Breaking News

တိုးနှောင်မိုး - မေ့ခြင်းမမေ့ခြင်း


မေ့ခြင်းမမေ့ခြင်း
တိုးနှောင်မိုး
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၉

ပန်းတစ်ပွင့်ကို
လက်နဲ့ချေတာလောက်လွယ်တာ
ရှိဦးမလား။

စီတန်းလာတဲ့လူထုနဲ့သံဃာတော်တွေကို
သေနတ်နဲ့ပစ် တုတ်နဲ့ရိုက်တာလောက်လွယ်တာ
ရှိဦးမလား။

သံဆူးကြိုးကို
ဒေါင်းအလံနဲ့တွန်းလှဲဖွင့်တာမြင်ဘူးလား။

သေနတ်ရှေ့ကို
ဘက်နက်နဲ့ထိလုနီးပါးရင်ကော့သူကိုမြင်ဘူးလား
အမိန့်တွေသေသွားတယ်။

ဗိုက်ကြီးသည်ကိုယ်ဝန်အောင့်ထားတဲနိုင်ငံ
မေ့ခြင်းနဲ့
မမေ့ခြင်းတွေ
ဘာတွေမွေးမလဲ။ ။

5.11.2019