Breaking News

ဝဇီရာဒီဖိုး - ဖားကန့်


ဖားကန့်

ဝဇီရာဒီဖိုး
(မိုးမခ) နို၀င်ဘာ ၁၃ ၂၀၁၉


တောင်တန်းကြီးမဟုတ်တော့ဘူး
ချိုင့်ဝှမ်းကြီးပေါ့။

ပုရွက်ဆိတ်အုံကြီးလို
ပြိုဆင်း၊ ပြိုတက် 
ဘဝဟာ အရင်းအနှီးကြီးတယ်။

အကြီးကြီးတွေသယ်သွားတာကလူနည်းစု
အသေးအဖွဲလေးတွေနဲ့ ဘဝပျက်ရတာက လူနည်းစု 
ပူမှုတွေ ကြွယ်ရတယ်။

ရေမဆေးကျောက်လား
အသက်နဲ့ ရင်းရတဲ့ထမင်း
ဆန်မဆေးရခင်မှာပဲ သေနေရ ြပီ။         ။

15:34
 22-9-2019