Breaking News

တိုးနှောင်မိုး - မေ့ခြင်းမမေ့ခြင်း


KT#
မေ့ခြင်းမမေ့ခြင်း

တိုးနှောင်မိုး

(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၁၉

လက်နဲ့ချေတာလောက်လွယ်တာ
ပန်းတစ်ပွင့်ကို
ရှိဦးမလား။

စီတန်းလာတဲ့လူထုနဲ့သံဃာတော်တွေကို

သေနတ်နဲ့ပစ်တုတ်နဲ့ရိုက်တာလောက်

လွယ်တာရှိဦးမလား။
သံဆူးကြိုးကို
ဒေါင်းအလံနဲ့တွန်းလှဲဖွင့်တာမြင်ဖူးလား။
သေနတ်ရှေ့ကိုဘက်နပ်နဲ့ထိလုနီးပါးရင်ကော့သူကိုမြမင်ဘူးလား
အမိန့်တွေသေသွားတယ်။
ဗိုက်ကြီးသည်ကိုယ်ဝန်အောင်ထားတဲနိုင်ငံ
မေ့ခြင်းနဲ့
မမေ့ခြင်းတွေ
ဘာတွေမွေးမလဲ။. ။

5.11.2019