Breaking News

ကိုသန်းလွင် - ပြည်သူတို့၏အသံ


ကိုသန်းလွင် - ပြည်သူတို့၏အသံ

(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၁၉

(၁)

ပြည်သူပြည်သားများပါဝင်သော ဒီမိုကရေစီသည်သာ ခြစားခြင်းနှင့် အာဏာကို လူတစ်စုက အလွဲသုံးစားလုပ် ခြင်းမှကာ ကွယ်ရန်အကောင်းဆုံးဖြစ်သည်။ ရှေးအခါက နိုင်ငံရေးဆိုသည်မှာ “မိမိတို့၏ အနာဂါတ်ဘဝကိုမိမိ တိ့သာပိုင်ဆိုင်ကြသည်” ဟူသောယုံကြည်ချက်မှပေါက်ဖွားလာခဲ့ပါသည်။ ဒီမိုကရေစီဆိုသည်မှာလည်း တိုင်းသူ ပြည်သားများ၏ ပြောပိုင်၊ ဆိုပိုင်ခွင့်ရရှိစေရန် အဆင့်ဆင့်တိုးတက်ပြောင်းလဲခဲ့ရပါသည်။

ယနေ့ ကျွန်တော်တို့မှာ ကြီးမားသောပြဿနာကြီးနှင့် ရင်ဆိုင်နေရပါသည်။ လူ့ယဉ်ကျေးမှုသည် မကြုံဘူး လောက်အောင် စည်းစိမ် ဥစ္စာတို့ကို ဖန်တီးခဲ့ပြီး စက်မှုဆိုင်ရာ အသိပညာတို့နှင့် ကမ္ဘာကြီးကို ပိုမိုကောင်းမွန် စေရန် ရည်ရွယ်လျက် ဆောင်ရွက်ခဲ့ကြပါသော်လည်း လူအများအပြားမှာ ဘာမှလုပ်ပိုင်ခွင့်၊ ပြောဆိုပိုင်ခွင့်မရ ဘဲ ဘဝလုံခြုံမှုကိုပင် မရကြဘဲရှိနေပါသည်။ ကျွန်တော်တို့သိသော ကမ္ဘာကြီးကို ကျွန်တော်တို့ကိုယ်တိုင် ပြုပြင် ဖန်တီးရန် အတွက် အတူတကွ အလုပ်လုပ်ကြရပါသည်။ သို့ပါသော်လည်း ဤသို့လုပ်နိုင်ရန်အတွက်စွမ်းအား မှာ လူအနည်းငယ်တို့၏ လက်တွင်းမှာသာရှိနေကြပါသည်။

(၂)

ချမ်းသာသောနိုင်ငံများတွင်ဤသို့ယနေ့မြင်ရသော ဝိုင်းပယ်ခံရခြင်းများသည် အစိုးရနှင့်အုပ်ချုပ်သူများကို စီးပွား ရေးလုပ်ငန်းများနှင့်မဆိုင်ဘဲ သပ်သပ်ခွဲထားလိုသော ဂလိုဘယ်လိုက်ဇေးရှင်းကြောင့်ဖြစ်ပါသည်။ ဘဏ္ဍာရေး နှင့်ဆိုင်သော ကုမ္ပဏီ၊ ဆေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် စက်မှုဆိုင်ရာကုမ္ပဏီများသည် ဗဟို အစိုးရ၏ ညွှန်ကြားမှု အောက်တွင် ရှိမနေတော့ဘဲ သူတို့သည် သူတို့အတွက်သင့်လျော်သော ဥပဒေစည်းကမ်း များကို ချမှတ်ပြီး ထိုဥပဒေများလက်အောက်တွင်သာ ရှိနေကြပါသည်။

ဤအလေ့အကျင့်၏အောက်တွင်ကြီးမားသောဆင်းရဲ၊ ချမ်းသာကွာခြားမှုက ဖြစ်လာရပါသည်။ မီဒီယာ ကုမ္ပဏီ များနှင့် နိုင်ငံရေးသမားများတွင် ပိုက်ဆံများသည် စုပြုံနေကြပြီးတစ်ဦးနှင့်တစ်ဦး လော်ဘီ (Lobby) လုပ်ခါ ချမ်း သာချင်တိုင်း ချမ်းသာနေကြပါတော့သည်။ နိုင်ငံအများအပြားတွင် ဒီမိုကရေစီဆိုင်ရာ အင်စတီကျူးရှင်း များမှာ လည်း ၄င်းတို့၏သြဇာအောက်တွင် သိမ်းသွင်းခံကြရပြီး လူအများ၏ စာရိတ္တများပျက်စီးရပါတော့သည်။

ရှေးဂရိတို့၏ ဒီမိုကရေစီအစဉ်အလာဖြစ်သော “ဥပဒေရှေ့တွင်လူအားလုံးသည်အတူတူ(Isonomia) ပင်ဖြစ် သည်” ဤအယူအဆကို နိုင်ငံတကာနှင့် ကုန်သွယ်နေကြသော ကုမ္ပဏီကြီးများက မသိကျိုးကျွန် ဖေါက်ဖျက် နေကြပါသည်။

သို့မဟုတ် ဤကွဲပြားသော ကတိစကားများကိုမယုံကြည်ဘဲ၊ ဒီမိုကရေစီဆိုင်ရာအဆောက်အဦးကို ခိုင်ခိုင်မာမာ တည်ဆောက်ထားနိုင်ကြပါသည်။ လူအများကိုလုပ်ပိုင်ခွင့်များရရှိရန် နေရာအနှံ့အရင်းရှင်စနစ်ကိုယဉ်ပါးအောင် ပြုလုပ်ကြရပါမည်။ မညီမျှမှုများကို ပပျောက်စေပြီး တစ်ကမ္ဘာလုံး ဖြန့်ကျက် တည်ရှိနေသည့်စက်မှု အဆောက် အဦးကို ခိုင်ခန့်အောင် တည်ဆောက်ကြရပါမည်။

ထိုအချက်များကို အကောင်အထည်ပေါ်စေရန်အတွက် ပြည်သူတို့တွင် အစိုးရကိုဆက်သွယ်နိုင်ရန်နည်းလမ်း များ ရှိရပါမည်။

ထိုနည်းလမ်းကိုပြည်သူပြည်သားအားလုံး ပြုပြီး တိုင်းပြည်၏အုပ်ချုပ်ရေး၊ တရားရေးနှင့် ဥပဒေရေးရာ အာဏာ ပိုင်များနှင့် အတူထိုင်ကာ တိုင်းပြည်အရေးကို ဆွေးနွေးနိုင်ကြရန်ဖြစ်ပါသည်။ ဥပဒေများနှင့် ဆုံးဖြတ် ချက်များ အားလုံးသည် ပထမ အီလက်ထရောနစ် နည်းဖြင့်ဖြန့်ဝေပြီး စဉ်းစားဆုံးဖြတ်ကြရန် ဖြစ်ပါသည်။ ထို့ နောက်မှ တိုင်းပြည်၏ စီတီဟော၊ ပါလီမန်နှင့် ကွန်ဂရက်တို့တွင် ဆွေးနွေးဆုံးဖြတ်ကြရန်ဖြစ်ပါသည်။

ရှေး ရောမသားတို့သည် လုပ်စရာကိစ္စပေါ်တိုင်း (Agora) ခေါ်သည့် အေသင်ဈေးတွင် စုဝေးကြပါသည်။ အများ တကာ ပါဝင်ဆွေးနွေးပြီးဆုံးဖြတ်ချက်များချရပါသည်။ အများကသဘောမတူလျင် ဆုံးဖြတ်ချက်တစ်ခုသည်အ တည်မဖြစ်ပါ။ ယနေ့ ခေတ်တွင် ခေတ်စားနေသည့်စကားဖြင့်ပြောရလျှင် ဝီကီလော (Wiki- Law) ဟုခေါ်ရပါ လိမ့်မည်။ ဥပဒေ များကိုဆိုင်ရာတို့က မဲပေးဆုံးဖြတ်ခြင်းမပြုမှီ ဝီကီလောတွင်အရင်ဆုံးဖြတ်ရပါမည်။ တစ်တိုင်း ပြည်လုံး အင်အားနှင့် ပေါင်းစပ်၍အရာရာဒေါင့်စေ့အောင် စဉ်းစားသောအခါတန်းဖိုးမဖြတ်နိိုင်သောတုန့်ပြန်ချက် ကို ရပါသည်။

ဖေ့စ်ဘွတ်အစရှိသော ဆိုရှယ်မီဒီယာများအလုပ်လုပ်ပုံမှ အတုယူ၍အေအိုင် (AI) ကိုအသုံးပြုကာအလားတူ ပလက်ဖေါင်းမျိုးကို တီထွင်နိုင်ကြပါသည်။ ဤပလက်ဖောင်း၌ ဆွေးနွေးကြရာတွင် အမည်အတုကို မသုံးရပါ။ အမည်အစစ်ဖြင့် ပေါ်ပေါ်ထင်ထင် ဆွေးနွေးကြရပါသည်။

အကြောင်းအရာတစ်ခုနှင့်ပတ်သက်၍ ပရော်ဖက်ရှင်နယ်များ၊ ကျွမ်းကျင်သူများ အားလုံးပါဝင်ကြရန် ဖြစ်ပါ၏။ တယ်လီဗေးရှင်း၊ သတင်းစာ၊ ရေဒီယို၊ Pod Cast စသည်တို့မှလည်း အဓိပ္ပါယ်ကို ပေါ်လွင်အောင် ဆွေးနွေး နိုင်ကြပါသည်။ ဤဆွေးနွေးပွဲများတွင် ကျောင်းသားများပါ ပါဝင်နိုင်ရန် စီစဉ်ပေးနိုင်ပါသည်။

ဤသဘောတရားကို အခြေခံကာ အိုင်ယာလန်နိုင်ငံတွင်၂၀၁၆ မှ ၂၀၁၈ အထိ စမ်းသပ်ကြည့်ခဲ့ကြပါသည်။ ဆုံးဖြတ်ရန်ခက်ခဲသော ဥပမာ “ကိုယ်ဝန်ဖျက်ချခြင်း” ကဲ့သို့သော ကိစ္စများကို စမ်းသပ်ခဲ့ကြပါသည်။

ယနေ့တခြားအရေးကြီးသော ရာသီဥတုပြောင်းလဲခြင်း အစရှိသော ကိစ္စမျိုးကို ဤနည်းဖြင့် စမ်းသပ်ကြည့်နိုင် ကြပါသည်။ တစ်ကမ္ဘာလုံးပူနွေးလာမှုသည် ယနေ့အခါ လူတိုင်းနှင့်သက်ဆိုင်သော ပြဿနာကြီး တစ်ရပ်ဖြစ်နေ ပါပြီ။နယ်စပ်မျဉ်းများဖြင့် နိုင်ငံများကို ပိုင်းခြားရန်မလိုတော့ဘဲ လူသားတစ်ရပ်လုံး အနေဖြင့် တွေ့နေရသည့် ပြဿနာကြီးဖြစ်ပါသည်။

ယနေ့ ကျောင်းများကပြည်သူများပါဝင်သည့်အချီအချ ဆွေးနွေးခြင်း၊ လူလူချင်းကိုယ်ချင်းစာတရားထားတတ် ခြင်းတို့ကို သင်ကြားပေးရန်ဖြစ်ပါသည်။ လူမျိုးရေး၊ အသားအရောင်ခွဲခြားမှု၊ လူမှုရေး အဆင့်အတန်း ခွဲခြားမှု တို့မှ ကင်းစင်သော လောကသစ်ဆီသို့ အရောက်ချီ တက်ရမည်ဖြစ်သည်။

(၃)

ပြည်သူတစ်ယောက်ထံမှ စကားသံများကို တိုက်ရိုက်နိုင်ငံအုပ်ချုပ်သူများထံရောက်အောင်ဆောင်ရွက်ထားခြင်း မှာ အလွန်အခြေခံကျပြီး အကျိုးသက်ရောက်မှုရှိသည့် တီထွင်မှုတစ်ရပ်ဖြစ်ပါသည်။ ဆူညံသံများပါဝင်လာမှာ စိုးရိမ်ပြီး ဝင်ပေါက်တံခါးကို ပိတ်ထားလျင်ဘာသံမှကြားရတော့မည်မဟုတ်ပါ။ အရေးကြီးသည်မှာ ပြည်သူ့အသံ ကိုကြားနိုင်ဘို့ဆိုလျင် ဆူညံသံ အနည်းအကျဉ်းကို သည်းခံကြရပါလိမ့်မည်။

ကိုသန်းလွင်

Ref: We need a fourth Branch of Government by George Papandreou. New York Times October 10 2019