Breaking News

ကိုသန်းလွင် - ဗြိတိသျှပါလီမန်မှ စပီကာ


ကိုသန်းလွင် - ဗြိတိသျှပါလီမန်မှ စပီကာ

(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၉

(၁)

ဗြိတိသျှပါလီမန်တွင် စကားပြောရန်ဖြစ်စေ၊ ဥပဒေတစ်ခုကိုတင်ရန်၊ အဆိုတစ်ခုကိုကန့်ကွက်ရန်ဖြစ်စေ တစ်ခုခု လုပ်လိုလျှင်(Speaker of the House of Commons)၏သဘောတူညီချက်ကိုယူရပါသည်။ သူကသဘောမတူလျင် ဝန်ကြီးချုပ်သည်လည်းဘာမှမတတ်နိုင်ပါ။ အစည်းအဝေးတစ်ခုလုံးကိုအုပ်ချုပ်သူသဘာပတိမှာလွှတ်တော် ၏ စပီကာ သာဖြစ်ပါသည်။

အောက်တိုဘာလ ၄ရက်နေ့က စပီကာအဟောင်းမှ အနားယူသွားသဖြင့် စပီကာအသစ်ကို တင်မြှောက်လိုက် ကြပါသည်။ လင်ဆီဟွိုင်း (Sir Lindsay Hoyle) သည် အတိုက်အခံပါတီ လေဘာပါတီမှ အမတ်ဖြစ်ပြီး သူ့ကို အနည်းဆုံးအမတ် ၁၂ ယောက် က အဆိုပြုရပါသည်။ အနည်းဆုံး ၃ဦးမှာ တခြားပါတီမှ ဖြစ်ရပါမည်။

စပီကာသည် ပါလီမန် ဒီဘိတ်များ (Debate) တွင် တာဝန်အရှိဆုံးလူဖြစ်ပြီး လွှတ်တော်ဥပဒေများကို စည်းကမ်း နည်းလမ်း များကိုဆန့်ကျင်၍ အပြစ်လုပ်သူများကို အပြစ်ပေးရန်၊ ဒီဘိတ်များအတွင်း စည်းကမ်းထိန်းသိမ်းမှု အပိုင်းတွင် တာဝန်ယူရပါသည်။ သူသည် ပါတီစွဲမရှိရဘဲ ပါတီအလိုက် အယူဝါဒများမှကင်းလွှတ်ရပါမည်။ ထုံးစံမှာ စိတ်မပါသူကို ဆွဲတင်ကြရသည့် အစဉ်အလာအတိုင်း ၄ ရက်နေ့က မစ္စတာဟွိုင်းကို လွှတ်တော်အမတ် နှစ်ဦးက ရှေ့မှ၊ နောက်မှ ဆွဲခါ သူ့ကုလားထိုင်ရှိရာကို ဆွဲခေါ်လာခဲ့ကြပုံကို တယ်လီဗီးရှင်း ပရိတ်သတ်က မြင် တွေ့ကြရပါသည်။

(၂)

လွှတ်တော်စပီကာအဟောင်း ဂျွန်ဘာကိုး (John Bercow) မှာ ဗြိတိန်နိုင်ငံကို ဥရောပကောင်စီမှ ခွဲထွက်ရန် (Brexist) ကိစ္စကြောင့် နာမည်ပိုကြီးလာပြီး သူ၏အလုပ် ကို လူအများက ဂရုပြုမိကြရပါသည်။ မကြာခဏ ပွဲဆူ ပြီး သူပြောငါပြော ပါလီမန်အတွင်း တစ်ယောက်တစ်ခွန်း ပြောသံများကြောင့် ဝန်ကြီးချုပ် စကားပြောနေ သော အခါမှာဖြစ်စေ၊ အတိုက်အခံတို့စကားပြောသောအခါမှာ ဖြစ်စ “order, order”ဟူ၍ အော်သံကို မကြာခဏ ကြားခဲ့ရပါသည်။

ထိုသို့အော်ရချိန်မှာ များပြားလွန်းသဖြင့် တစ်စုံတစ်ယောက်ကမှတ်တမ်းတင်ခဲ့ရာအကြိမ်ပေါင်း ၁၄,ဝ၀ဝ ကျော် ရှိသည်ဟုလည်းသိရပါသည်။ တခါတရံ “good boy”ဟူ၍၄င်း၊ တခါတရံ “young men”ဟူ၍၄င်း ဆူဆူပူပူလုပ် တတ်သူကို အိမ်မှာအမြင်မတော်တာတွေလုပ်သူကို ဖခင်တစ်ယောက်က ခေါ်၍ တားဖြစ်သလိုမျိုး တားမြစ်လေ့ ရှိပါသည်။

ဥရောပကောင်စီမှ ထွက်ခွါခါနီး ပါလီမန်အတွင်း ဆွေးနွေးပွဲများ အကြိတ်အနယ်ဖြစ်လာချိန်တွင် မစ္စတာဘာကိုး မှာ ရုပ်ရှင်မင်းသားတွေလို (Celebrity) အဖြစ် ဗြိတိန်နိုင်ငံ၏ နိုင်ငံရေးဇာတ်ခုံပေါ်တွင် ကပြအသုံးတော်ခံခဲ့ ရပါ သည်။ တစ်နေ့ကဆိုလျှင် ဗြိတိသျှ ပါလီမန် (Channel) အနေဖြင့် ကြည့်ရှု့သူ ၁ ဒသမ ၅သန်းကျော်အထိ ပရိတ်သတ်ရှိခဲ့သည်ဟု မှတ်တမ်းရှိခဲ့ပါသည်။

မစ္စတာဘာကိုးသည် လူ့ရှေ့ထွက်၍ဇာတ်ခုံပေါ်တက်ကပြခြင်းကိုခုံမင်သူမဟုတ်ပါ။ သို့ပါသော်လည်း တစ်ဖက် နှင့် တစ်ဖက်အငြင်းအခုန်ဖြစ်ကြရာတွင်ကောင်းသည်၊ ဆိုးသည်ဘက်မလိုက်ရဘဲပါဝင် ဆောင်ရွက်ရပါသည်။

လွှတ်တော် စပီကာများမှာ ဒီဘိတ်များတွင် သဘာပတိလုပ်ရခြင်းမျှသာမကဘဲ ပါလီမန်၏ ဥပဒေနည်းလမ်းများ တွင် အဆုံးအဖြတ်ပေးသူလည်း ဖြစ်ပါသည်။ အစိုးရတွင်အမတ်ဦးရေအသာမရဖြစ်နေချိန် (Majority မရှိချိန်) တွင် စပီကာအပေါ် ၌ ပို၍ကြီးလေးသော တာဝန်များကို ထမ်းဆောင်ရပါသည်။

သူ့ဆုံးဖြတ်ချက်တစ်ခုမှာ ဥရောပကောင်စီမှ သဘောတူညီမှု တစ်စုံတစ်ရာမရဘဲ ထွက်ခွါခြင်းကို ခွင့်မပြုရန်၊ ဥပဒေကို တင်ချိန်တွင်သူက ခွင့်ပြုခဲ့ပါသည်။ ထိုသို့ခွင့်ပြုရန်အတွက် တစ်စုံတစ်ရာ ညှိနှိုုင်းသဘောတူညီထား ခြင်းမရှိ ပါ။ တိုင်းပြည်၏ဖွဲ့စည်းပုံ အခြေခံဥပဒေဟူ၍ မရှိဘဲ ဖြစ်နေချိန်တွင် ဤနည်းဥပဒေများကို တတ်နိုင်သမျှ ဆွဲထုတ်ကာ ခွင့်ပြုခဲ့ခြင်း ဖြစ်ပါသည်။ မစ္စတာဘာကိုး၏ ဆုံးဖြတ်ချက်မှာ သမိုင်းတွင်ရစ်မည့် ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါသည်။

ထိုဥပဒေကို ပြဌာန်းရာတွင် ဥပဒေကို (guiding principle)နှင့် ပြောဆိုပိုင်ခွင့် တစ်စုံတစ်ရာ မရှိဘဲ နောက်တန်း မှာရောက်နေသောအမတ်များ(back bencher) များ၏ သဘောထားများကိုပါယူ၍ ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ပါသည်။

“ခင်ဗျားဟာ ရဲရင့်တဲ့လူပါဘဲ”ဟု စကော့ နေရှင်နယ်ပါတီမှ အမတ်တစ်ဦးကပြောသည်။ အစိုးရကို ဆန့်ကျင်၍ ဤ ဥပဒေကို အတည်ဖြစ်အောင် လုပ်ခဲ့ခြင်းမှာ စပီကာတို့သာ လုပ်နိုင်သော အလုပ်တစ်ခုပင်ဖြစ်ပါသည်။

မစ္စတာဘာကိုး သည် ၂၀၁၆ ဆန္ဒခံယူပွဲတွင် ဗြိတိန် ဥရောပကောင်စီမှ မထွက်ခွါရေးကို မဲပေးခဲ့ပါသည်။ အမှန်မှာ ထိုအချက်ကို လူသိရှင်ကြား မကြေညာ ဘဲနေခဲ့ရန်ဖြစ်ပါသည်။ သူ့မိန်းမ၏ကားတွင်လည်း (မထွက်ခွာရေး) စတစ်ကာ ကိုကပ်ထားခဲ့ပါသည်။ ထို့နောက် သမ္မတထရမ့် ဗြိတိသျှအထက်လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ်ပေါင်းကို မိန့်ခွန်းပြောရန် ကိစ္စကိုလည်း ကန့်ကွက်ခဲ့ပါသည်။

ဤနေရာ၌ အမေရိကန်လွှတ်တော်နှင့် ကွာခြားသည်မှာ အမေရိကန်လွှတ်တော်တွင် စပီကာသည် မိမိ တီကို မိမိကိုယ်စားပြုရပါသည်။ ဗြိတိသျှ ပါလီမန်တွင်ဤသို့မဟုတ်ပါ။ စပီကာဖြစ်ပြီဆိုသည်နှင့် မိမိပါတီကို ကိုယ်စား ပြုခြင်းကို ရှောင်ကြဉ်ကြရပါသည်။

အချို့ကလည်း ဥရောပကောင်စီထွက်ခွါရန် ဆန္ဒမရှိသူတစ်ဦးကို စပီကာ စတင်ပြုလုပ်မိသည်မှာ မှားသည် ဟု ယူဆနေသူများလည်းရှိပါသည်။

အနှစ် ၆၀ဝ ကျာ်ပြီဖြစ်သော အင်စတီကျူးရှင်း အဖွဲ့အစည်းတွင်စပီကာ၏အခမ်း ကဏ္ဍအရေးကြီးလှပါသည်။ စပီကာ သုံးဦးမှာ ခေါင်းဖြတ်အသတ်ခံခဲ့ကြရပြီး နှစ်ဦးမှာ တနေ့ထည်းတွင်ဖြစ်သည်။ နောက်တက်လာသည့် ဘုရင်က အမျက်တော်ရှ၍ သေကြရခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ထက် လခပိုရသော စပီကာရာထူးကိုရထားသူများအပေါ်အများမျှော်လင့်ချက်က ကြီးမားလှပါသည်။ နေစရာအိမ်ကို လည်းဘစ်ဘင် (Big Ban) နာရီကြီး၏ အရိပ်အောက်မှာပေးထားသည်။ သူ့တွင် ဧည့်ခံစားရိတ် ဟူ၍ ငွေကြေးကို သုံးစွဲခွင့် ရှိသည်။

သူသည် တက်စီမောင်းသမားတစ်ဦး၏ သားဖြစ်ပြီး ဗြိတိသျှပါလီမန်တွင် ပြင်ပမှလာကာ ဤရာထူးကို ရသွားသူ ဖြစ်သည်။ မစ္စတာဘာကိုး ကို ကွန်ဆာဗေးတစ်ပါတီကိုသစ္စာဖောက်သူတစ်ယောက်အနေဖြင့်မြင်ကြသည်။ သူ သည် အတိုက်အခံပါတီဘက်သို့ ဘက်လိုက်သည်ဟု စွတ်စွဲကြသည်။

သူသည် အရပ်ပုသူ တစ်ဦး ဖြစ်ပြီး ၅ပေ ၆ ဒဿမ ၅ လက်မ ရှိသည်။ သူ့ကို အချို့က ပုသဖြင့် ရယ်စရာအဖြစ် သဘောထားကြသည်။ သူဤရာထူးကို ရရှိစဉ်အခါက လွှတ်တော်အမတ်များသည် မိမိတို့၏ဧည့်ခံစားရိတ်များ ကို အလွဲသုံးစားလုပ်ကြသည်ဟုပြဿနာတတ်နေစဉ်အခါက ဖြစ်သည်။ ယမန်နှစ်က မစ္စတာဘာကိုးကို အချင်း ချင်း (Bully) လုပ်သည်ဆိုကာ ရာထူးမှနှုတ်ထွက်ပေးရန်တောင်းဆိုမှုများရှိခဲ့သည်။ သူကဘယ်သူအပေါ်မှာ မှ နိုင်ထက်စီးနင်းမဆက်ဆံခဲ့ကြောင်း ညင်းဆိုသည်။

မစ္စတာဘာကိုး၏ ရှည်လျားသော ဒီဘိတ်များအကြား နေရာတွင် ထိုင်ပေးနိုင်မှု ကိုမူ ချီးကျူးကြသည်။ သူသည် လိင်တူချင်း ဆက်ဆံမှုကို အားပေးသူဖြစ်သည်။ ပါလီမန်ပြုပြင်ရေးကိစ္စ၊ ပါလီမန်ကို ပိုမို၍ ပွင့်လင်းမြင်သာ ရှိစေ ရန် ဆောင်ရွက်ချက်များအတွက် သတိရနေကြရဦးမည်ဖြစ်သည်။

(၃)

သူ့ကိုဆက်ခံရန် အမတ် ၉ ဦးအမည်တင်သွင်းရာမှ မစ္စတာဟွိုင်း ကို ရွေးချယ်လိုက်ကြခြင်းဖြစ်သည်။ မစ္စတာ ဘာကိုး ၏လက်ထက်တွင် စပီကာ များ၏ အလုပ်လုပ်ပုံ စတိုင်ပြောင်းလဲသွားခဲ့ပါသည်။ သူ၏ပါဝင်ပါတ်သက်မှု ဖြင့်အခြေအနေပြောင်းလဲခဲ့မှုများဖြစ်ခဲ့ရပါသည်။ လူအသစ်၏လက်ထက်တွင် ဘာတွေပြောင်းလဲသီးမည်ကို စောင့်ကြည့်ကြရပါလိမ့်မည်။

Ref: Speaker John Bercow Bows out, by Stephen Castle, New York Times October 31 2019