Breaking News

ကိုအောင်မှိုင်း - အလံအကြောင်း



ကိုအောင်မှိုင်း - အလံအကြောင်း
(မိုုုုုုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၁၉

တချိူ့
အလံတွေသာလဲသွားတယ်
လူတွေက လဲမသွားကြ။

တချိူ့
အလံမလဲခင်ကတဲက
ဖုတ်ဖက်ခါပြီး လူတွေလဲသွားကြ။

တချိူ့
အလံလဲ လဲ
လူလဲ လဲပါဘဲ
မြန်လိုက်ကြတာနော် ချက်ခြင်း။

တချိူ့
တယောက်ပြီးတယောက်
လဲသာသွားကြတယ်
အလံက မြင့်မြင့်မားမား
မိုးကောင်းကင်ထိလွင့်နေဆဲ။

အလံဆိုတာ
ချစ်ခြင်းမဟုတ်
မုန်းခြင်းလဲမဟုတ်။

ကိုယ်ကျိူးစွန့် အနစ်နာခံခြင်းနဲ့
ပန်းတွေကိုပွင့်စေခြင်းဘဲ။

အလံဆိုတာ
မီးတောင်တွေကို ငြိမ်းစေနိုင်သလို
မုန်တိုင်းဆိုးတွေကိုလဲ ရိုက်ချိူးပစ်နိုင်တယ်။
သစ္စာတရားဖြစ်တယ်
ရဲရင့်ခြင်းရဲ့ရင်ခုန်သံဖြစ်တယ်။

အလံဆိုတာ
သမ္မုတိသစ္စာဖြစ်တယ်
ပရမတ္တသစ္စာလဲဖြစ်တယ်။
ကမ္ဘာကြီးကို ပြောင်းလဲတာဖြစ်သလို
ကိုယ့်ကိုကိုယ် ပြောင်းလဲတာဖြစ်တယ်။

အလံဆိုတာ
လူလိမ်တွေအတွက် ကြိမ်စာဖြစ်သလို
ကိုယ်ကျိူးရှာသမားတွေအတွက် တုံးမောင်းခေါက်သံဖြစ်တယ်။
လူထုအတွက်တော့ ချိူမြိန်တဲ့တေးသံဘဲ။
ပန်းတွေလိပ်ပြာတွေအတွက် အနာဂတ်မျိူးစေ့ဘဲ။

ငါသေရင်
ငါချစ်တဲ့အလံကို
ငါ့ခေါင်းတလားပေါ်ဖုံးအုပ်လိုက်ပါ
လောကကြီးအတွက် ပေးဆပ်မှုတွေကြားထဲက
ငါ့ရဲ့အကြီးမားဆုံး
လောကကြီးထံက ရယူလိုမှုပါဘဲ။

နိုဝင်ဘာလ ၁၁ ရက် ၂၀၁၉ခုနှစ်။