Breaking News

စိုးရိမ် - အကွက်များ

KT#
အကွက်များ
စိုးရိမ်
(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၁၉

ကမ္ဘာပေါ်က ဘုရားတွေအားလုံး
အရေးပေါ် အစည်းအဝေးထိုင်ကြတယ်
အရိုင်းတို့ရွာ ပြည်မြန်မာက
ဝါးရင်းတုတ်ကိစ္စမှာ
သူတို့မပါဝင်ကြောင်း ကြေညာဖို့ ….

ပြတ်ပြတ်သားသားချေမှုန်းသင့်ကြောင်း
အစိမ်းတွေကိုအော်ပြီး
ဒီမိုကရေစီနို့သက် နုနေသေးလို့ပါလို့
အနီတွေက ဖာမယ်
၂၀၂၀ နားလည်မှုသဘင် 
ဆက်ကကြမယ်…

ပြည်သူတွေရဲ့ဉာဏ်ပညာနုံနဲ့မှုသာ
အပြစ်ရှိကြောင်း ခေါင်းလောင်းထိုးကြမယ် ….။