြားတစ်ဖက်၌ စစ်ရေးနည်းလမ်းကို ဆက်လက်ကျင့်သုံးနေမှုလည်း ရှိနေသည်။ အကျိုးဆက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိခိုက်လာသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အလှမ်းဝေးစေသည်။ ပြည်သူလူထု ဘဝမှာ နူရာဝဲစွဲ လဲရာသူခိုးထောင်း ဆိုသကဲ့သို့ဖြစ်နေပြီး တိုင်းရင်းသားပြည်သူများ စစ်ဘေးဒုက္ခ သံသရာ၌ တဝဲလယ် လယ် ဖြစ်နေကြရသည်။ 

စစ်ရေးနည်းဖြင့် နိုင်ငံရေးပြဿနာကို ဖြေရှင်းရန်ကြိုးပမ်းနေခြင်းသည် ယခုခေတ်အခါ၌ မှားယွင်း သည့် လုပ်ရပ်ဖြစ်သည်။ စစ်ရေးဖိအားကြောင့် အပြန်အလှန်ယုံကြည်မှု ပျောက်ကွယ်၍ အမုန်းတရားကြီးထွားလာခြင်းသာ အဖတ်တင်သည်။ သက်ဆိုင်ရာ တိုင်းရင်းသားပြည်သူလူထုအများစု၏ ေစဉ်ဘဝများ ရှင်သန်ရေးအတွက် စစ်ရေးဖိအား သုံးမှု ရပ်သင့်ပြီဟု မြင်သည်။ ယခုအထိ စစ်ပွဲများ ဆက်ဖြစ်နေခြင်းနှင့် ပတ်သက်၍ အစိုးရအနေဖြင့် မိမိ၏ ငြိမ်းချမ်းရေး မူဝါဒလမ်းစဉ်ကို ပြန်လည်သုံးသပ်သင့်သည်။ အဓိကအားဖြင့် လက်တွေ့မြေပြင်အခြေအနေတွင် အပြန်အလှန်ယုံကြည်မှု ပျောက်ဆုံးနေခြင်းမှာ ဘာကြောင့်လဲ ဆိုသည်ကို ဆန်းစစ်သင့်သည်။ ပြည်သူလူထုအမြင်တွင် အစိုးရနှင့် တပ်မတော် ခေါင်းဆောင်များ၊ အစိုးရနှင့် တိုင်းရင်းသားခေါင်းဆောင်များ၊ တပ်မတော်ခေါင်းဆောင်များနှင့် တိုင်းရင်းသား ခေါင်းဆောင် များ၊ ဆိုသည့် သုံးပွင့်ဆိုင် အစုအဖွဲ့တို့အကြား အပြန်အလှန် ယုံကြည်မှုပျောက်ဆုံးနေသည်ဟု ထင်မြင်နေကြသည်။

သို့ဖြစ်၍ အစိုးရ နှင့် တပ်မတော်အကြား၌ နိုင်ငံ့ငြိမ်းချမ်းရေး အနာဂတ်ကို ပုံဖေါ်ရာတွင် အခြေခံ သဘောထားယူဆချက် များနှင့် စပ်လျဉ္း၍ နီးစပ်နိုင်သမျှ နီးစပ်အောင် ညှိကြဖို့လိုသည်။ အစိုးရနှင့် တိုင်းရင်းသားအကြား၊ တိုင်းရင်းသားနှင့် တပ် မတော်အကြား၊ တို့တွင်လည်း အလားတူ အခြေခံသဘောထားယူဆချက်များ သဟဇာတဖြစ်အောင် ညှိဖို့လိုနေသည်။ အပြန်အလှန် ယုံကြည်မှုပျောက်ဆုံးနေရခြင်းမှာ အခြေခံ သဘောထားယူဆချက်များကွာဟနေခြင်းေကြာင့် ဖြစ်သည်။ ထို့ပြင် ကတိ မတည်မှု သို့မဟုတ် အပြောတစ်မျိုး အလုပ်တစ်မျိုးဟု ယူဆမှုကြောင့်လည်း ဖြစ်သည်။ ထို့ကြောင့် ပျောက်ဆုံးနေသော ယုံကြည်မှုကို ပြန်ရှာရန် Stakeholder အချင်းချင်း အသေအချာ ကျေညက်အောင် ဆွေးနွေးညှိနှိုင်းဖို့ လိုသည်။ ယနေ့ ပြည်သူတို့အမြင်တွင် အစိုးရနှင့် တပ်မတော်တို့သည် ငြိမ်းချမ်းရေးကိစ္စ ဆောင်ရွက်ကြရာ၌ စည်းဝါး မကိုက် ဖြစ်နေသည် ဟု မြင်နေသည်။ အစိုးရ၏ မူဝါဒနှင့် ကတိကဝတ်များကို တပ်မတော်ကလည်း ယုံကြည်လက်ခံ အကောင်အထည်ဖေါ် လျှက်ရှိသည်ဟု တိုင်းရင်းသားများ ယုံကြည်မှသာ ငြိမ်းချမ်းရေးနှင့် နီးစပ်မည်ဖြစ်သည်။

မကြာသေးမီက အရေးပေါ် ဖြစ်ပွားခဲ့သည့် ပြဿနာမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ရက္ခိုင့်တပ် တော် AA က ဖမ်းဆီးထားသည့် ကိစ္စဖြစ်သည်။ ဦးဝှေ့တင်းအား ဖမ်းဆီးခြင်းအတွက် AA ကို ကန့်ကွက် ရှုတ်ချကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်က နိုဝင်ဘာ ၁၃ ရက်နေ့က အရေးကြီးအဆို တင် သွင်းခြင်းအား လက်ခံဆွေးနွေးရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ဆုံးဖြတ်လိုက်သည်။ မန္တလေးတိုင်း အောင်မြေ သာစံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးက လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ထားခြင်းသည် နိုင်ငံတော်က ဆောင်ရွက်နေသည့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု၊ ပြည်သူ့ကိုယ်စားပြုမှုများကို တိုက်ရိုက်ဆန့်ကျင်အကြမ်းဖက်သော လုပ်ရပ်ဖြစ်သော ကြောင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း အရေးကြီးအဆို တင်သွင်းခြင်းကို လွှတ်တော်က လက်ခံရန် ဆုံးဖြတ် လိုက်သည်။

အထူးသတိပြုသင့်သည့် ကိစ္စမှာ ချင်းပြည်နယ် အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ပြန်လွှတ်ပေးရန် ချင်းအရပ်ဖက် အဖွဲ့ အစည်း ၄၃ ဖွဲ့က နိုဝင်ဘာ ၁၁ ရက် တွင် ကြေညာချက်ထုတ်ပြန်တောင်းဆိုခြဲ့ခင်းဖြစ်သည်။ AA အဖွဲ့သည် ဦးဝှေ့တင်းကို ဖမ်းဆီးထားစဉ် ကာလအတွင်း နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်အညီ လူ့ဂုဏ် သိက္ခာ ပြည့်ဝစွာ ဆက်ဆံရန် ချင်း လူ့အဖွဲ့အစည်းများက ထုတ်ပြန်ချက်၌ သတိပေးဖော်ပြထားသည်။ ဦးဝှေ့တင်းကို ဖမ်းဆီးထိန်းသိမ်းချိန် ကြာလာသည်နှင့်အမျှ ပြည်တွင်းပြင်ပ လူထုအကြား AA ၏ပုံရိပ်ကျဆင်းလာမည်ဖြစ်ကြောင်း၊ မည် သည့်အကြောင်းပြချက်ဖြင့်ဖြစ်စေ အပြစ်မဲ့ ပြည်သူများအပေါ် အကြမ်းဖက်မှုများ ကျူးလွန်၍ မရကြောင်း၊ ကျူးလွန်ပါက အပြည်ပြည်ဆိုင်ရာ လူသား ချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေများအရ ရာဇဝတ်မှုမြောက်ကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်ခြင်းသည် ချင်းပြည်သူများနှင့် AA အဖွဲ့တို့အကြား ဆက်ဆံရေးတင်းမာလာစေမည်ဖြစ်သည့် အပြင် AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ပြည်သူက မှတ်ယူသွားနိုင်ကြောင်း ချင်းအဖွဲ့အစည်းများက ထုတ်ပြန်ခဲ့သည် ဟု မြန်မာတိုင်းမ်သတင်း၌ ဖေါ်ပြခဲ့သည်။

တစ်ချိန်တည်းမှာပင် AA ရခိုင့်တပ်တော်၏ လုပ်ရပ်သည် ဥပဒေနှင့် မညီသဖြင့် AA က ကမ်းလှမ်းထားသည့် သုံ့ပန်း လဲလှယ်ရေး အစီအစဉ်ကို လက်ခံမည် မဟုတ်ကြောင်း သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ပြောကြားခဲ့ဟု RFA သတင်း က ဖေါ်ပြသည်။ နေပြည်တော်၌ နိုဝင်ဘာ ၁၃ ရက်နေ့က ပြုလုပ်သည့် သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် AA အဖွဲ့ က ဖမ်းဆီးထားသည့် NLD လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း လွတ်မြောက်ရေးကိစ္စနှင့်စပ်လျဉ္း၍ သတင်းထောက်များ က မေး မြန်းရာ ဦးဇော်ဌေးက အဆိုပါအတိုင်း ဖြေကြားခဲ့သည်။ ပြည်သူကရွေးချယ်ထားသည့် လွွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို ဖမ်းဆီးထားခြင်းသည် နိုင်ငံတော်အချုပ်အခြာအာဏာကို ထိပါးရာရောက်သည့်အပြင် ဆိုမာလီယာ အကြမ်းဖက် သမားများ ပြန်ပေးဆွဲငွေတောင်းသည့် လုပ်ရပ်သဘောမျိုးဆန်သည်ဟု ပြောကြားသည်။ AA အဖွဲ့နှင့် ဆက်စပ်၍ အစိုးရ နှင့် တပ်မတော်က ဖမ်းဆီးထားသူများကို တည်ဆဲဥပဒေနှင့် အညီ စစ်ဆေး အရေးယူလျှက်ရှိပြီး သူတို့ကို သုံ့ပန်းအဖြစ် မသတ်မှတ်ကြောင်း ဦးဇော်ဌေးက ပြောသည်။

AA က ဖမ်းဆီးသွားသော စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများ ပြန်လည် လွတ်မြောက်ရေးအတွက် AA နှင့် ဆွေးနွေးပွဲများ၌လည်းကောင်း၊ ငြိမ်းချမ်းရေးကော်မရှင်က တဆင့်သော်လည်းကောင်း၊ AA အပေါ် သြဇာလွှမ်းမိုးမှုရှိသော အဖွဲ့အစည်း လူပုဂ္ဂိုလ်များမှ တဆင့်သော်လည်းကောင်း၊ ကြိုးပမ်းခဲ့သည်ဟု ဦးဇော်ဌေးက ဆိုသည်။ AA ပြောခွင့်ရသူ ခိုင်သုခ က အပြစ်မဲ့ပြည်သူများကို အစိုးရနှင့် စစ်တပ်က မတရား ပုဒ်မများဖြင့် ဖမ်းဆီးနှိပ်စက် အနိုင်ကျင့်နေခြင်း ဖြစ် သည်ဟု ဆိုသည်။ ထို့ပြင် တပ်မတော် က စစ်သုံ့ပန်းဖြစ်သွားသည့် တပ်ဖွဲ့ဝင်များအပေါ် ရဲဘော်ရဲဘက်စိတ် မရှိကြောင်း ဖော်ပြနေသည်ဟုလည်း ဝေဖန်ခဲ့သည်။

နိုဝင်ဘာ ၁၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေး က ရခိုင်ပြည်နယ်တွင် AA အဖွဲ့စတင် လှုပ်ရှားလာကတည်းက အစိုးရအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူ နှိမ်နင်းရေးကိုသာ ထိရောက်စွာ လုပ်ဆောင်ရန် တပ်မတော်အား ညွှန်ကြားထားသည်ဟု ဆိုသည်။ AA အပါအဝင် မြောက်ပိုင်းလေးဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကို အမှန် လိုလားခြင်း ရှိ/မရှိ အစိုးရက သုံးသပ်နေသည်ဟုလည်း ဦးဇော်ဌေးက သတင်းထောက်များအား ပြောကြားခဲ့သည်။

ရခိုင်အရေးကိစ္စကို မြန်မြန်ဆန်ဆန် ဖြေရှင်းမှု မပြုနိုင်လျှင် ကြာလေဆိုးလေဖြစ်လာနိုင်သည်ဟု ပအိုဝ်းအမျိုးသား လွတ် မြောက်ရေးအဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီးခွန် ဥက္ကာ က ပြောကြောင်း 7Day Daily သတင်းက ဖေါ်ပြသည်။

“ဖြစ်နေတဲ့ဖြစ်စဉ်ကတော့ မြန်မြန်ဆန်ဆန်မကိုင်တွယ်ဘူးဆိုရင် ကြာလေဆိုးလေ၊ လှုပ်လေ မြုပ်လေ အခြေအနေမျိုး ဖြစ် သွား နိုင်တယ်။” ဟု နေပြည်တော်တွင် ကျင်းပနေသော ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့၏ တတိယ အကြိမ်မြောက် အခမ်းအနားတွင် 7Day Daily သတင်းစာ၏ မေးမြန်းမှုအပေါ် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြန်လည်ဖြေကြားခဲ့သည်။

လက်ရှိ ဖြစ်ပွားနေသော ရခိုင်ဖြစ်စဉ်သည် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအေပါ်တွင်သာမက တိုင်းရင်းသားများ လိုလား သော ဖယ်ဒရယ် ပြုပြင်ပြောင်းလဲမှုနှင့် နိုင်ငံရေး အရွေ့အပြောင်းအားလုံးအပေါ်တွင် ထိခိုက်လာနိုင်သည့် အခြေအနေမျိုး ဖြစ်နိုင်သည်ဟု ၎င်းကမှတ်ချက်ပြုသည်။ ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံးအဖြေရှာပြီး AA အဖွဲ့ကို ဆွေး နွေးပွဲ စားပွဲဝိုင်းထဲသို့ ရောက်လာစေရေးအတွက် ငြိမ်းချမ်းသည့် နည်းအရ ကြိုးပမ်းဖြေရှင်းနိုင်ရန် အရေးကြီးလာသည့် သဘောဖြစ်သည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

“ရံဖန်ရံခါ ဒီလိုအပြုအမူမျိုး လုပ်တဲ့အဖွဲ့အစည်းတွေက ဘာလိုချင်လဲဆိုတော့ အသိအမှတ်ပြုမှုလိုချင်တယ်။ အသိအမှတ် ပြုမှု ရရှိဖို့အတွက်၊ အရေးပါတယ်လို့ ထိထိရောက်ရောက်ပြဖို့အတွက် တစ်ခါတလေ ဒီလိုအပြုအမူမျိုး တွေဖြစ်တတ် တယ်။ အဲဒါကို လိုအပ်သလိုပေါ့။ အတိုင်းအတာ တစ်ခုအထိ အသိအမှတ်ပြုပြီးတော့၊ နေရာပေးပြီးတော့ ဆွေးနွေး ဖိတ် ခေါ်ခြင်းအားဖြင့် ဂုဏ်သိက္ခာရှိရှိနဲ့ ဆွေးနွေးဝိုင်းကို ရောက်လာနိုင်တယ်လို့တော့ ကျွန် တော်မြင်တယ်။” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

နိုင်ငံအတွင်း လက်ရှိဖြစ် ပွားနေသော အကြမ်းဖက် ပဋိပက္ခ ဖြစ်စဉ်များသည် နိုင်ငံရေး ပြဿနာများအဖြစ် အားလုံးက ခံယူ ထားသော်လည်း နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ လက်နက် အင်အားဖြင့် ဖြေရှင်းနေခြင်းများကိုသာ တွေ့နေရသဖြင့် ဝမ်းနည်းဖွယ်ဖြစ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာ ကဆိုသည်။ ယေဘုယျအားဖြင့် နိုင်ငံရေးပြဿနာကို စစ်အင်အားဖြင့် ဖြေရှင်းရန် မကြိုးစားဘဲ၊ နိုင်ငံရေးဆွေးနွေးပွဲ စကားဝိုင်းများ စဉ်ဆက်မပြတ် ခင်းကျင်းသည့်နည်းဖြင့် အဖြေရှာသင့်သည်။ NCA စာချုပ်တွင် “အားလုံးပါဝင် လက်မှတ်ရေးထိုးရေးမူ” ကို လက်မခံခဲ့သည့် အမှားကြောင့် NCA လုပ်ငန်းစဉ် အချိန် မကြာသင့်ဘဲ ကြာခဲ့ရသည့်ဖြစ်စဉ်ကို သင်္ခန်းစာယူရန်လိုသည်။ အရေးအကြီးဆုံးကိစ္စမှာ တပ်မတော်သည် အစိုးရ၏ နိုင်ငံရေးဦးဆောင်မှုကို ခံယူ၍ စတုတ္ထပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အောင်မြင်စွာ ကျင်းနိုင်ရေး အားပေး ကူညီဖို့လိုသည်။ ထို့ကြောင့် အချင်းချင်းအကြား ပျောက်ဆုံးနေသော ယုံကြည်မှုကို ပြန်ရှာရန် Stakeholder အချင်းချင်း အသေအချာ ကျေညက်အောင် ဆွေးနွေးညှိနှိုင်းရန် အလွန် အရေးကြီးပေသည်။

ေအာက္တိုဘာ  ၂၈ ရက်က ပြုလုပ်ခဲ့သော (NCA) ၄-နှစ်မြောက် အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြည်ထောင်စု၏ အနာဂတ်ကို လက်ရှိ စစ်ရေးပဋိပက္ခများက ခြိမ်းခြောက်နေခြင်းသည် အကြီး မားဆုံး ဆုံးရှုံးမှုဖြစ်သည်ဟု ပြောကြားခဲ့သည်။ ပြည်တွင်းစစ် ပဋိပက္ခများအတွင်း ဆင်းရဲဒုက္ခအများဆုံး တွေ့ကြုံ ခံစားနေ ရသူများသည် တိုင်းရင်းသားမျိုးနွယ်စုများြဖစ်၍၊ စစ်ရေး ပဋိပက္ခများကြောင့် နေအိမ်၊ စည်းစိမ်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဒေါ်လာဘီလီယံနှင့်ချီ ပျက်စီးဆုံးရှုံးခဲ့ရပြီး တန်ဖိုးမဖြတ်နိုင်သည့် လူ့အသက်ပေါင်းများစွာ သေကြေပျက်စီးခဲ့ ရသည်ဟု ဒေါ်အောင်ဆန်းစုကြည် ကဆိုသည်။

“အကြီးမားဆုံးသော ဆုံးရှုံးမှုကတော့ ပြည်ထောင်စုရဲ့ အနာဂတ်ကို တိုက်ပွဲတွေက ခြိမ်းခြောက်သလိုဖြစ်ခြင်းပါပဲ။ ဒါ ကြောင့် လူနည်းစုတိုင်းရင်းသားတွေရဲ့ ခံစားချက်တွေ၊ နာကျင်မှုတွေ၊ ဒဏ်ရာဒဏ်ချက်တွေကို ကျွန်မတို့ရဲ့ နှလုံးသားနဲ့ ခံစားနားလည်ပေးပြီး အားလုံးကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ ရုန်းကန်မှုတွေကို ကျွန်မတို့ သိမြင်သဘောပေါက် ကုစား ပေးနိုင်မှသာ ပဋိပက္ခ ဖြေရှင်းရေးကို ဦးတည်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်တယ်။” ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့သည်။

တနည်းအားဖြင့် တနိုုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (NCA) လုပ်ငန်းစဉ်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရန် ပျောက်ဆုံးနေသော အပြန်အလှန် ယုံကြည်မှုကို ရိုးရိုးသားသားပြန်လည် ထူထောင်သင့်သည်။ အပြန်အလှန်ယုံကြည်မှုကို အခြေခံမှသာ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းစပေါ်မည်။ အမျိုးသားရင်ကြားစေ့ရေး ဖြစ်ပေါ်စေရန် နိုင်ငံရေးဆွေးနွေးပွဲများ (Political Dialogue) စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး အမြောအမြင်ရှိရှိ ဖေါ်ဆောင် ပေးဖို့လိုသည်။ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်စဉ် အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက သံသယ ရှင်းမှသာ အပြန် အလှန်ယုံကြည်မှု တိုးတက်လာပေမည်။ ထို့ကြောင့် နိုင်ငံရေးဆွေးနွေးပွဲများ ဖေါ်ဆောင်ရာ၌ ကြိုတင် စည်းကမ်းကန့်သတ်ချက်များ နည်းနိုင်သမျှ နည်းလေ ကောင်းလေဟု မြင်သည်။ ကြိုတင်စည်းမျဉ်းကန့်သတ်ချက်များဖြင့် ထိန်းချုပ်လွန်းပါက အပြန်အလှန် ယုံကြည်မှုရရှိရန် ခက်ခဲမည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတြက် အဟန့်အတား ဖြစ်စေမည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ခိုင်မာမှသာ လက်ရှိ ကြုံတွေ့နေရသော ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေသည့် အခြေအနေ (Deadlock) ကို ကျော်လွှားနိုင်ပေလိမ့်မည်။

AA၊ TNLA နှင့် MNDAA မဟာမိတ် ၃ ဖွဲ့က ၂၀၁၉ သြဂုတ် ၁၂ ရက် နေ့စွဲဖြင့် “မြန်မာပြည်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ် တို့တွင် တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်နေမှုများ” အမြန်ဆုံး ရပ်တန့်ပေးရန် ကြေညာချက်ထုတ်ပြန်ခဲ့ဖူးသည်။ ရက္ခိုင့်တပ်တော် AA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နှင့် MNDAA သုံးဖွဲ့က မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် အစိုးရတပ်မတော်က ထိုးစစ်ဆင်မှုများ ပြုလုပ်နေ သောကြောင့် ငြိမ်းချမ်းရေးလုပ်ရာ၌ ယုံကြည်မှု ပျက်ပြားနေသည်ဟု ဆိုသည်။ ထို့ကြောင့် တွေ့ဆုံဆွေးနွေးနိုင်ရန် ထိုးစစ်များအမြန်ရပ်ရေး တောင်းဆိုရခြင်း ဖြစ်သည် ဟု AA အဖွဲ့က ဆိုထားသည်။

ထို့ကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အစိုးရခေါင်းဆောင်များနှင့် တပ်မတော်ခေါင်းဆောင်များအနေဖြင့် အမြော်အမြင်ရှိဖို့လိုသည်။ EAOs အားလုံး တစ်ဖွဲ့မကျန် ၂၀၂၀ တွင် ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွင် ပါဝင်လာစေရန် အမျိုးသား ပြန်လည်သင့်မြတ်ရေး မူဝါဒကို စေ့စေ့စပ်စပ် တင်ကြို ခင်းကျင်းရန် ပြင်ဆင်သင့်သည်။ AA၊ TNLA၊ MNDAA၊ KIA တို့  အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အားလုံး အကြုံးဝင်သည့် တစ်နိုင်ငံလုံး ယာယီ အပစ်ရပ်ရေးကို ထပ်မံ ကြေငြာရန်  စဉ်းစားသင့်သည်။ ထူးသဖြင့် ရခိုင်ပြည်နယ်တွင် ကျယ်ပြန့်လာနေသော တိုက်ပွဲ အရှိန်ကို အချိန်မဆွဲဘဲ အမြန်ရပ်ပစ်နိုင်ရန် နည်းလမ်းရှာရမည်။ တိုက်ပွဲအစား နိုင်ငံရေး ဆွေးနွေးပွဲဆိသို့ လမ်းကြောင်း ပြောင်းနိုင်ရေးကိစ္စသည် ယနေ့ယခုအချိန်တွင် သေရေးရှင်ရေးတမျှ အရေးကြီး့နေပြီဟု သုံးသပ်မိပေသည်။။။

၂၀၁၉ နိုဝင်ဘာ ၂၃ ရက်၊ စ နေ နေ့ထုတ် သူရိယ နေဝန်း ဂျာနယ် ၌ ဖေါ်ပြသည့် ဆောင်းပါး။