Breaking News

အာဏာရှင်တို့ စနစ်တကျနှိပ်စက်ညှဉ်းပန်းမှုများကို အသုံးပြုပုံနှင့် နိုင်ငံရေး အကျဉ်းသားများ၏ အတွေ့အကြုံများ အစီရင်ခံစာ မိတ်ဆက်ပွဲ


 အာဏာရှင်တို့ စနစ်တကျနှိပ်စက်ညှဉ်းပန်းမှုများကို အသုံးပြုပုံနှင့် နိုင်ငံရေး အကျဉ်းသားများ၏ အတွေ့အကြုံများ အစီရင်ခံစာ မိတ်ဆက်ပွဲ 
ရန်နောင်(ဗိုလ်တထောင်)။ မိုးမခ၊ နိုဝင်ဘာ ၁၉၊ ၂၀၁၉

ချက်ကိုစလိုဗက်ကီးယား /ချက် သမ္မတ နိုင်ငံ ၏ နှစ် ၃၀ မြောက် ကတ္တီပါတော်လှန်ရေး နှင့် ၎င်းတို့၏ ၁၉၈၉ နိုဝင်ဘာ ဖြစ်ရပ်များ အထိမ်းအမှတ် အဖြစ် Memory of Myanmar တွဲဖက်လုပ်ငန်းအစီအစဉ်နှင့် မြန်မာပြည် အာဏာရှင်တို့လက်ထက် စနစ်တကျ နှိပ်စက်ညှဉ်းပန်းမှုများကို အသုံးပြုပုံနှင့် နိုင်ငံရေး အကျဉ်းသားများ၏ အတွေ့အကြုံများ အစီရင်ခံစာ မိတ်ဆက်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၇ ရက် နေ့လယ် ၂ နာရီက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းအလယ်လမ်းရှိ Kafe in Town တွင် ကျင်းပ ပြုလုပ်ခဲ့သည်။ 


ရှေးဦးစွာ မြန်မာနိုင်ငံ ဆိုင်ရာ ချက်သံအမတ်ကြီး H.E Ms.Hana Mottlova မှ အဖွင့်အမှာစကား ပြောကြားပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ အတွင်းရေးမှူး ဦးတိတ်နိုင်က Memory of Myanmar တွဲဖက်လုပ်ငန်းစဉ် လုပ်ဆောင်ရခြင်းနှင့် အစီရင်ခံစာ ထုတ်ပြန်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ 


Burma Center Prague ၏ ဒါရိုက်တာဒေါ်စပယ်စိုးမှ Memory of Nations လုပ်ငန်းစဉ်နှင့် Memory of Myanmar တွဲဖက်လုပ်ငန်းစဉ် အကြောင်းအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။ အစီရင်ခံစာ ပါ အကြောင်းအရာများနှင့် ပတ်သက်၍ နိုင်ကျဉ်း ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့်သုတေသနတာဝန်ခံ ကိုဇော်မိုး မှ ရှင်းလင်း တင်ပြခဲ့သည်။ Memory of Myanmar မှတ်တမ်းရုပ်ရှင်အား မိတ်ဆက်ပြသခဲ့ပြီး နှိပ်စက်ညှဉ်းပန်းမှုများကို ခံစားခဲ့ရသူ တစ်ဦးမှ အမှတ်တရစကား ပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။