Breaking News

မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်) - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၈)

Stock Photo - Burma / Myanmar: Thakin Ba Thein Tin, chairman of the Communist Party of Burma (CPB) addresses comrades (also seated left: Myo Myint, centre: unknown, right: Pe Tint), (c. 1980)


မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်)  - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၈)

(မိုးမခစာအုပ်စင်ကောက်နုတ်ချက်)  နိုဝင်ဘာ ၈၊ ၂၀၁၉

အပိုင်း (၆) - မူးယစ်ကို ကျော်ဖြတ်ခြင်းနှင့် ဝါးအစည်းပြေပြိုကွဲမှု

တမူထူးခြားတဲ့ ဘိန်းကုန်သွယ်မှုသမိုင်းကြောင်း အပိုင်းတစ်ပိုင်းဖြစ်တဲ့ ၄၀ ခုနှစ် ကာလကနေပြီး ၇၀ ခုနှစ်အစဦးပိုင်းရဲ့ ပထဝီမြေပြင် ရွှေတြိဂံဟာ ဘိန်းကြောင့် အင်မတန်ကြီးကျယ်တဲ့ အပြောင်းအလဲတွေ ပေါ်ထွက်ခဲ့ပါတယ်။ ရှမ်းပြည်နယ်ဒေသဟာလည်းပဲ ယနေ့အချိန်မှာ ကမ္ဘာ့အာရုံစူးစိုက်မှုအခံရဆုံး ဘိန်းထွက်ရှိတဲ့ နယ်မြေဒေသကြီးဖြစ်နေပါပြီ။ ရွှေတြိဂံ ဘိန်းစီးပွားရေးအဝန်း အဝိုင်းကလည်းပဲ အဲဒီအတွက်ကြောင့် ပိုပြီး ကြီးထွားပြီးရင်း ကြီးထွားလာပါ တယ်။ တစ်ချိန်တည်းမှာပဲ ၄င်းအချက်တစ်ချက်ကနေပြီး ရှေးရိုးဓလေ့ထုံးတမ်း စဉ်လာ မူးယစ်ဆေးဝါးကုန်သွယ်မှုနဲ့ မူးယစ်ဆေးဝါး စီးဆင်းမှုလမ်းကြောင်း ပိုမြွိုကယ်ဝတဲ့ အနက်အဓိပ္ပာယ်တို့ကို ပေးအပ်နှင်းလိုက်လေတယ်။

အနီရောင်အတွေးအခေါ် မျှော်ရည်မှန်းချက်အဖုအထစ်တွေ၊ အတက် အဆင်း၊ အနိမ့်အမြင့်တို့ရဲ့ ဂယက်လှိုင်းဒဏ်ချက်ကြောင့် ရွှေတို့ ငွေတို့ကို ဘုရားထင်ရှိခိုးဦးတင်မှု ဝါဒီကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီဟာ မူရင်းအစ ကြံ့ခိုင်သန်မာတဲ့ ခန္ဓာကိုယ် အသွေးအသားတို့ကား အတွင်းလှိုက် ခြစားခံရချေ လေပြီတကား။ မြန်မာပြည် မြောက်ဘက်က အရပ်သူ အရပ်သား ပြည်သူပြည် သားများက ဗကပ ပြည်သူ့တပ်မတော်ကို ခုလိုအမြင်မျိုး ကြာလေ များလာလေ ဖြစ်ချေလေပြီ။ ဒါဟာလည်းပဲ အခွန်အတုပ်တွေ ဆောင်ရတော့မယ့်အခါကို ရောက်လာလေတိုင်း ဒီအတွေးတွေ ပြည်သူတွေရဲ့ ခေါင်းထဲရောက်လာပါတယ်။

ရွှေတြိဂံအဆင်းလှပရောင်မျိုးစုံလင်လှတဲ့ ပေါ်ပီပန်းအလှလေးတွေက ဗကပ စိုးမိုးအုပ်ချုပ်တဲ့ နှောင်းပိုင်းကာလတွေမှာ ပိုလို့သာ တလှိုင်လှိုင် ပွင့် လန်းကြပါတယ်။ ထူးခြားလှတဲ့ ဘိန်းသမိုင်းကြောင်း အစိတ်အပိုင်း တစ်ပိုင်း တလေကလည်း ရှိနေပြန်ပါသေးတယ်။ ၄၀ ခုနှစ်ကနေ ၇၀ ခုနှစ် အစဦးပိုင်း တွေက ပထဝီမြေရွှေတြိဂံမြေမှာ ထိုအချိန် ထိုအခါက အစပြုပြီး အင်မတန် ကြီးမားတဲ့ အပြောင်းအလဲကြီး ပေါ်ပေါက်ခဲ့ဖူးပါတယ်။

ရှမ်းပြည်နယ်ဒေသဟာ ကနေ့ကမ္ဘာပေါ်မှာ မျက်စိအစူးခံရတဲ့ ဘိန်း ထွက်နယ်မြေဒေသကြီး ဖြစ်နေပါတယ်။ ရွှေတြိဂံ ဘိန်းစီးပွားရေး အဝန်းအဝိုင်း ကြီးက အဲဒီအတွက်ကြောင့်လည်း ကြီးထွားသထက် ပိုပိုပြီး ကြီးထွား ကျယ်ပြန့် လာပါတယ်။ တစ်ချိန်တည်းမှာပဲ ၄င်းရိုးရာဓလေ့ထုံးတမ်းက ဘိန်းကုန်သွယ်မှုနှင့် မူးယစ်ဆေးဝါး ပေါက်ရောက်ရာ လမ်းကြောင်း ပိုပိုပြီး ပေါများြွကယ်ဝလာမှု အနက်အဓိပ္ပာယ်ကို ဘုန်းတော်ဖွဲ့ရေးသီဖော်ကျူးလေခြင်းပဲ ဖြစ်လေတယ်။ ကနေ့ ရွှေတြိဂံရဲ့ ပကတိ ရုပ်သွင်ကို နှိုက်နှိုက်ချွတ်ချွတ် နားလည်သဘော ပေါက်လိုပါတယ်ဆိုရင်ဖြင့် ဗမာပြည် ကွန်မြူနစ်ပါတီ ဘိန်းကုန်သွယ်မှု ဒီ အပိုင်း သမိုင်းကြောင်းကို မဖော်ပြလို့က မဖြစ်နိုင်တော့ပါ။

သခင်သန်းထွန်းခေတ်ကာလတုန်းက ဗကပက သူ့လက်အောက်ခံ လူတွေနှင့် ဘိန်းရယ်၊ ဘိန်းကူးသန်းရောင်းဝယ်မှုနဲ့ စပ်လျဉ်းပြီး တင်းတင်းကြပ် ကြပ် တားဆီးထားတဲ့ လုပ်ဆောင်ချက်နဲ့ ကိုင်တွယ်ဆောင်ရွက်ပါတယ်။ ဗကပ ဗဟိုက အစဉ်အဆက်၊ ရှေ့ဆင့်နောက်ဆင့် အကြိမ်ပေါင်းများစွာ စာနဲ့ပေနဲ့ပါ ထုတ်ပြန်ကြေညာပါတယ်။ အမျိုးမျိုးအဖုံဖုံသော ဘိန်းနှင့် ပတ်သက်တဲ့ ကူးလူး ဆက်ဆံမှု၊ ရောငး်ဝယ်ဖောက်ကားမှုကို တားမြစ်ပိတ်ပင်တဲ့ အမိန့်ထင်ထင်ရှား ရှား ထုတ်ပြန်ခဲ့ဖူးပါတယ်။ ဒါ့အပြင် အဆင့်အသီးသီးက ကေဒါတွေရယ်၊ အရာရှိ အရာခံ တပ်သားတွေအားလုံးဟာ ဘယ်လိုအကြောင်းပြချက်နဲ့မှ ဘိန်းနဲ့ ပတ်သက်ခွင့်မရှိရပါလို့ ထုတ်ပြန်ထားပါတယ်။ အကယ်၍ လိုက်နာမှု မရှိပါက ပြင်းပြင်းထန်ထန် အရေးယူ အပြစ်ပေးမှာဖြစ်တယ်။ ဒါ့အပြင် သေ ဒဏ်ပါပေးမှာ ဖြစ်ပါတယ်။ အဲဒီစည်းကမ်းချက်တွေ ဆောင်ရွက်ချက်တွေက ကာလအပိုင်းအခြား တစ်ခုအထိတော့ ထိရောက်မှုတွေ ရှိခဲ့ပါတယ်။

မြန်မာပြည်မြောက်ပိုင်းဒေသ အရပ်သူ အရပ်သားတွေ ပေါ်ပီပင် ထွန်ယက်စိုက်ပျိုးရေး ရိုးရာဓလေ့ထုံးတမ်းကို ဗကပတို့က လက်တွေ့ကျကျ သုံးသပ်ပြီး သဘောထားကြီးစွာနဲ့ တစိတ်တဒေသလောက်ကို သင့််လျော်သလို ခွင့်ပြုတာတွေ ရှိခဲ့ပါတယ်။ ဘိန်းကို ရိုးရာဓလေ့ထုံးတမ်းတစ်ရပ်အနေနဲ့ စိုက်ပျိုးထုတ်လုပ်တဲ့ ကိုးကန့်နယ်မြေဒေသမှာ စာရေးသူဟာ ထိုစစ်နှစ်ကာလ တွေတုန်းက ကျန်ရစ်နေတဲ့အချက်အလက် အထောက်အထားတစ်ခုကို ရရှိ ထားပါတယ်။ အဲဒီအထောက်အထားက ဗကပစိုးမိုးအုပ်ချုပ်တဲ့ ကာလတုန်းက ပေါ်ပီပင်စိုက်ပျိုးမှုတွေ၊ မူးယစ်ဆေးဝါးဘိန်းထုတ်လုပ် ရောင်းချမှု အခြေအနေ တွေကို အထင်အရှားမီးမောင်းထိုးပြထားတဲ့ အထောက်အထား အချက်အလက် ဖြစ်ပါတယ်။

ဖုန်ကျားရှင်ခရိုင်ဝင် ဖြစ်စဉ်တုန်းက ကိုးကန့်ဟာ စစ်တွေ အဆက် မပြတ် ရှုပ်ထွေးနေချိန်ဖြစ်တယ်။ အရပ်သူ အရပ်သားအများအပြားဟာ စစ် ဘေးရှောင်ဖို့ ကျန်းစီ (သံလွင့်မြစ်အနောက်ဘက်) ဘက်ဆီ ပြောင်းရွှေ့နေထိုင် ကြတယ်။ ပြည်သူတွေရဲ့ အတိဒုက္ခကို အတွင်းကျကျ သိထားတဲ့ ဖုန်ကျားရှင်ဟာ ဒေသခံတို့ရဲ့ ''လွတ်မြောက်ရေးတိုက်ပွဲ'' အောင်ပွဲခံပြီးတဲ့နောက် ''လူတန်းစား တိုက်ပွဲ'' ကို ချဲ့ထွင်ဆောင်ရွက်မှုကို မပြုတော့ပါ။ ''အရေးတော်ပုံကို နှိပ်ကွပ်'' ခြင်းအလုပ်ကိုလည်း ရှောင်လွှဲပါတယ်။ သူ ဘာတွေကျင့်သုံးသလဲဆိုတော့ ငြိမ်းချမ်းတဲ့နည်းနဲ့ လယ်ယာမြေခွဲဝေပေးတာမျိုးကို ဆောင်ရွက်ပါတယ်။ ဒါ့ အပြင် ပေါ်ပီပင်ကိုလည်း ယခင်အတိုင်း ဆက်လက်စိုက်ပျိုးဖို့ကို ခွင့်ပြုလိုက်ပါ တယ်။ ဘိန်းရောင်းဝယ်မှု စီးပွားရေးကို တိုက်ရိုက်ထိပါးခြင်းမရှိတဲ့အတွက် ပြည်သူ့နှလုံးသားထဲမှာ ဘယ်လို ရိုက်ခတ်မှုမျိုးမှ ပေါ်ထွက်မလာပါ။

နယ်မြေဒေသ ဘဏ္ဍာရေးဘက်မှာ ဖုန်ကျားရှင် တာဝန်ယူအုပ်ချုပ် တဲ့ ကိုးကန့်ခရိုင်တည်ထောင်ခါစ ကာလပိုင်းမှာ စတိသဘောအဖြစ် ရိက္ခာအချို့ ကို သိမ်းပါတယ်။ နောင်များမှာတော့် တစ်နှစ်ထက် တစ်နှစ် များပြားလာပါတယ်။ ဘိန်းကို ဘုံပိုင်ဆိုင်မှုအဖြစ် (ဗကပအစိုးရ) က အားလုံးကိုဝယ်၊ အားလုံးကို ရောင်းချပါတယ်။ ပုဂ္ဂလိက မှောင်ခိုရောင်းဝယ်မှုကို တားမြစ်ထားပါတယ်။ (ဒါပေမဲ့ ပြည်သူလူထုကြားမှာ တစ်လျှောက်လုံး ဘိန်းရောင်းဝယ်မှုတွေ ြွကင်း ကျန်နေပါတယ်။ ဈေးနေ့တွေဆိုရင် နေရာတကာမှာ တွေ့မြင်နိုင်ပါတယ်။) သည့်ပြင် တစ်နေရာဖြစ်တဲ့ လောက်ကိုင်မှာ အခွန်ဌာန ဖွင့်ထားပါတယ်။ ထန်ချောင်ဝံက ဌာနမှူးဖြစ်တယ်။ အရှေ့မြောက်စစ်ဒေသကလည်း လောက်ကိုင် မှာ ကုန်သွယ်ရေးကုမ္ပဏီ ဖွင့်လှစ်တည်ထောင်လိုက်တယ်။ ရန်းမောက်အန်းက ဦးစီးဆောင်ရွက်ပါတယ်။ ၇၀ ခုနှစ် အလယ်ပိုင်းကာလတွေမှာ နှစ်စဉ် အမြတ် ငွေ မြန်မာကျပ်ငွေသန်းပေါင်းမျာစွာ လာရောက်ဆောင်ကြပါတယ်။ ဗကပရဲ့ အားထားရတဲ့ ဘဏ္ဍာရင်းမြစ်ဒေသ ဖြစ်သွားပါတယ်။ နောက်တစ်နေရာကတော့ အရှေ့မြောက်စစ်ဒေသ ဘဏ္ဍာရေးဒုဝန်ကြီးလည်း ဖြစ်၊ တွဲဖက်ကွတ်ခိုင်ခရိုင် ဘဏ္ဍာရေးဝန်ကြီး လျိုကိုရှီး တာဝန်ယူတဲ့ဒေသက နှစ်စဉ်ပေးအပ်တဲ့ အခွန် တော်ငွေကလည်း အားရကျေနပ်စရာပါပဲ။

အထက်ပါ ရှင်းလင်းထင်ရှားတဲ့ သမိုင်းမှတ်တမ်း အချက်အလက်တွေ က ဗကပ အရှေ့မြောက်ပိုင်းစစ်ဒေသက အရပ်သူ အရပ်သားတွေကို ရိုးရာ ဓလေ့ထုံးတမ်းအတိုင်း ဘိန်းစိုက်ပျိုးတာကို ခွင့်ပြုထားတာကို မှတ်တမ်းမှာ တွေ့မြင်နေရပါတယ်။ တစ်ချိန်တည်းမှာပဲ ၄င်းက ဒါဟာ ဗကပတို့ ထိုစဉ်တုန်းက ''အစိုးရဆောင်ရွက်ချက်'' ဆိုတာကို ဖွင့်ဟပြသလိုက်တာပဲ ဖြစ်တယ်။ တကယ့် လက်တွေ့ပိုင်းမှာ ဗကပလက်နက်ကိုင်တပ်ဖွဲ့က ၇၀ ခုနှစ်အလယ်ပိုင်းအချိန် တွေကတည်းက အစပြုပြီး ဘိန်းကူးသန်းရောင်းဝယ်ရေးလုပ်ငန်းထဲ ဝင်ရောက် နှင့်ပြီးဖြစ်ကြောင်းကို ဖော်ပြလိုက်တာပဲ ဖြစ်နေပါတယ်။ စစချင်းတုန်းကတော့ စုပေါင်းဆောင်ရွက်ခြင်းလို့ အမည်တွင်တဲ့ အောက်ကနေ လုပ်သွားကြတာဖြစ် တယ်။ နောင်တော့မှသာ အာဏာစိုးမိုးထားတဲ့ လူအနည်းငယ် တစ်စုနှင့် အာဏာရှိအုပ်စု အစုအဖွဲ့ငယ်ကလေးတွေကနေ ''စုပေါင်းအဖွဲ့'' ဆိုတဲ့ အလံ တော်ကို လွှင့်ထူလိုက်ကြ၊ ြွေကးကြော်လိုက်ကြနဲ့ လုပ်သွားကြပါတယ်။ တစ်ဦး ချင်းအတွက် သို့တည်းမဟုတ် အစုစည်းအဖွဲ့ငယ်လေးအတွက်ကနေ အကျိုး အမြတ်ရရေးအတွက် လှုပ်ရှားသွားကြတာပါပဲ။ နောက်ဆုံးမှာတော့ ဘိန်းစိုက် ပျိုးထုတ်လုပ် ရောင်းဝယ်ဖောက်ကားမှုမျိုးကို ဦးဆောင်ညွှန်ပြမှုတွေဖြစ်ပြီး နောက်ဆုံးတော့ မထိန်းနိုင်၊ မသိမ်းနိုင်ဖြစ်သွားချေလေသတည်း။

၁၉၇၆ ခုနှစ်မတိုင်ခင်နဲ့ အဲဒီနောက် အစောပိုင်းတုန်းက

 ဗကပ ထိပ်တန်းခေါင်းဆောင်ပိုင်းတို့ဟာ အသုံးစရိတ်တွေ ခန်းခြောက်ကုန်တဲ့ အချက်ပြချက်ကို သတိထားမိလိုက်တယ်။ ဒါ့အပြင် ဒီနောက်ပိုင်းရဲ့ သုံးစွဲမှု စရိတ်အစရှိတဲ့ ပြဿနာကို စတင်ပြီး တွက်ဆမိကြပါတယ်။ ဒီအတွက်နဲ့ တို တောင်းလှတဲ့ အချိန်ကာလပိုင်းကလေးမှာ မြေအောက်သယံဇာတတွေ တအား ကို ပေါများြွကယ်ဝပြီး၊ မြေပေါ်မှာ အသက်ရှင်ရပ်တည်နိုင်ဖို့ အချက်အလက်တွေ အင်မတန်ဆိုးဝါးနေတဲ့ မြန်မာပြည်မြောက်ပိုင်း လက်တွေ့အသက်ဝင်မယ့် ဓနလမ်းကြောင်းကို မွေးထုတ်ဖို့ရန် အင်မတန့်ကို မလွယ်တဲ့ကိစ္စ ဖြစ်နေတယ်။ တချို့တင်ပြကြတာကတော့ ဘိန်းကုန်သွယ်မှုဖြင့် အသုံးစရိတ်ဖြေရှင်းဖို့ကို တင်ပြကြပါတယ်။ ဒီအချက်ကို အထွေထွေအတွင်းရေးမှူးချုပ် သခင်ဗသိန်းတင် က အတည်ပြုချက်မပေးဘဲ ပယ်ချလိုက်ပါတယ်။

ဒီအချိန်မှာ ဗကပ စစ်ဒေသ ၄ ခုရယ်၊ ခရိုင်ကော်မတီ ၁၀ ခုလောက်က ရယ်၊ ခရိုင်အစိုးရရဲ့ အသီးသီးအချက်အလက် သုံးငွေအားလုံးကို ဗကပဗဟိုက တာဝန်ယူဖြေရှင်းရပါတယ်။ နှစ်စဉ် မြန်မာငွေကျပ် သန်းရာချီပြီး သုံးစွဲနေပါ တယ်။ ဒါပေမဲ့ ဗကပဟာ သူ့ပိုင်နက်နယ်မြေတွေက သိမ်းဆည်းရရှိတဲ့ အခွန် ငွေတွေက အသုံးငွေရဲ့ ၁၀ ပုံ ၁ ပုံ လောက်သာ ရှိနေပါတယ်။ ဘဏ္ဍာငွေကြေး လိုငွေပြမှုဟာ ခေါင်းခဲစရာကြီး ဖြစ်နေပါတယ်။ ရဲဘော်တွေမှာ ပင်ပန်းဆင်းရဲ ခြင်းကြီးစွာနဲ့ နေစဉ်ရင်ဆိုင် နေကြရပါတယ်။ ဗကပ အမွဲတေဆုံး အစိတ်အပိုင်း က ကချင်တိုင်းရင်းသားတပ်ဖွဲ့ပါ။ တစ်ခါတစ်ရံများ ကချင်တိုင်းရင်းသားတပ်သား တွေဟာ ဆားရည်အနည်းငယ် စိမ်ထားတဲ့ ထမင်းကို စားကြရပါတယ်။ ဒီလိုမျိုး ဆိုးဆိုးရွားရွား အနေအထားကို မျက်မှောက်ပြုနေရပါတယ်။ စစ်ဒေသအသီး သီး၊ ခရိုင်အသီးသီးတို့က မလွှဲမရှောင်သာတော့ဘဲ ကိုယ့်အသုံးစရိတ်ကိုယ် ကြိုပြီး ရှာကြရလေတယ်။ ဒါကြောင့် မြန်မပြည်မြောက်ဘက်ရိုးရာ ဓလေ့ထုံး တမ်း စဉ်လာလည်းဖြစ်၊ ဒါ့အပြင် အရေးအပါဆုံး စီးပွားရေးလှုပ်ရှားမှုဆိုတာဟာ ရာစုခေတ် တစ်ခေတ် ရှည်ကြာလာခဲ့တဲ့ ဘိန်းစီးပွားရေးလှုပ်ရှားမှုသာ ကျန်ရှိ လေတယ်။ ဘဝရှင်သန်ရပ်တည်နိုင်ရေးဟာ အလိုအပ်ဆုံးပါ။ ဗကပ တပ်ဗိုလ် တပ်သားတွေက မူးယစ်ဆေးဝါးဆီ ချဉ်းနင်းမြေချခြင်းသည်သာ လိုအပ်ချက် ဖြစ်တယ်ဆိုတာကို တွေ့ရှိသွားကြပြီဖြစ်လေတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသက လူအများက ယေဘုယျအားဖြင့် ဘိန်းကို ''အထူးကုန်ပစ္စည်း'' လို့ ခေါ်ဝေါ်ကြပါတယ်။် ဒါမှသာ ဘိန်းလို့ တိုက် ရိုက်ခေါ်မှုတွေ၊ ရောင်းဝယ်မှုစတဲ့ စိုးရိမ်ချက်တွေကို ရှောင်ရှားနိုင်မှာဖြစ်ပေတယ်။ ၇၀ ခုနှစ် ကုန်ဆုံးလုအချိန်၊ အရှေ့မြောက်ပိုင်းစစ်ဒေသမှာ ရှေ့ဦးဆုံး ''အထူး ကုန်ပစ္စည်း ကုန်သွယ်ရေး အဖွဲ့ငယ်'' ကို ရှေးဦးဆုံး ဖွဲ့စညး်တည်ထောင်လိုက် ပါတယ်။ ယင်းအဖွဲ့ငယ် တရားဝင် သယ်ယူပို့ဆောင်တဲ့ လုပ်ငန်းလုပ်တဲ့အချိန် ကာလက ၁-၅-၁၉၇၆ ဖြစ်ပါတယ်။ ဒါ့ကြောင့် နောက်ပိုင်းကာလတွေမှာ အရှေ့မြောက်စစ်ဒေသက ''ကုန်သွယ်ရေးအဖွဲ့ငယ်'' လို့ မခေါ်ဝေါ်တော့ဘဲ ''၅-၁ အဖွဲ့'' ဆိုပြီး အစားထိုးလိုက်ပါတယ်။ ထိုစဉ်တုန်းက ''၅-၁ အဖွဲ့''ကို အရှေ့မြောက်ဒေသဘဏ္ဍာရေး ဝန်ကြီးဦးကျော်မြင့်က ဦးစီးအုပ်ချုပ်ပါတယ်။ ဘဏ္ဍာရေး ဒုဝန်ကြီး ဒါဟာ ဗကပ အတွင်းပိုင်းရဲ့ လျှို့ဝှက်အဆောက်အဦး ဖြစ်ပါတယ်။ ပါတီတွင်းက အဆင့်မြင့်ပိုင်း အဝန်းအဝိုင်းကလေးကသာ သိရှိပါ တယ်။ ဒီဗကပဖွဲ့စည်းပုံစနစ်အတွင်းမှာ တားမြစ်ချက်ကို ဖျောက်ဖျက်တာမျိုး ဖြစ်တဲ့အတွက် ''စမ်းတဝါးဝါး တီထွင်မှု'' ဖြစ်တာကြောင့်၊ ထိုစဉ်က အရှေ့ မြောက်စစ်ဒေသက ''၅-၁ အဖွဲ့'' ကို စည်းကမ်းချက် ချမှတ်ထားပါတယ်။ ''၅-၁ အဖွဲ့'' က ဘိန်းအခွန်အကောက်ကိုသာ ကောက်ယူခွင့်ရှိပါတယ်။ ဒါ ကြောင့် ဘိန်းကုန်ကူးတာ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်မရှိဘူး ဆိုပြီး စည်းကမ်းချက်ထုတ်ထားပါတယ်။ ဘယ်လိုပဲ အစွမ်းကုန်ပိတ်ပင်ဟန့်တား ထားပေမယ့်လည်း ဘိန်းဝယ်ယူသိမ်းဆည်းမှုတွေ ဒီအချိန်မှာပဲ စတင်ခဲ့ချေပြီး ဖြစ်တယ်။ မြန်မာပြည်မြောက်ပိုင်း ရှမ်းပြည်နယ် ဘိန်းစိုက်တောင်သူတွေဟာ ဘိန်းစိုက်ရာသီကို ရောက်လာလေတိုင်း ''၅-၁ အဖွဲ့'' ဆီက ကုန်ရောင်းကုန်ဝယ် ငွေကို ရရှိပြီးဖြစ်ပါတယ်။ ဘိန်းရိတ်သိမ်းပြီးချိန်မှာ ငွေသားနဲ့ပဲလား၊ ဘိန်းနဲ့ပဲ ချေးငွေကို ဘယ်လိုမျိုးနဲ့ ပြန်ဆပ်ရမှာကို စဉ်းစားရွေးချယ်နေကြပါတယ်။

တစ်ချိန်တည်းမှာပဲ မြန်မာပြည်မြောက်ပိုင်း ကိုးကန့်၊ ကွတ်ခိုင်၊ မုန်းဂိုနှင့် ပန်ဆိုင်းက ထွက်ရှိတဲ့ ဘိန်းအားလုံးနီးပါးလောက်ကို အရှေ့မြောက် ပိုင်းစစ်ဒေသက လက်ဝါးကြီးအုပ် ဖြတ်တောက်လိုက်လေတယ်။ ဒီ ''၅-၁ အဖွဲ့'' က အရှေ့မြောက်ပိုင်း စစ်ဒေသဆီ မြန်မာကျပ်ငွေ ဆယ်သန်း ရောက်လု နီးပါး နှစ်စဉ်ပေးသွင်းနိုင်ပါတယ်။ ဗကပ ဘဏ္ဍာငွေကြေးရရှိတဲ့ အရင်းအမြစ် ဖြစ်မှန်းမသိ ဖြစ်သွားရလေတယ်။

၁၉၇၈ ခုနှစ်မှာ

 အရှေ့မြောက်စစ်ဒေသက ပြတ်ပြတ်သားသားပဲ ''၅-၁ အဖွဲ့'' ကို တိတ်တိတ်ပုန်းအဖွဲ့ကနေ ထင်ထင်ရှားရှား အဖွဲ့အဖြစ် လှည့်ယူပြောင်းလဲ ပစ်လိုက်ပါတယ်။ အတိအလင်းပဲ လူသိရှင်ကြား ဘိန်း သိမ်းဆည်းရေးနှင့် အခွန်ငွေ ကောက်ယူခွင့် လုပ်ပိုင်ခွင့်ကို ပေးအပ်လိုက်ပါတယ်။ ဒါ့အပြင် အကုန်အစင်ဝယ်ခြမ်း၊ အကုန်အစင် ဖြန့်ဖြူးရောင်းချပုံစံမျိုးကို ခွင့် ပြုလိုက်တယ်။ ဒီတော့ လုပ်ပိုင်ခွင့်ကိုပါ ချဲ့ထွင်တိုးမြှင့်ပေးလိုက်ပြီး ''၅-၁ အဖွဲ့'' က ဘိန်းပမာဏ အမြောက်အမြားကို အဆိပ်အတောက်ရှိ ''စိန်ဝါ'' တွေ ပြုပြင်ထုတ်လုပ်ခိုင်းပြီး လျှို့ဝှက်လမ်းကြောင်း ထိုင်းမြန်မာ နယ်နိမိတ်ကို ဖြတ်သန်းပြီး သယ်ယူရောင်းချလေတယ်။

ဗကပထဲက အလယ်အလတ် အဆင့်ရှိသူတစ်ယောက်က စပ်စပ်စုစု ရှိတဲ့ တရုတ်လူမျိုးတစ်ယောက်ကို ရှင်းပြခဲ့ဖူးပါတယ်။ ''ဘာကြောင့် ဘိန်းကို စိန်ဝါအဖြစ် ထုတ်လပ်ရပါသလဲ'' ဆိုတဲ့ အကြောင်းရင်းက ''ပြုပြင်လိုက်ပြီး စိန်ဝါဖြစ်သွားရေး ဒီအဓိကအချက်ကို အဘက်ဘက်ကနေပြီး စဉ်းစားတွေးခေါ် ချိန်ဆရပါတယ်ခင်ဗျာ။ နောက်ပြီး စိန်ဝါထုထည်က ဘိန်းထက် အများကြီး သေးသယ်တယ်လေ။ ဘိန်းလို ခါးပြီး စူးရှရှမရှိဘူးဗျ။ ခိုးသယ်ရ သိပ်လွယ်ကူ တာ။ နောက်တစ်ချက်က စိန်ဝါကို တိုက်ရိုက်စားသုံးတာတို့၊ ရှူတာတို့ လုပ်မရ ဘူးဗျ။ သူ့အဆိပ်က လွတ်မြောက်နယ်မြေက လူတွေကို ဒုက္ခမပေးနိုင်ဘူးလေ။ တကယ်လို့ အရပ်သူ အရပ်သားတွေ စိန်ဝါကို ရရှိသွားတယ်ပဲထားဦး။ ဒါကို ရောင်းချလို့ ရတာကလွဲပြီး ဘာမှလုပ်မရဘူး ခင်ဗျ''။ သာမန်လူတွေ ဒါကို ရသွားလို့ စားလို့ သောက်လို့လည်း မရ၊ ရှူရှိုက်လို့လည်း မရ၊ ဟီးရိုးအင်း ဘိန်းဝါအဖြစ် ပြောင်းလဲပစ်ဖို့ကလည်း မတတ်နိုင်။ ဒါကြောင့် စိန်ဝါအဆင့် လောက်ပဲ ထုတ်လုပ်ခြင်းပါ။ တကယ်လို့များ တဆင့်တက်ပြီး ဘိန်းဖြူထုတ်လုပ် ပြီး ရောင်းချမယ်တဲ့။ ဒါဆို ဟောဒီ ''လွတ်မြောက်နယ်မြေက ပြည်သူလူထု'' ကို ဘိန်းဒုက္ခပေးလိုက်တာဖြစ်သွားမှာပေါ့ဗျ။ နောက်ဆက်တွဲအကျိုးဆက်က တွေးဆလို့ကို မရနိုင်တော့ဘူးဗျာ။ နောက်ပြီး စိန်ဝါထုတ်လုပ်ပြီး ရောင်းချရတဲ့ အမြတ်အစွန်းကို ကျွန်တော်တို့ ချိန်ဆပါတယ်။ ကျွန်တော်တို့ ရိုးရိုးဘိန်းမည်း ကနေပြီး စိန်ဝါအဖြစ် ပြုပြင်ပြောင်းလဲလိုက်တယ်။ ဒါကို ထိုင်းမြန်မာနယ်စပ်က မူးယစ်ဆေးဝါးဂိုဏ်းဆီကို ရောင်းချပေးလိုက်တယ်။ ရလာတဲ့ အမြတ်ငွေက သာမန်ဘိန်းရိုင်းကို ရောင်းချလိုက်တာနဲ့ အမြတ်အစွန်းက တအားကွာတာကိုးဗျ။ တကယ်လို့ ကျွန်တော်တို့ လုပ်နိုင်တယ်ဆိုရင် ထိုင်းမြန်မာနယ်စပ်မှာ စိန်ဝါကို ဓာတုဗေဒနည်းနဲ့ ထပ်ဆင့် ပြုပြင်ထုတ်လုပ်လိုက်ရင် ဟီးရိုးအင်းဘိန်းဖြူအဖြစ် နဲ့ ထုတ်ရောင်းနိုင်ပြီလေ''

ထိုတုန်းက ထိုင်းမြန်မာနယ်စပ်လမ်းက ဟီးရိုးအင်းဘိန်းဖြူရဲ့ မှောင် ခိုလမ်းကြောင်း ဖြစ်ပါတယ်။ အဲဒီမှာ ''ဈေးကောင်း'' ရပါတယ်။ ဒါဟာ ဂုဏ် ရှိန်ဂုဏ်ဝါ ကြီးမြင့်သူတို့ရဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုရဲ့ ရွှေငွေ တွေပါပဲ။

အထက်က ဖော်ပြခဲ့တဲ့ အကြောင်းရင်း အကြောင်းခံတွေကြောင့် ''၅-၁ အဖွဲ့'' က ဘိန်းစိုက်တောင်သူတွေကို အားပေးအားမြှောက်ပြုပြီး ဘိန်း ကနေ အခွန်ငွေတွေ ရရှိပါတယ်။ တဖန် ထွက်သမျှ ဘိန်းအားလုံးကို သိမ်းကျုံး ဝယ်ယူပြီး မြန်မာအစိုးရ စစ်တပ် တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတဲ့ နယ် မြေထဲဆီပို့၊ စက်ရုံမှာ ပြုပြင်ပြီး စိန်ဝါအဖြစ် ထုတ်လုပ်ပြန်တယ်။ တဒင်္ဂအချိန် လေးမှာပဲ ဘိန်းပြုပြင်မွမ်းမံတဲ့ စက်ရုံအလုပ်ရုံတွေဟာ အရှေ့မြောက်တိုင်း စစ်ဒေသအသီးသီးမှာ စုပြုံပြီး ထုတ်လုပ်ကြပါတယ်။ အဲသလိုမျိုး ထုတ်လုပ်တဲ့ လှုပ်ရှားမှုကြီးက လောကတခွင်မှာတော့ ယုတ္တိ ယုတ္တာရှိရှိ၊ တရားနညး်လမ်း အလွန်ကျတဲ့ အများအကျိုးအတွက်ဆိုတဲ့ မော်ကွန်းတင်စကားတွေဆိုပြီး ရှေ့ ဆက်စခန်းသွားကြတာတွေပါပဲ။ ဒီလိုနဲ့ လက်ချည်းဗလာသာရှိတဲ့ အရှေ့မြောက် တိုင်းစစ်ဒေသဟာ တအားကို ချမ်းသြွာကယ်ဝလေတော့တယ်။ ကျန်တခြား စစ်ဒေသနယ်တွေက အသင်းအဖွဲ့တွေကလည်း ထိုစဉ်တုန်းက လင်းချည် တစ်ခါ၊ မှိန်ချည်တစ်လှည့်၊ မှောင်မိုက်တလီ နည်းဗျူဟာနှင့် လူတွေ မသိတဝက်၊ သိတဝက် အနေအထားကနေ အရှေ့မြောက်ပိုင်းစစ်ဒေသရဲ့ ဓနငွေကြေးဘယ် လို ဖွံ့ထွားလာတဲ့ လမ်းစဉ်အတိုင်း တခြားစစ်နယ်မြေဒေသကလည်း တက်တက် ြွကြွက အားသွန်ခွန်စိုက် စမ်းသပ်ထုတ်လုပ်ကြဖို့ စိုင်းပြင်းလေတယ်။

ဗကပ ဗဟိုနိုင်ငံရေးဌာနက အရှေ့မြောက်ပိုင်းစစ်ဒေသရဲ့ ဘဏ္ဍာ ရေးလာရာ အရင်းအမြစ်ကို အလျင်အမြန်ပဲ အထင်အရှား သိရှိသွားပါတယ်။ တခြား စစ်ဒေသအသီးသီးက ဒါကို နိုင်ငံရေးအဖြစ် မဆောင်ရွက်သေးခင် ၁၉-၈-၁၉၈၀ နေ့မှာ အရှေ့မြောက်ပိုင်း စစ်ဒေသဘဏ္ဍာရေးဌာန''၅-၁'' ရယ်၊ ၄င်းအဖွဲ့သားအားလုံးကို ဗဟိုလက်အောက်ခံအဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်ပါ တယ်။ အဲဒီအဖွဲ့အစည်းကို ''၈-၁၉'' ကိုယ်စားပြု အမှတ်အဖြစ် သတ်မှတ်လိုက် တယ်။ ၄င်း ''၈-၁၉'' အဖွဲ့ရဲ့ တာဝန်ခံချုပ်ကတော့ ဗကပ ဗဟိုဒုဥက္ကဋ္ဌ သခင် ဖေသိန်းဖြစ်ပါတယ်။ အဓိကအဖွဲ့ဝင်တွေကတော့ ဦးကျော်မြင့်၊ ဦးကျော်နန်း၊ စူးခန်းချဲန်၊ ကျန်းတက်ဝံနှင့် ရန်းတက်မောတို့ ဖြစ်ကြပါတယ်။ ကျန်းတက်ဝံ၊ ရန်းတက်မောက်တို့က ကိုးကန့်သားတွေဖြစ်ကြတယ်။ ''၈-၁၉'' ဖွဲ့စည်းလိုက်ခြင်း ဟာ ဘိန်းကူးသန်းရောင်းဝယ်မှုနှင့် မူးယစ်ဆေးဝါး ပြုပြင်ထုတ်လုပ်မှုတို့ဟာ အများသိ ဗြောင်ဖွင့်ချမှုတစ်ရပ်ဖြစ်ကြောင်း ဖွင့်ပြလိုက်တဲ့အပြင် တစ်ချိန်တည်း မှာပဲ ဘိန်းကူးသန်းရောင်းဝယ်မှုရဲ့ အမြတ်အစွန်းတို့ဟာ တခြားအသုံးစရိတ် အသီးသီးတို့ရဲ့ ရင်းမြစ်တွေ ဖြစ်သွားရလေတယ်။

၁၉၈၅ ခုနှစ် မတိုင်ခင်က 

တရုတ်နှင့် မြန်မာနယ်နိမိတ်ချင်း ဆက်စပ် နေတဲ့ ယူနန်နယ်စပ်နယ်နိမိတ် နယ်မြေတွေမှာ အနုစိတ် ပြန်လည် မွမ်းမံပြုလုပ် တဲ့ ဟီးရိုးအငး် ဘိန်းဖြူထုတ်လုပ်မှုမျိုး လုံးဝကို မရှိသလောက် နီးပါးဖြစ်ပါတယ်။ နယ်စပ်မြို့ငယ်လေးတွေ ရွာတွေမှာ (၅၀) ခုနှစ်တွေတုန်းက ြွကင်းကျန်ရစ်ထားခဲ့ တဲ့ ဘိန်းစားတွေက ဘိန်းမည်းကို ရှူတာ၊ စားသုံးတာကိုသာ အဓိကထား မှီဝဲကြပါတယ်။ ဒါကြောင့်လည်းပဲ နယ်မြေတွင်းကို ချဉ်းနင်းဝင်ရောက်တာက မှောင်ခိုဘိန်းစိမ်း (ဘိန်းမည်း) တွေသာဖြစ်ပါတယ်။ ဒီဘိန်းစိမ်းအခဲတွေရဲ့ စူးရှရှအနံ့အသက်ကြောင့် ရှာရဖွေရတာမှာ အင်မတန် လွယ်ကူလှပါတယ်။ နောက်ပြီးတော့လည်း ဘိန်းကို ရှူရှိုက်ဖို့ဆိုတာမှာ ဟိုဟာ ဒီဟာ ပစ္စည်းကိရိယာ တွေက လိုအပ်နေပြန်ပါသေးတယ်။ တယ်ပြီး ကရိကထများလှတာကိုး။ ဒါ ကြောင့် ခေတ်လူငယ်တွေနဲ့က တယ်ပြီး အဆင်မပြေလှတာတွေကို ရင်ဆိုင်နေရ ပါတယ်။ ခုခေတ်မှာက လူငယ်တွေဟာ အဆင်သင့်ဖြစ်နေတာကိုပဲ ဦးစားပေး ကြတာ များပါတယ်။

၁၉၇၆ ခုနှစ် နွေနှောင်းဆောင်းအကူးရာသီရဲ့ တစ်နေ့သ၌။ ယူနန် ပြည်နယ် လုံလိန်ခရိုင်ရဲ့ နိုင်ငံနယ်စပ် မျဉ်းနံဘေးနားက တစ်နေရာ။ တက်ဟုန် ကြိုး လက်နက်တပ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့ တစ်ဖွဲ့ ချုံခိုပုန်းအောင်းနေကြပါတယ်။ လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အထူးအာရုံစိုက်ပြီး ဒီနယ်တကြောကို စူးစိုက်ကြည့်နေကြပါတယ်။ နယ်နိမိတ် အပြင်ဘက်ဆီက ခိုင်လုံအားထားရတဲ့ သတင်းပေးဆီက ရလာတဲ့သတင်း ဖြစ်တယ်။ လူတစ်စုဟာ စိန်ဝါလို့ခေါ်တဲ့ မူးယစ်ဆေးဝါး ကုန်ပစ္စည်းကို တရုတ်ပြည်နယ်နိမိတ်က ဖြတ် သန်းပြီး မှောင်ခိုသယ်သွားကြလိမ့်မယ်တဲ့။ ထိုတုန်းက တရုတ်မြန်မာ နယ်စပ် မျဉ်းဟာ ရှေးရိုးစဉ်လာ ဘိန်းစိမ်းတွေ မှောင်ခိုချပြီး နယ်နိမိတ်ကို ဖြတ်သန်းတာ ကလွဲပြီး အခုလို ထူးထွေဆန်းပြားတဲ့ မူးယစ်ဆေးဝါးအမျိုးစုံကို ချုံခိုနေကြသူ တွေ မတွေ့ဖူး မမြင်ဖူးခဲ့ကြပါ။ ''စိန်ဝါဆိုသည်မှာ မည်သို့သော အရာများပါလိမ့်''။ ဒီအမေးပုစ္ဆာရဲ့ အဖြေကို ထိုစဉ်တုန်းက တရုတ်ပြည်နယ်စပ်လက်နက်ကိုင် ရဲတပ်ဖွဲ့အရာရှိ အရာခံ အကြပ်တပ်သားတွေခမျာ အဖြေမသိတဲ့ ပဟေဠိ ဖြစ်နေကြပါတယ်။ ဒီတစ်နှစ်ဟာ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ခေတ်မီဆန်းပြားတဲ့ အသွင်နဲ့ တပ်ဆင်ဖွဲ့စည်းထားတဲ့ အခါသမယဖြစ်နေပါတယ်။ မူးယစ်ဆေးဝါး ကို ရှာဖွေဖမ်းဆီး ဝရမ်းထုတ်ထားတဲ့ ဒီလိုအခါသမယမျိုးမှာ အားကောင်းမောင်း သန် နုပျိုလန်းဆန်းတဲ့ ရဲအရာရှိ လုလင်ပျိုတို့အနေနဲ့ ပြောရမယ်ဆိုရင် ဒါဟာ သူတို့အတွက် သင်ခန်းစာတစ်ခု ဖြစ်လို့နေရပါတယ်။

သူတို့ အသက်မရှူဘဲ ဂရုတစိုက် စူးစိုက်ကြည့်နေတဲ့ ပစ်ကွင်းထဲဆီ ပစ်မှတ်တွေက ကုတ်ချောင်းချောင်းနဲ့ တရွေ့ရွေ့ ချဉ်းကပ်လို့လာနေပါတယ်။ လက်စသတ်တော့ လက်နက်တပ်ဆင်ထားတဲ့ လားအကောင်ရေ ဆယ်လီကျော် နဲ့ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်တဲ့ တပ်ဖွဲ့နေပါတယ်။ ပစ်ကွင်းထဲ ဝင်လာ ကြသူတိုင်း စစ်ယူနီဖောင်းတွေ ဝတ်ဆင်ထားကြပါတယ်။ တပ်ဖွဲ့အဆောင် အယောင် အမှတ်တံဆိပ်တွေ ဘာတစ်ခုမှ တပ်မထားကြပါ။ ကိုင်ဆောင်ထားကြ တာက ငါးခြောက်အမျိုးအစား တော်မီဂန်း၊ ၆၂ အမျိုးအစား မရှင်းဂန်းတွေဖြစ် တယ်။ ''တိုက်'' ဆိုတဲ့ အမိန့်ပေးလိုက်တာနဲ့ မိနစ်ပိုင်းအတွင်းမှာပဲ ဒီအုပ်စုကို အပြီးအပြတ် နှိမ်နင်းပစ်လိုက်ပါတယ်။ ချက်ချင်းပဲ စစ်ဆေးမေးမြန်းလိုက်တော့ အဖြေထွက်လာပါတယ်။ ခု စိန်ဝါ မှောင်ခို သယ်ချလာတဲ့အဖွဲ့ဟာ ဗကပ ပြည်သူ့တပ်မတော်ရဲ့ ''အထူးကုန်ပစ္စည်း'' သယ်ဆောင်ရေးအဖွဲ့ဖြစ်နေတယ်။ အထက်အမိန့်နဲ့ တရုတ်ပြည် နယ်နိမိတ်ကို (ငှားရမ်း) ကျော်ဖြတ်ပြီး တောင်ဘက် ပိုင်း ထိုင်းမြန်မာ နယ်နိမိတ်ဆီ တိတ်တဆိတ် ခိုးဝှက်ပို့ဆောင်ပြီး အမြတ်ထုတ် ဖို့ ဖြစ်နေပါတယ်။

ဒါဟာ တရုတ်ပြည်နယ်စပ်စောင့် လက်နက်ကိုင် ရဲတပ်ဖွဲ့က ဗကပ ပြည်သူ့တပ်မတော်ပါဝင်ပတ်သက်နေတဲ့ ဘိန်းကုန်သွယ်မှု သာဓက အမှုအခင်း တစ်ခုဖြစ်ပါတယ်။ တကယ့်တကယ်တော့ ဒီအမှုအခင်းမတိုင်ခင်ကတည်းက ဒီလို ခိုးကြောင်ခိုးဝှက်နဲ့ သယ်ယူပို့ဆောင်နေတာဟာ ရှေးယခင်ကတည်းက ရှိနှင့်နေပြီးဖြစ်နေပါတယ်။ အခုတစ်ကြိမ် လက်ပူးလက်ကြပ်လက်ရဖမ်းဆီးခံရ ချက်က ရွှေတြိဂံမြောက်ပိုင်းဆီ ရွှေ့ပြောင်းပြီး တိုးချဲ့ဖို့ တင်ကြိုဆောင်ရွက်ချက် ဟာ အတိတ်နိမိတ်မကောင်းတဲ့ အသွင်မျိုးဖြစ်နေပါတယ်။ အသက်ရှင်ရပ်တည် ရေး၊ အသုံးစရိတ်ပြေလည်ရေး ပြဿနအတွက် ဗကပလက်အောက်ခံအဖွဲ့ ခွဲလေးတွေဟာ အမြန်အဆန် ချမ်းသြွာကယ်ဝကိန်းဆိုက်တဲ့ ရှေးရိုးစဉ်လာ ''ဘိန်းကုန်ကူးသန်းရောင်းဝယ်ရေး'' လုပ်ငန်းခွင်အထဲကို စတင်အခြေချနေလေ ပြီ။

''၈-၁၉'' အဖွဲ့ပေါ်ထွက်လာတဲ့နောက်

 မြန်မာပြည်မြောက်ပိုင်းမှာ တခဏချင်းမှာပဲ မူးယစ်မိုင်းလုံးတွေ ဝေလေတော့တယ်။ စိန်ဝါပြုပြင်ထုတ်လုပ် တဲ့ စက်ရုံတွေလည်းပဲ တဖြိုက်နှစ်ဖြိုက် ရွာသွန်းလိုက်တဲ့ မိုးရဲ့နောက်က လိုက် ပါ ပေါ်ထွက်လာတဲ့ မျှစ်စို့တွေအလားပါပဲ။ ရှေ့ဦးဆုံးတော့ တရုတ်ပြည် ဝမ်တိန်းမျက်နှာချင်းဆိုင်က ပန်ဆိုင်းမှာ ''၈-၁၉'' အဖွဲ့ စိန်ဝါပြုပြင် မွမ်းမံထုတ် လုပ်တဲ့ စက်ရုံတည်ဆောက်လိုက်ပါတယ်။ သူတို့ဟာ ''ဆရာကြီး'' (ကျွမ်းကျင် ထုတ်လုပ်တဲ့ ဆရာသမား) ကို ပင့်လာကြတယ်။ ဆရာကြီးရဲ့ ညွှန်ကြားတဲ့နည်း ပညာအတိုင်း ထုတ်လုပ်တယ်။ ''စိန်ဝါ'' က ဒီလိုနဲ့ တာထွက်ခရီးနှင်လေတော့ တယ်။ ထိုတုန်းက စိန်ဝါ ၁ မီလီဂရမ်ထွက်ရှိဖို့ ဘိန်းစိမ်း ၇"၅ မီလီဂရမ် လိုအပ်ပါတယ်။ စိန်ဝါထုတ်စက်ရုံတစ်ရုံက တစ်နေ့ကို ၁၅-၂၀ မီလီဂရမ် ထုတ်လုပ်နိုင်ပါတယ်။

''၅-၁ အဖွဲ့'' သိမ်းဆည်းဝယ်ယူတဲ့ ဘိန်းစိမ်းက ထိုတုန်းက ဈေးနှုန်း အင်မတန် သက်သာပါတယ်။ ဒီအဖွဲ့ငယ်လေးက နှစ်စဉ် ဘိန်းစိမ်း (၇၅။၈) တန်ခန့် ဝယ်ယူပါတယ်။ ၁ ကီလိုဂရမ် ဘိန်းစိမ်းရဲ့ ဝယ်ယူတဲ့ နှုန်းထားက ၁၃ လောင်လျဲ့ရှိပါတယ်။ လောင်လျဲ့ဆိုတာက ဗကပ လွတ်မြောက်ရေးနယ်မြေ ဒေသသုံး ငွေကြေးစနစ်ဖြစ်တယ်။ ၁ လောင်လျဲ့က ၆၀ ခုနှစ်တုန်းက တရုတ် နိုင်ငံ ငွေကြေး ၁၀ ရင်မင်ပိနဲ့ ညီမျှပါတယ်။ ဘိန်းစိမ်း ၁ မီလီဂရမ်ရဲ့ ဝယ်ယူ ဈေးက ရင်မင်ပိ ၁၀ ယွမ် ဝန်းကျင်ရှိပါတယ်။ အခုဈေးနှုန်းရဲ့ နှိုင်းယှဉ်တွက် ချက်လိုက်ရင် မိုးနဲ့မြေလို ကွာခြားလှပါလိမ့်မယ်။

''၈-၁၉'' ဖွဲ့စည်းပြီးနောက်။ ဘိန်းစိမ်းဝယ်ယူမှု နှစ်စဉ်တိုးတိုးလာပါ တယ်။ တိုးတာမှ ကြီးကြီးကျယ်ကျယ် တိုးလာတာပါ။ တစ်နှစ် တစ်နှစ်ကို တန်ချိန် ၄၅-၅၀ ရှိပါတယ်။ အကျိုးအမြတ်က ၁၀ဝ၀-၁၂၀ဝ ယွမ်ငွေရှိတယ်။ ဒီကိန်းဂဏန်းဟာ ထိုတုန်းကတော့ အတော့်ကို မျက်လုံးပြူး မျက်ဆံပြူးရတဲ့ ကိန်းဂဏန်းပါ။ ဒီလိုအကြောင်းရင်း အကြောင်းခံကနေပြီး ဗကပလက်နက်ကိုင် တပ်ဖွဲ့ တစ်နှစ် တစ်နှစ်ကို ဘိန်းစိမ်း ကူးသန်းရောင်းဝယ်မှုကနေပြီး အမြတ်အ စွန်းဘယ်လောက်ရရှိနေသလဲဆိုတာကို တွက်ယူလို့ရနေပါတယ်။ ဒီကိန်းဂဏန်း စာရင်းဇယားတွေအထဲမှာ ဗကပ ကေဒါကြီးတွေရဲ့ တစ်ဦးချင်း အစိတ်အပိုင်း တွေ မပါဝင်သေးပါ။

အမြတ်အစွန်း သွားရည်ယိုလောက်တဲ့ ထက်သန်တဲ့ နှိုးဆွလှုံ့ဆော်မှု တွေက နယ်မြေအသီးသီးက စိန်ဝါထုတ်လုပ်တဲ့ စက်ရုံတွေက စတင်ပြီး ထုတ် လုပ်မှုတွေ များများစားစား ထုတ်လုပ်လေတော့မပေါ့။ ဒီလိုနဲ့ပဲ စက်ရုံဆိုတာက လညး် မူလက စက်ရုံတစ်လုံးတည်း ရှိတာကနေပြီး ၃ လုံး၊ ၄ လုံး၊ ၅ လုံးကနေ တဟုန်ထိုး တိုးတက်သွားတာ အလုံးပေါင်း ၈၀ ကျော်တွေ ဖြစ်ကုန်တော့တယ်။ ကွတ်ခိုင်၊ မုန်းဂိုး၊ ကိုးကန့်၊ ကျင်ပေ (ကျိုင်းတုံ မြောက်ဘက်)၊ ပေဟွ (ဝမြောက် ပိုင်း) ၊ နန်းဟွ (ဝတောင်ပိုင်း) ဆယ်လန့် အစရှိတဲ့နေရာတွေ၊ တပ်စွဲတပ်ချထား တဲ့ နေရာတိုင်းလိုလိုမှာ ပြုပြင်မွမ်းမံရေးစက်ရုံတွေ အများအပြား ဆောက်လုပ် ကြလေတယ်။

အလွှာအသီးသီးက ဗကပ ကေဒါတွေ တစစနဲ့ ''၈-၁၉'' တို့ရဲ့ ဓန ြွကယ်ရေးနှင့် ပိုက်ဆံရွှေငွေတို့ရဲ့ သဘောသကန်ကို သိရှိသွားကြလေတယ်။ ဒါနဲ့ပဲ အမျိုးအမျိုး အစုံစုံသာ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ၊ ခင်ရာ မင်ရာ ခင်မင်ကြောင်းတွေကို အားကိုးအားထား အသုံးချပြီး ''၈-၁၉'' ''အထူး ကုန်ပစ္စညး်'' ကုန်သွယ်ရေးထဲ အတင်းထိုးဖောက် တိုးဝင်ကြလေတယ်။ တချို့ ကိုယ့်လက်ထဲ လုပ်ပိုင်ခွင့်အာဏာ ဆုပ်ကိုင်ထားကြတဲ့ အဆင့်ဆင့်သော အရာရှိ အရာခံတိုပကလည်း မတူညီကြတဲ့ အဆင့်အလွှာကနေ အကျိုးအမြတ် မြက်မြက်ကလေးရရှိတဲ့ ဒီရေစီးကြောင်းထဲ နစ်ဝင် နစ်ဝင်ရင်းက ကိုယ့်ကိုကိုယ် ပြန်လည်ဆွဲနုတ် မယူကြတော့ချေ။

၈၀ ခုနှစ် အလယ်ပိုင်းနှင့် နောက်ပိုင်းကာလ။ ဗကပ အဆင့်မြင့် ကေဒါကြီးတွေ အနည်းနှင့်အများ ဘိန်းကုန်သွယ်ရေးထဲ စုန်ဆန်ကူးခတ် နေ ကြချေလေပြီ။ တချို့က မိမိတစ်ဦးတည်း ကိုယ်ပိုင်စက်ရုံထောင်ပြီး၊ အကျိုး အမြတ်တွေ သဲ့ယူကြတယ်။ တချို့လည်းပဲ ကိုယ်ပိုင်မထောင်နိုင်တော့ အစုရှယ် ယာဝင်တာမျိုး လုပ်ကိုင်ကြတယ်။ ''၈-၁၉'' ယန္တရားထဲက ကေဒါတွေကတော့ ''ရေစပ်နဲ့ နီးကပ်တဲ့ ပြဿဒ်အဆောင်က လကို အရင်ရတယ်''။ လူအများအပြား က အများဘုံပိုင် ဘိန်းစိမ်းတွေ စီးပွားဖြစ် ရောင်းဝယ် သယ်ပို့တဲ့ကြားထဲမှာ ကိုယ့်ရဲ့ ကိုယ်ပိုင်ပြုပြင်မွမ်းမံထားတဲ့ ဘိန်းကိုပါ မလိမ့်တပတ်နဲ့ ရောယောင် ပေါင်းထည့်ထားပါတယ်။ အများဘုံပိုင်နဲ့ ပုဂ္ဂလိက တစ်ဦးချင်းပိုင် စာရင်းဇယား တွေကို မရှင်းမရှင်း လုပ်ထားကြတယ်။ အဲဒီ မလိမ့်တပတ်မျိုးလုပ်ခဲ့ဖူးတဲ့ သာဓကကို အောက်ဘက်မှာ ပြည့်ပြည့်စုံစုံ သရုပ်ဖော်ရေးပြပါမယ်။

ဥပမာ - ''၈-၁၉'' ဖွဲ့စည်းပြီး မကြာခင်မှာ ဗကပ ဗဟိုနိုင်ငံရေး ကော်မတီဝင် ကောင်းတုံးရဲ့ ယောက်ဖ ချဲန်ဝှမ့်စိန်းက ဒီအဖွဲ့ထဲ တိုးဖြည့်ပါဝင် လာတယ်။ လုပ်ပိုင်ခွင့်အာဏာ အတန်အသင့်ရှိတယ်။ နောက်ပိုင်းတွေမှာ ဘုံပိုင်ဆိုင်တဲ့ ငွေကြေးတွေနဲ့ တစ်ဦးတည်းပိုင် ပုဂ္ဂလိက အရောင်းအဝယ်တွေ လုပ်ကိုင်ပါလေရော။ ရလာတဲ့ အမြတ်အစွန်းကို အထက်ကို မပေးအပ်ဘဲ နေပါတယ်။ ချဲန်ဝှမ့်စိန်လုပ်သမျှ ကိုင်သမျှတွေ အားလုံးကို ပြည်သူ့တပ်မတော် တပ်ဖွဲ့အတွင်းမှာ ကြီးကျယ်တဲ့ မကျေမနပ်မှုကြီးတွေ ဖြစ်လာပါတယ်။ ၁၉၈၆ ခုနှစ်မှာ ချဲန်ဝှမ်းစိန် သူ့ရဲ့ ဇာတိရွာဆီပြန်ပြီး ဆွေတွေ၊ မျိုးတွေ သွားတွေ့လေ တယ်။ ဗကပဗဟိုနိုင်ငံရေးဌာနက သက်ဆိုင်တဲ့ စာရင်းအင်းတွေ ရှင်းပြုပြီးမှသာ သွားခွင့်ပြုမယ်ဆိုတဲ့ အမိန့်ကို ချလိုက်ပါတယ်။ အများစု သဘောတူ ချမှတ်တဲ့ အမိန့်ကို သခင်ဖေသိန်း ဒုဥက္ကဋ္ဌရဲ့ ခွင့်ပြုချက်နဲ့ ချဲန်ဝှမ်းစိန်ကို သွားခွင့်ပြုလိုက်ပါ တယ်။ ဒါဟာ သူ့ယောက်ဖ (အစ်မရဲ့လင်) ကောင်းတုံမျက်နှာကို ထောက်ထား ပြီး ဒုဥက္ကဋ္ဌ သခင်ဖေသိန်းက အများစုရဲ့ သဘောတူချက်ကို သွေဖီလိုက်ခြင်းပဲ ဖြစ်တယ်။ ချဲန်ဝှမ်းစိန်းလည်း သခင်ဗသိန်းခွင့်ပြုချက်ကို အသုံးချပြီး မွေးရပ် ဇာတိမြေ ဆွေတွေ၊ မျိုးတွေ ပြန်တွေ့လိုက်တဲ့ ခရီးက ပြန်ကိုမလာတဲ့ အပြီး ပိုင်ခရီးဖြစ်သွားလေတယ်။ အတွင်းသိ အစင်းသိတို့ရဲ့ ထုတ်ဖော်ချက်အရ ချဲန်ဝှမ်းစိန် ထိုစဉ်က သယ်ဆောင်သွားတဲ့ ဓနငွေကြေးတွေက သူ့ဘဝတစ်သက် တာအတွက် သုံးမကုန်ဖြုန်းမကုန်နိုင်တဲ့ ငွေကြေးတွေ ဖြစ်ပါသတဲ့။

အဲသလိုမျိုး အခွင့်အာဏာ လုပ်ပိုင်ခွင့်တွေနဲ့ အရောင်းအဝယ်တွေ၊ အပေးအယူလုပ်ကြတာတွေဟာ နောက်ဆုံးမတော့ ထိန်းမနိုင်၊ သိမ်းမရတွေ ဖြစ်ကုန်လေတယ်။ အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးအဖွဲ့ရဲ့ လျှို့ဝှက်ချက်ဖော်ထုတ်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရတာကတော့ ဗကပ ပြိုကွဲပျက်သုန်းသွားတဲ့ ၁၉၈၉ ခုနှစ်ရောက်တဲ့အထိ သခင်ဖေသိန်း အစရှိတဲ့ ထိပ်တန်းခေါင်းဆောင်တွေ ဘိန်းရောင်းဝယ်ရေး ရေစီးကြောင်းထဲ ဝင်ရောက်လာမှု မရှိတာကလွဲပြီး၊ အများစု ဗကပ အဆင့်မြင့်ကေဒါတွေအားလုံး နီးပါးဟာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကနေ အမြတ်အစွန်း အများ အပြားရရှိသွားကြပါတယ်။ ဗကပ လက်နက်ကိုင်တပ်ဖွဲ့ဟာ ဘိန်းကုန်ကူးသန်း ရောင်းဝယ်တာ၊ မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းချတာကနေ ရရှိတဲ့ အသုံးစရိတ် က ကြာလေ ကြာလေ နဲနဲလေ ဖြစ်လာပါတယ်။ ဒါပေမဲ့ အဲဒီလုပ်ငန်းကို ဆောင်ရွက်လုပ်ကိုင်နေကြသူတွေရဲက ခါးမှာ သိုင်းချည်ထားတဲ့ ပိုက်ဆံအိတ် ကတော့ ဖောင်းပြီးတိုင်း ဖောင်းကားလာပါတယ်။ သူတို့တတွေ ဆူဖြိုးပြီးတိုင်း ဆူဖြိုးဝလင်လို့ လာပါတယ်။

''၈-၁၉'' ကို ၁၉၈၀ က စတင်ဖွဲ့စည်းပြီး ၁၉၈၅ ခုနှစ်ရောက်တဲ့အထိ အပေါ်ယံကြောကနေ ကြည့်လိုက်ရင်တော့ အမျိုးအကျိုး ဆောင်ရွက်ပိုးပြီး တရားဥပဒေကို စောင့်ထိန်းတဲ့ ယန္တရားအဖွဲ့လို့ ထင်မြင်ကြတာပါ။ ဖွဲ့စည်းပုံ ကလည်း အရမ်းကို တင်းကြပ်ပါတယ်။ အဲဒါနဲ့ စပ်လျဉ်းပြီး အဓိက အကြောင်း အချက်နှစ်ချက်ကို ထောက်ပြပါတယ်။

(တစ်) ဘိန်းစိမ်းကနေ ပြုပြင်ပြောင်းလဲခြင်းက အခြေခံအားဖြင့် သယ်ယူပို့ဆောင်ရေးမှာ အဆင်ပြေလွယ်ကူတယ်။ စားသုံးတာတို့၊ သောက်တာ ရှူရှိုက်လို့မရတဲ့ စိန်ဝါဖြစ်တယ်။

(နှစ်) လက်ဝါးကြီးအုပ်ထိန်းချုပ် ဖြတ်တောက်တဲ့ အဖွဲ့ဖြစ်တယ်။ မူးယစ်ဆေးဝါး ကုန်ပစ္စည်းအားလုံးနီးပါးက တိုင်းမြန်မာနယ်စပ်မှာ အရောင်း အဝယ်လုပ်ကြတာပါ။ တရုတ်ပြည်ကို ခေတ္တယာယီအနေနဲ့ ဘေးဒုက္ခမပေးနိုင် သေးပါဆိုတဲ့ အချက်နှစ်ချက်ပါပဲ။

အစပိုင်းတုန်းကတော့ မူးယစ်ဆေးဝါးမှောင်ခိုချမှုက တရုတ်ပြည် နယ်နိမိတ် အတွင်းပိုင်းကို အသုံးမပြုသေးပါ။ ထိုင်းနဲ့ လောဘက်ဆီကိုသာ အဓိက ဦးတည်ပါတယ်။ ၈၀ ခုနှစ်နောက်ပိုင်း၊ ဗကပ လက်နက်ကိုင်တပ်ဖွဲ့ထဲက တားမြစ်ချက်အမိန့်ကို ချိုးဖောက်လိုက်တယ်။ အလုံးအရင်းနဲ့ တရုတ်ပြည်နယ်နိ မိတ်အတွင်းမှာ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်လေတယ်။ မျက်နှာစာဟာ ထိုအချိန် ထိုကာလက အစပြုပြီး ထိန်းမနိုင်၊ သိမ်းမရ အချီကြီးတွေ ဖြစ်ပြီးရင်း ဖြစ်သွားလေတယ်။

ထိုတုန်းက ဗကပတို့ စိန်ဝါထုတ်လုပ်မှုရယ်၊ မှောင်ခိုချတဲ့ လုပ်နည်း လုပ်ဟန်က ဒီလိုပါ။ ''ဗဟိုရဲ့ ''၈-၁၉'' က စစ်နယ်မြေဒေသအသီးသီးမှာ တချို့အပိုင်းတွေခွဲပြီး လုပ်ကိုင်ပါတယ်။ ဒါကို အလွှာအသီးသီးက ဘဏ္ဍာရေး ဌာနက တာဝန်ယူကြပါတယ်။ ပါတီ (ဒါမှမဟုတ်) စစ်တပ်က အရေးပါ အရာ ရောက်တဲ့ ခေါင်းဆောင်တွေက ဒီအဖွဲ့အစည်းကို တိုက်ရိုက်ညွှန်ကြားတာတို့ ထိန်းချုပ်တာတို့တွေ ရှိပါတယ်။ စစ်ဒေသအသီးသီးရဲ့ လုပ်နည်းလုပ်ဟန် မတူကြပါ။ တချို့က သီးခြားစခန်း ''အထူးထုတ်ကုန်'' ကုန်သွယ်ရေး ကုမ္ပဏီ တွေ တည်ထောင်ကြပါတယ်။ ဥပမာ - သာဓကအနေနဲ့က အရှေ့မြောက်ပိုင်း စစ်ဒေသမျိုးပေါ့။ တချို့ဆို အခြေခံတပ်ဖွဲ့အလွှာအသီးသီးကနေ တာဝန်တွေ ခွဲဝေပေးတဲ့ ပုံစံမျိုးတွေပေါ့။ ဥပမာ သာဓကအားဖြင့် ''၈-၁၅'' စစ်ဒေသမျိုး။ အဲဒီယန္တရား အဖွဲ့အစည်းတွေက ဘိန်းနှင့် ပြုပြင်မွမ်းမံထားတဲ့ စိန်ဝါရဲ့ ပြီး ပြည့်စုံတဲ့ အစိတ်အပိုင်းတွေ မဟုတ်သေးချေ။ ထိုတုန်းက စည်းကမ်းသတ်မှတ် ထားချက်အရဆိုရင် ဒီလက်အောက်ခံ ယန္တရားအဖွဲ့တွေဟာ သူတို့ရဲ့ အခြေခံ ကျကျလုပ်ရမယ့် တာဝန်ဝတ္တရားက ဘိန်းဝယ်ယူ သိမ်းဆည်းရေးသာဖြစ်တယ်။ စိန်ဝါဖြန့်ဖြူးရောင်းချတဲ့ အခွင့်အာဏာမရှိချေ။ ပြုပြင်မွမ်းမံထုတ်လုပ်ရရှိတဲ့ စိန်ဝါကို ယေဘုယျအားဖြင့်တော့ ဗကပ လက်နက်ကိုင်တပ်ဖွဲ့က စေလွှတ်တဲ့ အထူးသယ်ယူပို့ဆောင်ရေးလက်နက်ကိုင်တပ်ဖွဲ့ကသာ စောင့်ကြပ် ပို့ဆောင်ကြ ရပါတယ်။ အဲဒီပို့ဆောင်ရေးတပ်ဖွဲ့ခွဲက ''၈-၁၅'' အဖွဲ့သတ်မှတ်ထားတဲ့ လျှို့ ဝှက်ဆုံချက်ဆီ သယ်ဆောင်သွားရမယ်။ နောက်မှ ထပ်မံပြီး သီးခြားကျွမ်းကျင်သူ က ကြပ်မတ်စစ်ဆေးပြီး ဂိုဒေါင်သွင်းရမှာဖြစ်တယ်။ စောင့်ကြပ်ပို့ဆောင်တဲ့ ခရီးစဉ် အစကနေ ထိုင်းမြန်မာနယ်စပ် ရောက်ရှိပြီး ကိစ္စပြီးမြောက်တဲ့အထိ တခြားအဖွဲ့အစုက တာဝန်ယူကြရပါမယ်။ သူတို့ဟာ စိန်ဝါကို ဖြန့်ချိရောင်းချရ မယ့် အထူးသတ်မှတ်ထားတဲ့ သူတွေဖြစ်ရပါမယ်။ ဒီတော့ ဘိန်းသိမ်းဆည်း ဝယ်ယူတာ၊ စိန်ဝါဖြစ်အောင် မွမ်းမံပြုပြင်တာ၊ ဒီလူနှစ်စုကို တသီးတခြားစီ လုပ်ငန်းတာဝန်ခွဲခြားထားပါတယ်။ လမ်းကြောင်းနှစ်ကြောင်းဟာ ဒွေးရောယှက် တင် ပူးသွားလို့ မဖြစ်ပါဘူး။

ဒီအချက်ဟာ ''၈-၁၉'' အတွင်းပိုင်းမှာ တည်ဆောက်ထားတဲ့ ဘဏ္ဍာ ရေး အဝင်၊ အထွက်စာရင်းဇယားမှတ်တမ်းမှတ်ရာမှာ အသေးစိတ် ရေးမှတ် ထားပါတယ်။ အဖွဲ့ဝင်အင်အား၊ လုပ်ခငွေကြေး၊ ပြုပြင်မွမ်းမံ ကုန်ကျမှု ရင်းနှီး ငွေ၊ လက်ကားဖြန့်ချိရေးဈေးနှုန်း၊ တစ်သုတ် တစ်သုတ် ကုန်ပစ္စည်းရဲ့ အမြတ် အစွန်း အစရှိတဲ့ စာရင်းအင်းတွေဟာ သေးနုတ်တဲ့ အကြောင်းကိစ္စမဟုတ်ပါလို့ ပြောနိုင်ပါတယ်။ စာရင်းအင်းထဲ အစွမ်းကုန် ရေးထည့်ထားပါတယ်။ ''၈-၁၉'' က တဒင်္ဂအချိန်တိုကလေးမှာ အာဏာကို အိတ်သွန်ဖာမှောက် အစွမ်းကုန် သုံးလိုက်ပါတယ်။ အကြိမ်တိုင်း ကြီးမားတဲ့ ''အထူးကုန်'' သယ်ယူပို့ဆောင်ရေး နှင့် ရောင်းချရေးတွေမှာ အရေးပါတဲ့ ပုဂ္ဂိုလ်ကို စေလွှတ်ပြီး ကိုယ်တိုင်ကြီးကြပ် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒီလိုမျိုး ဒီဂရီမြင့်မြင့်မားမား အခွင့်အာဏာကို ''၈-၁၉'' အဖွဲ့သားကို အလွန်ကြီးမားတဲ့ အမြတ်အစွန်း အခွင့်အလမ်းပေးအပ် လိုက်ပါတယ်။ နောက်ပိုင်းတွေမှာ ဗဟိုခေါင်းဆောင်အများအပြားရဲ့ ဆွေမျိုး သားချင်းတွေပါ ''၈-၁၉'' အဖွဲ့သားတွေအဖြစ် ဖြန့်ကျက်ဝင်လာကြတယ်။ သူတို့တွေ တစ်ဦးချင်းရဲ့ ခါးပိုုက်ဆောင်ပိုက်ဆံအိတ်တွေထဲမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကလာတဲ့ ငွေမည်းတွေ ဖောင်းကားပြည့်လျှံကုန်လေ တယ်။

အပင်ပန်းဆုံး၊ ဆင်းရဲဒုက္ခ အရောက်ရဆုံးသူတွေကို အကြမ်းဖျဉ်း ထောက်ပြရမယ်ဆိုရင် အဲဟို ဝတွေ၊ ကချင်တွေ၊ လားဟူတွေဆိုတဲ့ စစ်သည် ရဲဘော်တွေပါပဲ။ ဟိုးယခင် ယခင်တွေကဆို စစ်ချီစစ်တပ်၊ ခရီးထွက်၊ စစ်တိုက် ကြတဲ့ အချိန်အခါတိုင်း သူတို့ရဲ့ ကျောပေါ်၊ ပခုံးတွေပေးမှာ ရိက္ခာခြောက်တွေ၊ သေနတ်တွေ၊ ကျည်ဆံတွေ ထမ်းထား၊ ပိုးထား၊ လွယ်ထားကြရပါတယ်။ ဟော မူးယစ်ဆေးဝါးဆိုတဲ့ အရာကြီး ချဉ်းနင်းဝင်ရောက်လာတော့ စစ်ချီစစ်တက်တဲ့ ခရီးလမ်းပန်းမှာ စိန်ဝါဆိုတာ တိုးလာပါတယ်။ တပ်သားတိုင်း မထမ်းရဘူးဆိုရင် တောင် အနည်းဆုံး ၁-၂ ကီလိုဂရမ် ထမ်းကြရတယ်။ များပြီလားဆိုရင် ၃-၅ ကီလိုဂရမ် ဖြစ်သွားရော။ လူများတော့ ခွန်အားကြီးမားတာပေါ့လေ။ ဟော လားတွေ၊ မြင်းတွေ မလုံလောက်တဲ့ သယ်ယူပို့ဆောင်ရေး အခက်အခဲကို အလိုလိုဖြေရှင်းပြီးသား ဖြစ်သွားပါလေရော။

၁၉၈၀ ခုနှစ် နှစ်ကုန်ပိုင်းကရော ၁၉၈၁ ခုနှစ် နှစ်ဆန်းပိုင်းအထိ။ 

ဗကပ ပြည်သူ့တပ်မတော်က အမှတ် ၆၈ တပ်မအသစ် ဖွဲ့စည်းလိုက်ပါတယ်။ ထိုင်းမြန်မာ အခြေစိုက်နယ်မြေစခန်းတစ်ခု ဖွင့်လှစ်ဖို့ ပြင်ဆင်လိုက်ခြင်းပါပဲ။ အခက်ကြီးခက်နေတာက ကုန်ကျစရိတ်မရှိဘူးလေ။ လူသူအင်အား၊ မြင်းကောင် ရေ၊ လားကောင်ရေ အင်အားဖွဲ့စည်းတည်ဆောက်ရမယ့်အနေအထားအထိ တစ်လျှောက်လုံး ဖြစ်မလာသေးပါ။ ဒါကြောင့်လည်းပဲ ခရီးရှည် စစ်ချီလို့ မဖြစ်နိုင်သေးပါ။ နောက်ဆုံးမှာ ဗဟိုက အတင်းကြိမ်တို့ပြီး မောင်းနေပြီလေ။ မတတ်သာဘဲ ဆုံးဖြတ်လိုက်ရပါတယ်။ ''၈-၁၉'' က ဘိန်းနှင့် စိန်ဝါကို အတင်း '' ဆွဲနုတ်ယူ'' ပြီး တပ်မ ၆၈ တပ်ဗိုလ်တပ်သားတွေဆီ ပေးအပ်လိုက်ပါတယ်။ ဒါတွေကို ထိုင်းမြန်မာနယ်စပ် ''ကူးသန်းရောင်းဝယ်မှု'' ဆောင်ရွက်လိုက်တယ်။ ဒီလိုနဲ့ပဲ တပ်ဖွဲ့အသုံးစရိတ် ရင်းမြစ်ပြဿနာကို ဖြေရှင်းလိုက်ပါတယ်။ ဒါဟာ ထိုင်းမြန်မာတောင်စွယ်တောင်တန်းတွေကြားက ဘိန်းကုန်သွယ်မှု ခရီးလမ်းပန်း တွေထဲက ဘိန်းလက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့ ထပ်မံတိုးလာချေပြန်ပြီ။ ဒီအချိန် ကာလမှာပဲ ထိုင်းမြန်မာနယ်စပ်မှာ တက်တကြွ်ကြွကလှုပ်ရှားနေကြတဲ့ ယဲန် ရှောင်စွတ်တပ်ဖွဲ့က ကြည့်ပြီး သွားရည်တမြားမြား ကျလို့လာလေတယ်။ မြန်မြန်ဆန်ဆန်ပဲ သူတို့နှင့် သဘောတူညီမှု ရရှိသွားပါတယ်။ ထုတ်လုပ်တဲ့ စိန်ဝါတစ်စိတ်တစ်ပိုင်းကို ကန်ထရိုက်ယူဖြန့်ချိဖို့ကို တာဝန်ယူလိုက်လေတယ်။

ဒီတပ်ဖွဲ့ရဲ့ စစချင်း လုပ်ဆောင်ချက်ကို ဗကပ ချမှတ်ထားတဲ့ စည်း ကမ်းချက်အတွင်းက ဘိန်းကုန်စည်ကူးသန်းရောင်ဝယ်တဲ့ တပ်ဖွဲ့စာရင်းထဲ ထည့်သွင်းထားလို့ ရနိုင်ပါသေးတယ်။ ၈၀ ခုနှစ် အလယ်ပိုင်းကာလကို ရောက် လာတာနဲ့ ခြေလှမ်းတွေ ရှုပ်ထွေးလာပါတယ်။ အများဆုံး ပိုင်ဆိုင်တဲ့ ''အထူး ကုန်ပစ္စည်း'' က ကြာလေ ကြာလေ လျော့နည်းလာလေ ဖြစ်လာတယ်။ ပုဂ္ဂလိ က တစ်ဦးချင်း ကြားညှပ်သယ်ဆောင်လာတာက ကြာလေကြာလေ များလာ လေဖြစ်လာတယ်။ ဒီအထဲက တဟုန်ထိုး ချမ်းသြွာကယ်ဝလူတွေထဲကဆို ရင် မူလယူနန်ပညာတတ်လူငယ် ချဲကျွိဟာ အဲဒီထဲကတစ်ယောက်ဖြစ်တယ်။ ချဲကျွိဟာ တရုတ်ပြည် ယူနန်ပြည်နယ် ဝံစန်းကြိုး ဇာတိသားဖြစ်ပါတယ်။ မိဘတွေ စောစောပိုင်းကတည်းက အိမ်ထောင်ကွဲသွားကြတယ်။ ချဲကျွိမိခင်နှင့် လိုက်ပါပြီး ခွန်မင်းမှာ နေထိုင်ကြပါတယ်။ ၁၉၆၈ ခုနှစ်မှာ တရုတ်ပြည်ကြီးက လူငယ်လူရွယ်တွေ ကျေးလက်ဆင်းရေးလှုံ့ဆော်တဲ့ အရေးတော်ပုံကြီးမှာ် ချဲကျွိလည်း ခွန်မင်းမြို့ကြီးကနေ နယ်ခြားဒေသဆီ ဆင်းလာပါတယ်။ ဆင်းရဲ တဲ့ လယ်သမားလူလတ်တန်းစားထဲ ဝင်ပြီး ကိုယ့်ကိုကိုယ် ပြုပြင်ပညာပေးရေး ကို ပါဝင်လုပ်ဆောင်ပါတယ်။ ၁၉၇၀ ခုနှစ်ရောက်တော့ နယ်စပ်ဖြတ်ကျော်ပြီး ရဲဘော်ချေဂွေဗားရား စိတ်ဓာတ်နဲ့ ဗကပလက်နက်ကိုင် ပြောက်ကျားတပ်ဖွဲ့ထဲ ဝင်လိုက်တယ်။ သူ့ရဲ့ဒေသခံ ဝတိုင်းရင်းသားတို့ထက် အသိအမြင် ဗဟုသုတ ြွကယ်ဝမှု၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှု၊ ပင်ပန်းဆင်းရဲ အကြမ်းပတမ်း ခံနိုင်ရည်ရှိမှု၊ ဒါ့အပြင် တိုက်ပွဲမှာ သူရသတ္တိရှိပြီး သေရမှာ မကြောက်တတ်မှု စတဲ့ အရည်အချင်းတွေကြောင့်ရယ် တိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့တဲ့ အကျိုးတွေကြောင့် မြန်မြန်ဆန်ဆန်ပဲ ချီးမြှင့်မြှောက်စားခံရလေတယ်။ မကြာခင် မှာပဲ ပြည်သူ့တပ်မတော် အမှတ် (၆) တပ်မဟာရဲ့ နိုင်ငံရေးကော်မတီနေရာ ကို တင်ပေးလိုက်ပါတယ်။

၁၉၇၈ ခုနှစ်ကစတင်ပြီး အဲဒီတပ်မဟာက ထိုင်းမြန်မာနယ်စပ်က လက်နက်ကိုင် ''အထူးကုန်'' စောင့်ကြပ်ပို့ဆောင်တဲ့ တာဝန်ကို ထမ်းဆောင်ရပါ တယ်။ စစချင်းတုန်းက ချဲကျွိအတော့်ကို ကြိုးစားပမ်းစားနဲ့ ပေးအပ်သမျှတာဝန် ကို ကျေပွန်ခဲ့ပါတယ်။ နောက်ပိုင်းတော့ တဖြည်းဖြည်းတော့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ ဗကပ အမှတ် (၆) တပ်မဟာ အခြေစိုက်တဲ့ နယ်မြေ ဒေသ နယ်နိမိတ်က ထိုစဉ်တုန်းက ဗကပဗဟိုရုံးစိုက်တဲ့ ပန်ခန်းတောင်ဘက် ခါကျန်းမြစ်တောင်ဘက် နယ်မြေဒေသဖြစ်ပါတယ်။ အမှတ် (၆) တပ်မဟာ ထိုတုန်းက ပိုင်းခြားနယ်မြေရဲ့ အင်အား အကျယ်အဝန်းက ထိုင်းမြန်မာနယ်နိ မိတ်အထိ ရောက်ရှိပါတယ်။ ကာကွယ်စောင့်ကြပ်ပို့ဆောင်ရေးရယ်၊ ''အထူး ကုန်'' ရောင်းချရေး တာဝန်ဝတ္တရားတို့ဟာ အလိုအလျောက်ပဲ အမှတ် (၆) တပ်မဟာအပေါ် သက်ရောက်နေပြီဖြစ်တယ်။ ချဲကျွိဟာ ''အထူးကုန်'' ကိစ္စ ဆောင်ရွက်တာမှာ် ပြောင်ပြောင်မြောက်မြောက် စွမ်းဆောင်နိုင်တာကြာင့် ဗကပ ဗဟိုကော်မတီရဲ့ ချီးမွမ်းမှုတစ်လျှောက်လုံး ရရှိခဲ့ပါတယ်။

၁၉၈၅ ခုနှစ်။ ယဲန်ရှောင်စွတ်နှင့် ခွန်ဆာတပ်ဖွဲ့တို့ ထိုင်းမြန်မာနယ်စပ် မှာ အကြီးအကျယ် တိုက်ကြ ခိုက်ကြပါတယ်။ ယဲန်ရှောင်စွတ်နှင့် ချဲကျွိတို့ နှစ်ပေါင်းများစွာ အတူလက်တွဲပြီး စိန်ဝါကို ကန်ထရိုက်စွဲ ရောင်းချခဲ့ကြတဲ့ ခင်မင်မှုတွေ ရှိခဲ့ကြတာကြောင့်၊ ချဲကျွိဟာ သူ့တပ်ဖွဲ့စေလွှတ်ပြီး ယဲန်ရှောင်စွတ် ဘက်က ဝိုင်းကူတိုက်ပေးပါတယ်။ ဒါ့အပြင် ထိုင်းမြန်မာ နယ်နိမိတ် ခွန်ဆာရဲ့ ပေါ့စန်းအချက်အချာနေရာတွေကို တိုက်ခိုက်သိမ်းယူလိုက်တယ်။ သိမ်းယူတဲ့ နယ်မြေတွေ အတော်လေးများပါတယ်။ ချဲကျွိ၊ ယဲန်ရှောင်စွတ်၊ ချဲယဲန် မဟာမိတ် အား ပိုပြီး တည်ငြိမ်သွားပါတယ်။ အကြောင်းသိသူတွေရဲ့ ဖော်ထုတ်ချက်အရ ၁၉၈၅-၁၉၈၉ ခုနှစ် ဗကပ ပြိုကွဲပျက်စီးသွားတဲ့ ကာလအတွင်းမှာပဲ ချဲကျွိတပ် နှင့် ယဲန်ရှောင်စွတ်တပ် ပုဂ္ဂိလိကချင်း ''အထူးကုန်ပစ္စည်း'' ကုန်သွယ်ရေးမှာ ထိုင်းဘတ်ငွေ သန်း ၃၀ဝ မြင့်မြင့်မားမားရလိုက်ကြတယ်။ (ခန့်မှန်းခြေ ဒေါ်လာ ၁၂ သန်းနဲ့ ညီမျှပါတယ်)

၁၉၈၆ ခုနှစ်မတိုင်ခင်က ဗကပတွေ မူးယစ်ဆေးဝါးကို ပြုပြင်မွမ်းမံ ထုတ်လုပ်တယ်ဆိုပေမယ့်လည်း စိန်ဝါထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင် ရောင်း ချမှုမှာသာ အခြေခံထားပါတယ်။ မူးယစ်ဆေးဝါးမှောင်ခိုချတဲ့ အဓိက ဦးတည် ချက်က ထိုင်းနှင့် လောဘက်ဆီကိုကသာ ဖြစ်တယ်။ ဒါပေမဲ့ ၁၉၈၆ ခုနှစ် ဧပြီလနောက်ပိုင်း၊ ဗကပမှာ ပထမဦးဆုံး ဟီးရိုးအင်း ဘိန်းဖြူထုတ်လုပ်တဲ့ စက်ရုံရှိလာပါတယ်။ အဲဒီစက်ရုံက ချဲကျွိကနေ တားမြစ်ချက်ကို ချိုးဖောက်ပြီး ဖွင့်လှစ်တည်ဆောက်လိုက်တဲ့ စက်ရုံဖြစ်တယ်။ ဒီစက်ရုံကို ထိုစဉ်က နုန်းမော်လို့ ခေးတဲ့ နေရာမှာ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ ချဲကျွိဟာ ငွေကြေး အမြောက်အမြားသုံးပြီး ထိုင်းနိုင်ငံကနေ အတတ်ပညာရှင်ကို ပင့်လာပြီး ညွှန် ကြားစေခဲ့ပါတယ်။ အဲဒီက အစပြုပြီး ဟီးရိုးအင်း် ဘိန်းဖြူပြုပြင်မွမ်းမံရေးကို အစပျိုး လုပ်ဆောင်လိုက်တာပါပဲ။

ချဲကျွိရဲ့ ဇာတ်သိမ်းပိုင်းကတော့ အလွမ်းဇာတ်ပါ။ မကြာခင်မှာပဲ သူဟာ ဝညွန့်ပေါင်းတပ်ဖွဲ့အတွင်းပိုင်းက သားကောင်ဖြစ်သွားရရှာတယ်။ ၁၉၈၉ ခုနှစ်နောက်ပိုင်း ချဲကျွိဟာ မူလ ဗကပ အလယ်ပိုင်းစစ်ဒေသကနေ ဝညွန့်ပေါင်းတပ်ဖွဲ့အမှတ် (၄၂၀) တပ်မမှူးရာထူး ခုန်တက်သွားပါတယ်။ ၄င်းတပ်မရဲ့ ဘဏ္ဍာရေးကိုပါ ကိုင်တွယ်ပါတယ်။ တပ်မ (၄၂၀) က ထိုင်းမြန်မာ နယ်စပ်မှာ အခြေစိုက်ပါတယ်။ နောက်ပိုင်း တပ်မ (၄၂၀) မှာ များပြားလှတဲ့ သာမန်မဟုတ်တဲ့ လှုပ်ရှားမှုတွေ ပေါ်ပေါက်နေပြီဖြစ်တယ်။ ချဲကျွိမှာ တသီး တခြား ရပ်တည်လိုတဲ့ ဘက်ကို ယိမ်းနေပါတယ်။ ဝအဖွဲ့အစည်းခေါင်းဆောင် အလွှာက ဒါကို ဖြေရှင်းဖို့ ဆုံးဖြတ်ချက်ချထားပါတယ်။ ၁၉၉၀ ခုနှစ် နေ့တစ်နေ့ စည်းဝေးဖို့ဆိုပြီး ချဲကျွိကို ပန်ခန်းဌာနချုပ်ဆီ ခေါ်ယူလိုက်တယ်။ ဝအဖွဲ့အစည်း ဗဟိုသက်တော်စောင့်တပ် တပ်ရင်းမှူး နိတုန်းက အထက်အမိန့်အရ ချဲကျွိကို ဖမ်းဆီးလိုက်တယ်။ ဒီနောက်တော့ မြောက်ပိုင်း ဝခရိုင် ဗဟိုကိုယ်ရံတော်တပ် ဖွဲ့ တပ်ရင်းရဲ့ မြေကျင်းထဲ ထည့်ထားလိုက်တယ်။ နှောင့်နှေးကြန့်ကြာအောင် မလွှတ်ဘဲ ချုပ်နှောင်ထားတာကြောင့် ချဲကျွိဟာ ''မြေကျင်း'' ထဲမှာပဲ သေဆုံး သွားပါတယ်။

ချဲကျွိသေပြီးတဲ့နောက် ၄၂၀ တပ်မကို ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။ တစိတ်တပိုင်းကို တပ်မ ၅၂၅ ထဲ ပေါင်းထည့်လိုက်ပြီး ဝညွန့်ပေါင်း တပ်တောင် ပိုင်းစစ်ဒေသကို တည်ထောင်လိုက်တယ်။ ကိုယ်စားပြုအမှတ်က ၁၇၁ ဖြစ် တယ်။ ''၁၇၁ စစ်ဒေသ'' လို့လည်း ခေါ်ကြပါတယ်။ ဝေ့ရွှေလုံ၊ ဝေ့ရွှေကန်းတို့က ရှေ့ဆင့်နောက်ဆင့်ပဲ တပ်မှူးတာဝန်ကို ထမ်းဆောင်ကြရပါတယ်။

ရင်ထဲ စို့နင့်စဖွယ် ကောင်းလှတဲ့ ချဲကျွိရဲ့ ဇာတ်သိမ်းခန်းကို ထိုတုန်းက ဗကပတို့ရဲ့ သေးသေးမွှားမွှားပုံရိပ်ကလေးတစ်ခုသာ ဖြစ်တယ်။ လက်တွေ့တွေ မှာ စောစောကတည်းက ''၅-၁'' အဖွဲ့ ဇာတ်မထွက်ခင်ကတည်းက ရှိနှင့်ပြီးသား တွေပါ။ ထိုတုန်းက ဗကပအရှေ့မြောက်ပိုင်း စစ်ဒေသမှာ တစ်စုံတစ်ယောက်က တလောကလုံးရဲ့ ဝိုင်းဝန်းရှုတ်ချမှုကို နည်းနည်းလေးမှ အမှုမထားဘဲ မိမိရဲ့ အတ္တအကျိုးအတွက် ဘိန်းကနေ အမြတ်ထုတ်ယူခဲ့ဖူးပါတယ်။

ဖုန်ကျားရှင်။ 

သူ ၁၉၆၈ ခုနှစ်မှာ ဗကပ ပြည်သူ့တပ်မတော်ထဲ ဝင် ရောက်လာတယ်။ သူ ဝင်လာပြီးတဲ့နောက်မှာ ဖြစ်ရပ်တစ်ခုက ပေါ်ပေါက်လာ တယ်။ အရှေ့မြောက်ပိုင်းစစ်ဒေသ ကိုးကန့်နယ်မြေတာဝန်ခံက ကိုးကန့်ကထွက် တဲ့ အရည်အသွေး အင်မတန်ကောင်းတဲ့ ဘိန်းစိမ်း ၁၅၀ ကီလိုဂရမ်ကို ဖမ်းမိ လိုက်တယ်။ ဖမ်းဆီးမိထားတဲ့ အဲဒီ ဘိန်းစိမ်းတွေကို အရှေ့မြောက်ပိုင်းစစ်ဒေသ ဂိုဒေါင်ထဲ ထည့်သိမ်းထားလိုက်တယ်။ ဂိုဒေါင်ကို စောင့်ကြည့်တဲ့သူက အင်ဒိုနီး ရှား်ကွန်မြူနစ်ပါတီကနေ ဗမာကွန်မြူနစ်ပါတီဆီ ကူးပြောင်းလာတဲ့ လူငယ်တစ် ယောက် ဖြစ်နေတယ်။ သူ့ရဲ့ မြန်မာနာမည်က အောင်နိုင်ပါ။

အောင်နိုင် ကုန်ပစ္စည်းထိန်းသိမ်းရေးတာဝန်ယူပြီးတဲ့နောက်မှာ တာ ဝန်ဝတ္တရားကို အစွမ်းကုန် ကြိုးစားပမ်းစား ဆောင်ရွက်ပါသေးတယ်။ ၁၉၇၆ ခုနှစ် နှစ်ဦးပိုင်း၊ ဗကပလက်နက်ကိုင်တပ်ဖွဲ့က ကိုးကန့်၊ ပေဝ (မြောက်ပိုင်းဝ)၊ နုန်ဝ (တောင်ပိုင်းဝ)၊ ကျင်ပေ (ကျိုင်းတုံမြောက်ပိုင်း) လေးခရိုင် ခရိုင်မှူးတွေကို ဆင့်ခေါ်လိုက်တယ်။ ဘဏ္ဍာရေးကဏ္ဍကို ဆွေးနွေးကြပါတယ်။ ဒီအစည်းအဝေး မှာ ဖုန်ကျားရှင် တက်ရောက်ပါတယ်။ ခရိုင်မှူးနှင့် ခရိုင်ကော်မတီအတွင်းရေးမှူး အသီးသီးက မိမိတို့ရဲ့ နယ်မြေတွင်းရဲ့ ဘဏ္ဍာရေးအကြပ်အတည်းကို တဖွဲဖွဲ တင်ပြကြပါတယ်။ ဘိန်းစိမ်းကို အခွန်ငွေအဖြစ် ကောက်ခံဖို့ တင်ပြကြပါတယ်။ ထိုစဉ်တုန်းက တင်ပြကြတာကတော့ ပိုက်ဆံကို ကောက်ခံသိမ်းဆည်းမယ်။ ဘိန်းကို မသိမ်းပါ။ ဘာကြောင့်ဆိုရင် ဘိန်းပြဿနာဝင်ရောက်စွက်ဖက်လာမယ့် အရေးကို ဗကပတို့ ပါတီတွင်းက ကြိုတင်ပြီး မြင်ထားကြပါတယ်။ အစည်းအဝေး ပွဲမှာတော့ ဆုံးဖြတ်ချက်ကို စာတစ်လုံး ပေတစ်ဖွဲ့မှ ရေးမှတ်ထားမှု မရှိချေ။ ဒါကို ခရိုင်မှူး၊ ခရိုင်ကော်မတီအတွင်းရေးမှူးတွေက ကြိတ်ပြီး သဘောပေါက် သွားပါတယ်။ အသီးသီး ကိုယ့်အတွက်ကိန်းနဲ့ကိုယ် ရှိကြပါတယ်။ အောင်နိုင်က အစည်းဝေးတက်ရောက်ခွင့်ရတဲ့ အလုပ်သမားအနည်းစုထဲက လူတစ်ယောက်ပါ။ သိမ်းဆည်းထားတဲ့ ဘိန်း ၁၅၀ ကီလိုဂရမ်နဲ့ နဖူးတွေ့ ဒူးတွေ့ ထိတွေ့နေရတဲ့ အောင်နိုင် သုံးရက် သုံးညလုံးလုံး တစ်ကိုယ်တည်း အကြိတ်အနယ် စဉ်းစား ခန်းတိုက်ပွဲ ဝင်နေရတယ်။ နောက်ဆုံးတော့ စစ်ရိက္ခာ သိုလှောင်ရုံထဲက ဘိန်း စိမ်း ၁၅၀ ကီလိုဂရမ်ကို ထိုးစစ်ဆင် တိုက်ခိုက်လေတယ်။

ဝယ်မယ့်သူကို အောင်နိုင် လျှို့ဝှက်ဆက်သွယ်လိုက်တယ်။ မှောင်မိုက် တဲ့ ညတစ်ည။ သူနဲ့ အမြဲတမ်း သင့်မြတ်တဲ့ ရဲဘော်လေးတွေကို ငွေပေးငှား ရမ်းလိုက်တယ်။ နှစ်အတန်ကြာကြာ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဘိန်း ၁၅၀ ကီလိုဂရမ်ကို အပိုင်စီးလိုက်တယ်။ လက်ထဲ ငွေတပုံ တခေါင်းကြီး ရောက်လာတာပေါ့။ ဒီအကြောင်းကိစ္စကို သိရှိသွားတဲ့ ဒုဦးစီးမှူး ဖုန်ကျားရှင် အကြီးအကျယ် ဒေါသပေါက်ကွဲသွားတယ်။ အောင်နိုင်ကို ဖမ်းဆီးထောင်ချ လိုက်ဖို့ အမိန့်ချမှတ်လိုက်တယ်။ နောက်ဆုံးတော့ မိတ်ဆွေပါတီက လာတဲ့ ရဲဘော်ဖြစ်နေတဲ့အတွက် ဒီကိစ္စကို ရေငုံနှုတ်ပိတ်နေလိုက်ကြတယ်။

အောင်နိုင် ဘိန်းခိုးထုတ်ရောင်းချတဲ့အဖြစ်ဟာ ဗကပ ဘိန်းကုန်သွယ်မှု လုပ်ငန်းရဲ့ မြစ်ကြောင်းအစပါပဲ။

၈၀ ခုနှစ်ထဲ ဝင်ရောက်လာပြီးတဲ့ နောက်ပိုင်းကာလ။ ကမ္ဘာ့နေရာ ဒေသအသီးသီးမှာ ဇောက်ထိုးမိုးမျှော် ပြောင်းလဲမှုကြီးတွေ ပေါ်ပေါက်နေပါတယ်။ ဆိုဗီယက်ရုရှားပြိုကွဲပျက်စိခြင်း၊ အရှေ့ဥရောပကြီး ပြောင်းလဲသွားခြင်း၊ ''စစ် အေးတိုက်ပွဲ '' အလျင်အမြန် ပြီးဆုံးသွားခြင်း။ ကမ္ဘာတစ်ခွင်လုံးက အရှေ့ အနောက် ထိပ်တိုက်ရင်ဆိုင်နေကြတဲ့ အင်အားကြီးနှစ်ရပ် တပ်စခန်းကြီးတွေ ထပ်မံမတည်ရှိကြတော့ပါ။ ထိပ်တိုက်ရင်ဆိုင်မှုတွေက ထိပ်တိုက်စကားဆိုကြတဲ့ အဖြစ်ကို ရောက်သွားကြတယ်။ တင်းမာမှုတွေက သိမ်မွေ့မှုတွေဖြစ်သွားတယ်။ စီးပွားရေးအကြောင်းရပ်က နိုင်ငံတကာ အရေးအခင်းတွေမှာ ပိုများမြောင်တဲ့ နေရာထိုင်ခင်းတွေမှာ ဝင်ယူနေပါပြီ။ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးတို့ဟာ ကမ္ဘာ လောကကြီးတခွင်လုံးရဲ့ စည်းချက် ဝါးချက်လိုက်ပေးတဲ့ သံစဉ်တွေပါပဲ။ တရုတ်ပြည်နှင့် မြစ်တစ်မြစ်သာ ကာခြားထားတဲ့ မြန်မာတွေ ဒီလိုမျိုး အပြောင်း အလဲတွေကို တွေ့မြင်နေကြပါပြီ။ နှစ်ဖက် နယ်စပ်ကုန်သွယ်ရေးတွေ အရှိန် အဟုန် မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်လာပါတယ်။ ဗကပဟာ ကြီးမားတဲ့ ဆုံးရှုံးမှုကို ရင်ဝယ် တသိမ့်သိမ့် ခံစားနေရပါတယ်။ ဗဟိုအဆင့်ကနေပြီး အောက်ခြေနယ်မြေလေးတွေအထိ အနာဂတ်ရဲ့ ထွက်ပေါက်လမ်းကို ရှာဖွေနေ ကြချေလေပြီ။

ကျင့်ဝတ်စည်းကမ်းတွေ လျော့ရဲမှုကြောင့် ပိုမိုများပြားတဲ့ ဘယ်လိုနည်း နဲ့မှ ထိန်းမနိုုင် သိမ်းမရတဲ့ အရေးအခင်းတွေ ပေါ်ပေါက်လာလေတယ်။ ဗကပ အဆင့်အမြင့်ဆုံး ခေါင်းဆောင်တွေမှာ ဟီးရိုးအင်း ၅၀ ကီလိုဂရမ် အဖိုးနှုန်း ကြီးကြီးနှင့် ရောင်းချပြီး လူအနည်းငယ်က တစ်ကိုယ်ကောင်းဆန်ကြ၊ ဝေစုခွဲယူကြတဲ့ ကိစ္စရပ်ကြီး ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဒီအမှုအခင်းကြီးကို စုံစမ်းရှာဖွေလေ အစဖော်မရလေနဲ့ ကြုံတွေ့ရလေတယ်။ ၁၉၈၆ ခုနှစ် နောက် ပိုင်း ဗကပလက်နက်ကိုင်တပ်ဖွဲ့တစ်ခုလုံး မူးယစ်ဆေးဝါးနဲ့ ကင်းရှင်းတဲ့သူ မရှိသလောက် ဖြစ်ကုန်တယ်။ ပါတီရဲ့ အဆင့်မြင့် ကေဒါကနေ သာမန်တပ်သား ငယ်လေးအထိ၊ ကိုယ့်အစွမ်းတွေကို ပြကြပါတယ်။ အဆိုးရွားဆုံးကတော့ ဗကပဗဟိုက မူးယစ်ဆေးဝါးရေစီးကြောင်း တရုတ်ပြည်ဆီ စီးဝင်သွားတာကို ထိန်းချုပ်နိုင်စွမ်းမရှိတာဟာ အကြီးမားဆုံး ပြဿနာတစ်ရပ်ဖြစ်နေတယ်။ သံလွင်မြစ် အရှေ့ဘက်ကမ်းခြေဒေသတွေဟာ ကနေ့ ရွှေတြိဂံကြီး ပေါ်ပီပင် စိုက်ပျိုးတဲ့ အမြုတေဗဟိုချက်မကြီး ဖြစ်နေပါပြီ။

နောက်ပိုင်းမှာ ကိုးကန့်ဘုရင် ဖုန်ကျားရှင်ဟာ သူ့ကို ပါတီတွင်းကရယ်၊ စစ်တပ်တွင်းကရယ်၊ ဗမာလူမျိုးကြီးဝါဒသမား ကေဒါတွေရဲ့ တွန်းကန်ဖယ်ထုတ် မှုကြောင့် သူ့ခမျာ တကယ့်ကိုပဲ ဘာတစ်ခုမှ လုပ်လို့ကိုင်လို့ မရတော့တဲ့ ဘဝကို ဆိုက်ရောက်သွားတယ်။ ဒီတော့ အကန်ထုတ် ခံလိုက်ရတဲ့ ဖုန်ကျားရှင် ကျင်ပေခရိုင်ရဲ့ ဇာတိမြေဟို့တောင်ဆီကို ပြန်သွားပါတယ်။ ရွာအပြန်မှာ သက်တော်စောင့် တပ်သား လေးဆယ်လောက်သာပါသွားတယ်။ မိမိရဲ့ မထင် မရှားတဲ့ ဘဝကို စတင်လိုက်တယ်။ နောက်ဆုံးမှာ မထူးတော့တာနဲ့ ''ဖျားနာလို့'' ဆိုတဲ့ ဖုန်ကျားရှင် တိတ်တိတ်ကြိတ်ပြီး မနားတမ်း ကြိုးပမ်းအားထုတ်နေပါတယ်။

၁၉၈၇ ခုနှစ်၊ ဖုန်ကျားရှင်ရဲ့ သွန်သင်ဆုံးမ နည်းပေးလမ်းညွှန်မှုကြောင့် သူ့ရဲ့ ညီရင်းဖုန်ကျားဖုဟာ ကိုးကန့်ဒေသမှာ ကိုးကန့်တပ်ဖွဲ့ ညွှန်ကြားရေးမှူး တပ်ကို ဖွဲ့စည်းလိုက်တယ်။ သူ့ရဲ့ ဖဲတစ်ချပ်ကို ဖွင့်ချလိုက်တယ်။ ဖုန်ကျားဖုဟာ ရှေးစောစောကတည်းက ချပ်ဝတ်တန်ဆာကိုချွတ်၊ လယ်ယာကွင်းထဲဆင်း၊ သာမန်အရပ်သား ပြည်သူဖြစ်သွားခဲ့တာ ကြာချေပြီလေ။ ဗကပ ဗဟိုက သူ့ အပေါ် ဘယ်လိုမှ မတတ်နိုင်ရှာ။ ဒီဖဲချပ်တစ်ချပ် ပိုင်ဆိုင်လိုက်တာနဲ့ ဖုန်ကျား ရှင်တို့ ကိုးကန့်မှာ အင်အားတွေ မပြတ်တမ်း တိုးချဲ့လိုက်တယ်။ တသီးတခြား ကိုယ်ပိုင်အလံစိုက်ထူလိုက်တဲ့ လှုပ်ရှားမှုကြီး ခြိမ့်ခြိမ့်သဲတမျှ အိုးစည်ဗုံမောင်း တီးခတ်ပြီး တချီတမောင်း ဖုန်ကျားရှင်တို့ ကြိုးပမ်းနေကြခိုက်၊ ဗကပဗဟိုက ဒီလိုအချိန်မျိုးမှာ ''လမ်းစဉ်တိုက်ပွဲ'' ကိုလည်း အုံးအုံးြွကကြွ်ကက် ဆင်နွှဲနေ ခိုက်နဲ့ လာရောက်ကြုံကြိုက်နေပါတယ်။ ဖုန်ကျားရှင်တို့ ဘာတွေလုပ် ဘာတွေ လုပ်ကိုင်နေတယ်ဆိုတာကို ဗကပဗဟို အနံ့အသက်နည်းနည်းလေးမှ မရကြ။

နေဝင်းခေတ်ကာလတုန်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ရဲ့ ရှုံးနိမ့်မှုကို သင်ခန်းစာယူဖို့အတွက် ဗိုလ်ချုပ်ကြီးသန်းရွှေ (လက်ရှိ မြန်မာနိုင်ငံ နံပါတ်တစ် ခေါင်းဆောင်) က စီးပွားရေးဆောင်ရွက်မှုနှင့် တိုင်းရင်းသား မငြိမ်မသက်မှုကို လျော့ပါးရေးကို လုပ်ဆောင်ဖို့အတွက် ပါတီစုံ လွှတ်တော်စနစ်ရယ်၊ ပြင်ပတံခါး ဖွင့်မှုတွေကို ကျင့်သုံးဖို့ ဆုံးဖြတ်လိုက်လေတယ်။ (ပြည်ပရင်းနှီးမြှုပ်နှံမှုဥပဒေ) ကို ထုတ်ပြန်လိုက်တယ်။ ပုဂ္ဂလိက စီးပွားရေးကန့်သတ်ချက်တွေကို ရုတ်သိမ်း လိုက်တယ်။ မြန်မာနိုင်ငံ နိုင်ငံရေးပါတီတွေ မိုးတဖြိုက် နှစ်ဖြိုက်ရွာချတဲ့ မျှစ် စို့တွေလို ပါတီတွေ ပေါပေါများများ ပေါ်ထွက်လာကြတယ်။ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလအထိ မှတ်ပုံတင်သွင်းတဲ့ နိုင်ငံရေးပါတီပေါင်း ၂၃၃ ပါတီ ရှိ သွားပါတယ်။ မြန်မာ့စစ်တပ်အစိုးရရဲ့ အရွှေ့အပြောင်းက ဗကပတို့ရဲ့ နိုင်ငံရေး နှင့် လူထုအင်အား အခြေခံကြီးဟာ ပိုမိုပြီး ယုတ်လျော့သွားရလေတယ်။ ကာလရှည်ကြာကတည်းက ဆင်းသက်လာတဲ့ လူမျိုးရေး တိုက်တွန်းမှုကြီး ပြယ်သွားစေရေးအတွက် မြန်မာစစ်အစိုးရစစ်ထောက်လှမ်းရေးဌာနမှူး ဗိုလ်ချုပ် ခင်ညွန့် (ကနေ့ မြန်မာ့တတိယခေါင်းဆောင်) ဟာ ပိုမိုကြီးမားတဲ့ အာဏာနဲ့ အစိုးရဆန့်ကျင်တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ''စကားဆိုဆွေးနွေးရေးနှင့် ဆက် သွယ်ရေး'' ကိုအားပေးလှုံ့ဆော်လိုက်ပါတယ်။

နှစ်များစွာ မလှုပ်မရှားဘဲ ငြိမ်သက်နေတဲ့ တစ်ချိန်က ဘိန်းရာဇာ လော်စစ်ဟန် တစ်ချီတမောင်း တောင်တန်းတွေမှာ ထွက်ပေါ်လာပြန်ချေပြီ။ သူဟာ အကြိမ်ပေါင်းများစွာ လျှို့လျှို့ဝှက်ဝှက်နဲ့ ကိုးကန့်ကို ပြန်လာလေပြီ။ မြန်မာအစိုးရက ဗကပတို့ကို ပိုက်ကွန်တစ်ချက်တည်းနဲ့ သိမ်းကျုံးဖမ်းမိမယ့် စီမံကိန်း လော်စစ်ဟန်ဆီကနေတစ်ဆင့် လက်ကမ်းလိုက်လေတယ်။ ဗကပ ပြည်သူ့တပ်မတော်ဖွဲ့စည်းတည်ထောင်မှုမှာ ပါဝင်ခဲ့တဲ့ ဖုန်ကျားရှင်က မြန်မာ အစိုးရရဲ့ စီမံကိန်းကို ပယ်ချလိုက်တယ်။ မိမိဘာသာ ဗကပနဲ့ ကင်းကွာရေးကို ချမှတ်လိုက်တယ်။ သွေးချောင်းစီးမယ့် ထိပ်တိုက်ရင်ဆိုင်တိုးတဲ့ လှုပ်ရှားမှုမျိုးကို ရှောင်ရှားနိုင်တဲ့ နည်းလမ်းကို ချမှတ်လိုက်လေတယ်။ လော်စစ်ဟန်နှင့် ဖုန် ကျားရှင် ညီနောင်တို့ ၁၉၈၉ ခုနှစ် မတ်လဆန်းပိုင်းမှာ နောက်ဆုံးဆွေးနွေးမှု ကို လုပ်ကြတယ်။ လော်စစ်ဟန် ညတွင်းချင်း ရန်ကုန်ပြန်သွားတယ်။ ဗိုလ်ချုပ် နေဝင်းဆီ အစီရင်ခံလိုက်ပါတယ်။

ဖုန်ကျားရှင်တို့ ညီနောင်တို့ ရောဂါဝေဒနာအကြောင်းပြပြီး ပါတီနဲ့ ကင်းရှင်းအောင်နေပြီး ကူးသန်းရောင်းဝယ်ရေးတွေ လုပ်လေတယ်။ အတွင်းမှာ ဂယက်ကရိုက်ခတ်လာပါတယ်။ ဗကပဗဟိုက သူ့ကို သတိတရားပြန်လည်ရလာ စေလိုတယ်။ ဘယ်လို့မှ ပြုပြင်လို့မရတဲ့ သူ့ရဲ့ အကျင့်ဆိုးကို ထပ်တဖန် ကုသ မှုပြုချင်ပါသေးတယ်။ ၁၀-၃-၁၉၈၉။ ပန်စန်းဌာနချုပ်က ကိုးကန့်ခရိုင် ကော်မတီအတွင်းရေးမှူး ဟွမ်ဝံလန်ကို အမြန်ဆုံး လာရောက် အစည်းအဝေး တက်ဖို့ကို အကြောင်းကြားခိုင်းလိုက်တယ်။ ဒီတစ်ချက်က ဖုန်ကျားရှင်တို့ ညီအစ်ကိုတွေကို အထူးသတိရှိဖို့ တပ်လှန့်လိုက်သလို ဖြစ်သွားပါတယ်။

လော် - ဖုန် တို့ နှစ်ယောက်သားက ဒါဟာ ဗကပဗဟိုက ၄င်းတို့ကို ရှင်းလင်းခိုင်းလိုက်တာမှန်း သိလိုက်ပါတယ်။ ကြိုတင်ပြီး ကိုယ်ပိုင်လွတ်လပ်မှု အလံကို လွှင့်ထူလိုက်တယ်။ တော်လှန်ရေးကို ဘယ်လိုနည်းနဲ့မှ ဆက်လက် မဆင်နွှဲနိုင်တော့တဲ့ ဗကပအဝန်းထဲက ခွဲထွက်လိုက်လေတယ်။

၁၁-၃-၁၉၈၉။ 

ဖုန်ကျားရှင်ဟာ ကိုးကန့်မှာ တပ်ပုန်ကန်မှုကြီးကို ဆင်နွှဲလိုက်လေတယ်။ ဗကပထဲက ခွဲထွက်လိုက်ကြောင်း အတိအလင်း ကြေညာလိုက်တယ်။ မြန်မာနိုင်ငံ အမျိုးသားဒီမိုကရက်တစ်ညွန့်ပေါင်း (မဟာမိတ်) ပါတီနှင့် မြန်မာနိုင်ငံ အမျိုးသားဒီမိုကရက်တစ်ညွန့်ပေါင်း (မဟာမိတ်) တပ်တည်ထောင်လိုက်ကြောင်း ကြေညာပါတယ်။ တစ်ချိန်တည်း မှာပဲ ယာယီစစ်ရေးကော်မတီကို ဖွဲ့စည်းလိုက်ပြန်တယ်။ ဖုန်ကျားရှင်က ဥက္ကဋ္ဌ တာဝန်ရယ်၊ ညွန့်ပေါင်းတပ်ရဲ့ ဦးစီးသေနာပတိချုပ်ဖြစ်တယ်။ ဖုန်ကျားရှင်ရဲ့ တပ်ဖွဲ့က အလျင်အမြန်ပဲ ကိုးကန့်ခရိုင်တပ်ဖွဲ့ကြီးကို လွှဲပြောင်းယူလိုက်တယ်။ ဗကပ ကိုးကန့်ကော်မတီရယ်၊ ယန္တရားအဖွဲ့အစည်းအသီးသီးရယ်၊ ကုန်လှောင် ရုံ ဂိုဒေါင်တွေကိုလည်း လွှဲပြောင်းယူလိုက်ပါတယ်။

၁၂-၃-၁၉၈၉။ ဖုန်ကျားရှင်ဟာ ဗကပမြောက်ပိုင်းဌာနခွဲ မုန်းဂိုးကို သိမ်းပိုက်လိုက်ပြန်တယ်။

၁၃-၃-၁၉၈၉။ ဖုန်ကျားရှင်တပ် မုန်ဂိုးဆီ စစ်ချီတယ်။ ဗကပ အရှေ့ မြောက်စစ်ဒေသ အမှတ် (တစ်) တပ်မဟာက တပ်ရင်း (လေး) ခုတပ်သားအား လုံး ဖုန်ကျားရှင်တပ်ဖွဲ့ထဲ ပူးပေါင်းဝင်ရောက်တိုက်တယ်။

၁၄-၃-၁၉၈၉။ သေနတ်ကျည်တစ်ချက်တောင် မပစ်ဖောက်ရဘဲ ဗကပ မြောက်ပိုင်းဌာနခွဲနှင့် အရှေ့မြောက်ပိုင်းစစ်ဒေသကြီး လုံးဝပြိုကွဲသွားစေ ပါတယ်။ ဗကပ အမှတ် (နှစ်) တပ်မဟာ နိုင်ငံရေးမှူး ကောင်းလျှံ ထွက်ပြေး လွတ်မြောက်သွားပါတယ်။ ကျန်လူသူအများအပြား လက်နက်ချ အညံ့ခံလိုက် ပြီး ဖုန်နဲ့ ပူးပေါင်းလိုက်တယ်။ ဖုန်ကျားရှင်က အမှတ် (၁၊၂) တပ်မတော်ကို တပ်မ (၈၃၉) အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်။ အင်အား ၃၅၀ဝ ရှိပါတယ်။ မူလတပ်မဟာမှူး ဝေ့ချောင်းရင်ကို စစ်ဦးစီးခန့်အပ်လိုက်တယ်။ ဖုန်ကျားရှင်ဟာ တစ်ချိန်တည်းမှာပဲ ''ကိုးကန့်ပြည်သူသွေးချင်းများသို့ ကြေညာချက်'' ကို ထုတ် ပြန်လိုက်တယ်။ ဗကပ ထိပ်တန်းခေါင်းဆောင်ပိုင်းတို့ရဲ့ ဗမာလူမျိုးကြီးဝါဒနှင့် ဂိုဏ်းဂဏစွဲ အကျိုးစီးပွားအုပ်စုတွေလို့ ကြေညာချက်ထဲမှာ ပြစ်တင်ရှုတ်ချထား ပါတယ်။

၁၆-၃-၁၉၈၉။ မူလက ဗကပအရှေ့မြောက်ပိုင်းစစ်ဒေသရဲ့ ၈၀プ နယ်မြေကို ဖုန်ကျားရှင် ထိန်းချုပ်လိုက်ပြီးဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ သူ့နောက်လိုက်ပါလိုတဲ့ ဆန္ဒမရှိသူတွေကို အိမ်ပြန်စရိတ် အနည်းငယ်ထုတ်ပေး ခြင်းဖြင့် ပြည်သူ့နှလုံးသည်းပွတ်ကို ဆုပ်ယူနိုင်လိုက်လေတယ်။

ဖုန်ကျားရှင်တပ်ဖွဲ့က ဗကပထဲက အစောဆုံး ခွဲထွက်လိုက်တဲ့ လက် နက်ကိုင်တပ်ဖွဲ့ကြီးတစ်ဖွဲ့ဖြစ်ပါတယ်။ ဒီတပ်ဖွဲ့ကြီးက မြန်မာနိုင်ငံမှာ ''ပြည် တွင်းစစ် ရပ်စဲရေး''၊ အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့် အကောင်အထည်ဖော်ရေး၊ ငြိမ်းချမ်းရေး ဒီမိုကရေစီရေး၊ လွတ်လပ်ရေး၊ တန်းတူညီမျှရေးရှိတဲ့ ပြည်ထောင် စု သမ္မတမြန်မာနိုုင်ငံတော်ကြီး တည်ဆောက်ရေး'' ကို အရင်ဆုံး ြွေကးကြော် တောင်းဆိုခဲ့တဲ့ တပ်ဖွဲ့ကြီးဖြစ်ပါတယ်။ မူလက ဗကပ လက်နက်ကိုင်တပ်ဖွဲ့ အသက်ရော ဝါပါ ကြီးမြင့်တဲ့ ခေါင်းဆောင် ဖုန်ကျားရှင်ရဲ့ သဘောထား ကြေညာချက်က ဗကပကို ရန်သူအဖြစ် သဘောမထားပါလို့ ပါရှိပါတယ်။ ဒါပေမဲ့ ၁၇-၅-၁၉၈၉။ အသစ်ဖွဲ့စည်းလိုက်တဲ့ ညွန့်ပေါင်းစစ်တပ်က ''ဗကပ အပေါ် သဘောထားချက်နှင့် စည်းမျဉ်းစည်းကမ်း ကန့်သတ်ချက်ကို ချမှတ်လိုက် ပြန်တယ်။ ဒါကတော့ စစ်တပ်တွင်း ဗကပ အစည်းအရုံးတွေကို ဖျက်သိမ်း လိုက်ခြင်း၊ ပါတီအသင်းအဖွဲ့အစည်း လှုပ်ရှားမှုအားလုံးကို ရပ်ဆိုင်းလိုက်ခြင်း။ တစ်ချိန်တည်းမှာပဲ လက်အောက်ခံ တပ်ဖွဲ့အားလုံးအပြင် ၄င်းပိုင်းခြားထားတဲ့ နယ်ပယ်အတွင်းက ပြည်သူ ပြည်သားအားလုံးကို အသိပေးကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ လက်အောက်ခံအသင်းအဖွဲ့အားလုံး၊ ပြည်သူပြည်သား အားလုံး ဗကပနှင့် အဆက်အဆံအသွားအလာ လုံးဝမပြုလုပ်ရဆိုတာကို ထုတ်ပြန်ကြေညာလိုက်တယ်။

ဒါနဲ့ တစ်ချိန်တည်းမှာပဲ ဖုန်ကျားရှင်ဟာ အရင်ဆုံး မြန်မာအစိုးရဆီက ဆုချတာတွေ၊ ဖက်လှဲတကင်းဆက်ဆံတာတွေကို ရရှိလိုက်ပါတယ်။ ဗိုလ်ချုပ် ကြီး စောမောင်ကိုယ်တိုင် မြန်မာပြည်မြောက်ပိုင်း ကွတ်ခိုင်ဆီကို ရောက်လာပါ တယ်။ ဖုန်ကျားရှင်နဲ့ တွေ့ဆုံကြပါတယ်။ လော်စစ်ဟန်ရဲ့ ကြားဝင်ဆောင်ရွက် ပေးချက်ကြောင့် ၁၉၈၉ ခုနှစ်၊ မေလ လကုန်ပိုင်းလောက်မှာ ဖုန်ကျားရှင်လေယာဉ် နဲ့ ရန်ကုန်ကို ဆိုက်ရောက်လာပါတယ်။ မြန်မာအစိုးရနဲ့ ငြိမ်းချမ်းစွာ ပြေလည် သွားကြပြီး ကိစ္စရပ်တွေကို ဆွေးနွေးတိုင်ပင်ကြပါတယ်။ နှစ်ဦးနှစ်ဖက် အကြိမ် ကြိမ် ဆွေးနွေးညှိနှိုင်းကြပြီး လက်နက်တပ်ဆင်အပြန်အလှန် တိုက်ခိုက်မှုကို ရပ်ဆိုင်းရေး၊ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ရေး၊ စီးပွားရေးမူဝါဒ၊ စစ်တပ်ဖွဲ့ ြွခင်းချန်ထားရေးဆိုတဲ့ ပြဿနာတွေမှာ တိုးတက်မှုတွေ ရရှိပါတယ်။ ဆွေးနွေး ညှိနှိုင်းမှု ထမြောက်အောင်မြင်သွားပါတယ်။

''သဘောတူညီချက်'' မှာ သတ်မှတ်ထားတာက မြန်မာအစိုးရက အမျိုးသား ဒီမိုကရက်တစ်ညွန့်ပေါင်းတပ်ဖွဲ့ကို အသိအမှတ်ပြုတယ်။ ဖုန်ကျားရှင် က ၄င်းစီရင်စုနယ်မြေဒေသအတွင်းမှာ ''အာဏာချုပ်ကိုင်မှု'' ကို အကောင် အထည်ဖော်ဆောင်ခြင်းကို အသိအမှတ်ပြုပါတယ်။ စီးပွားဖွံ့ဖြိုးရေး အသွင် သဏ္ဍာန်မှာ သွက်လက်ရှင်သန်တဲ့နည်းနဲ့ ဖုန်ကျားရှင်ရဲ့ ဆောင်ရွက်မှုကို ခွင့် ပြုထားပါတယ်။ ဒါ့အပြင် ဦးစားပေးအချက်အလက်တစ်ရပ်အနေနဲ့ စစ်စရိတ် ပြင်ဆင်စုစည်းခွင့်ကို ပေးထားပါတယ်။ ဒီနောက်ပိုင်း သင့်တော်တဲ့အချိန်ကာလ တွေမှာ ကိုးကန့်ဒေသရဲ့ ကျန်းမာရေး၊ ပညာရေး၊ စာပို့တိုက်အစရှိတဲ့ ရေးရာ လုပ်ငန်းတွေကို အခြေခံက အစပြုပြီး ပါဝင်ဆောင်ရွက်ခွင့်ပေးမယ်ဆိုတာကို အစိုးရက ပေးထားပါတယ်။ နှစ်ဖက်သဘောတူချက်တွေထဲမှာ အရေးအကြီး ဆုံးကတော့ နှစ်ဖက် စစ်ဘက်ရေးရာ လူသူတွေရဲ့ အသွားအလာကို ရှင်းလင်း ပြတ်သားတဲ့ သတ်မှတ်ချက်တွေ ပြုလုပ်ထားရပါ့မယ်။ ဖုန်ကျားရှင်တပ်ဖွဲ့ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ထဲမှာ ထည့်သွင်းထားပါတယ်။ အဖွဲ့သားတွေကို လ အလိုက် လစာပေးရပါ့မယ်။ စစ်တပ်ဖွဲ့ အဆောင်အယောင်အပ်နှင်းရပါမယ်။ ဖုန်ကျားရှင်ရဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့အင်အားကို လူပေါင်း ၁၂၀ဝ ဖြင့် အစိုးရက သတ်မှတ်ဖွဲ့စည်းပေးပါတယ်။ လက်နက်ခဲယမ်းမီးကျောက် ကိုယ့် ဘာသာ ဖြေရှင်းရပါမယ်။ စစ်ယူနီဖောင်းကို ကိုယ့်ဘာသာ ဒီဇိုင်းဆွဲရပါမယ်။ ဒါပေမဲ့ ကာကွယ်ရေးဌာနရဲ့ ခွင့်ပြုမိန့်နဲ့ ဆိုင်ရာဌာနရဲ့ အသိအမှတ်ပြု မှတ် တမ်းစာရင်းပြုရပါမယ်။ သဘောတူညီချက်ထဲမှာ တစ်ပြိုင်တည်း သတ်မှတ်ထား တာက ဖုန်ကျားရှင်တပ်ဖွဲ့ စစ်ဘက်ရေးရာပုဂ္ဂိုလ်တွေ မြန်မာအစိုးရ စစ်ဘက် ထိန်းချုပ်မှု နယ်မြေတွေထဲ ဝင်ရောက်လာရေးမှာ ကြိုတင်ပြီး ရန်ကုန်ရဲ့ ခွင့်ပြု မိန့်ကို တောင်းခံထားရပါမယ်။ မြန်မာအစိုးရလူတွေ ဖုန်ကျားရှင်တို့ နယ်မြေ ပိုင်နက်ထဲ ဝင်ရောက်ရင်လည်း ကြိုတင်အသိပေးထားရပါမယ်။

ဖုန်ကျားရှင်နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးသဘောတူညီချက်တွေ ဘယ်လောက်ရနေတယ်ဆိုပေမယ့်လည်း အခြေခံပြဿနာပိုင်းကတော့ ဘယ်သူ ကမှ အလျှော့မပေးကြသေးပါ။ ဒါပေမဲ့လည်း မြန်မာအစိုးရဘက်က ကနေ့ ဗကပပြိုကွဲမှုရဲ့ ဝမ်းမြောက်မှုထဲမှာ ယစ်မူးမှုကိုတော့ ရရှိလိုက်ပါတယ်။ ဗကပ အင်အာစု ပြိုကွဲပျက်စီးစေခဲ့တဲ့ အဓိကပင်မအချက်အတွက် ဖုန်ကျားရှင်လို မျက်နှာသာပေးရလေတယ်။ မကြာခင်မှာပဲ မြန်မာအစိုးရက ဖုန်ကျားရှင်ကို မြန်မာနိုင်ငံ ရှမ်းပြည်နယ် အထူးဒေသ (တစ်) အစိုးရ တည်ထောင်မှုကို ခွင့်ပြု လိုက်ပါတယ်။ ၄င်းအဖွဲ့ကို မြန်မာနိုင်ငံ အထူးဒေသအစိုးရအဖြစ် သတ်မှတ် သဘောတူလိုက်ပါတယ်။

ဗကပ ဗဟိုဥက္ကဋ္ဌ သခင်ဗသိန်းတင်က ''၃-၁၁'' အရေးအခင်း ဖြစ် ပေါ်ပြီးတဲ့နောက် သုံးရက်လောက်ကျမှ ဒီသတင်းကို ရရှိပါတယ်။ စစချင်းတုန်းက ဗကပ ဗဟိုရဲ့ သုံးသပ်ချက်က ဖုန်ညီနောင်တို့ရဲ့ သွေးကွဲမှုဆိုပြီး ထင်မှတ်ထား တယ်။ ဒါဟာ သူတို့ညီအစ်ကိုချင်းရဲက အရေးဆိုပြိး ထင်မှတ်ထားကြပါတယ်။ ဒါပေမဲ့ မြန်မြန်ဆန်ဆန်ပါပဲ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေ လွဲမှားနေမှန်း သိလိုက်တယ်။ ချက်ချင်းပဲ ဗကပဗဟိုနိုင်ငံရေးဌာန အမြဲတမ်းကော်မတီအစည်း အဝေးကို ခေါ်လိုက်ပါတယ်။ အစည်းအဝေးမှာ ဖုန်ကျားရှင်ရဲ့ ''အလံပြောင်းတင် မှု'' ကို ''ရန်ငါပဋိပက္ခ'' လို့ သတ်မှတ်လိုက်တယ်။ ''ဒါဟာ အသေးစိတ် ကြို တင်ပြင်ဆင်ထားတဲ့ မြန်မာအစိုးရကျောထောက်နောက်ခံထားတဲ့ ဖွဲ့စည်းမှုရှိတဲ့ ရည်ရွယ်ချက်ရှိတဲ့ ကြိုတင်အကောက်ဉာဏ်ရှိတဲ့ တန်ပြန်တော်လှန်ရေး ပုန်ကန် မှု ဖြစ်တယ်။ မြန်မာဖောက်ပြန်ရေးအစိုးရက တော်လှန်ရေး အင်အားစုကို နောက်ထပ်တစ်ကြိမ် စိန်ခေါ်မှုကြီးပဲဖြစ်တယ်'' ဆိုပြီး အစည်းအဝေးမှာ ချမှတ်လိုက်တယ်။ ၁၈-၃-၁၉၈၉ နေ့မှာ တပ်ခွဲနှစ်ခွဲ စေလွှတ်လိုက်တယ်။ ဖုန်ကျားရှင်ရဲ့ နေရာဟောင်း ဟို့တောင်ကို သိမ်းပိုက်ပြီး မွှေနှောက်ရှာဖွေလေ တယ်။ ဒါပေမဲ့ ဘာအကျိုးအကြောင်းမှ မထုတ်ပြန်ပါ။ ဗကပဟာ ကိုယ့်အတွင်း အကွဲအပြဲကို ဘယ်လိုမှ ဖြေရှင်းနိုင်စွမ်း မရှိတော့ပါ။

လှိုင်းတစ်လုံးထန်လို့က ငြိမ်ဆင်းမသွားသေးခင် နောက်လှိုင်းတစ်လုံးက ထန်လာပြန်တယ်။

၁၁-၄-၁၉၈၉။ 

ပေါင့်ကျောက်တို့ နှစ်ယောက် ဗကပဗဟိုကိုယ်ရံတော် တပ်ဖွဲ့ တပ်မဟာ နိုင်ငံရေးမှူး ကိုချန်ပေါင် အစရှိတဲ့သူတွေရဲ့ ''အတွင်းလက် ထောက်ချမှု'' ကြောင့် တပ်မဟာ နှစ်တပ်အင်အား အကုန်အစင်နဲ့ ဗကပ ဗဟိုဌာနချုပ် ပန်စန်းကို ဝိုင်းထားလိုက်ကြတယ်။ ဗကပ ဗဟိုဥက္ကဋ္ဌ သခင်ဗသိန်း တင်အပြင် တခြားဗဟိုခေါင်းဆောင်တွေကို ထိန်းသိမ်းလိုက်ကြပါတယ်။ အထိန်းသိမ်းခံလူတွေထဲမျာ အရှေ့မြောက်ပိုင်း စစ်ဒေသမှူး တပ်မှူးရန်ကွမ်း၊ လင်ထျိုင်း စသည်တို့ ဖြစ်ပါတယ်။ ပေါင့်ကျောက်တို့နှစ်ဦးဟာ ဒီခေါင်းဆောင်တွေ ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံပြီး အားလုံးကို နယ်မြေ အပြင်ဘက်အထိ လိုက်ပါ ပို့ဆောင်ပါတယ်။

၂၂-၄-၁၉၈၉။ မူလ အရှေ့မြောက်ပိုင်း စစ်ဒေသစီရင်စု နယ်မြေမှာ မြန်မာနိုင်ငံ အမျိုးသားမဟာမိတ်ပါတီ တည်ထောင်လိုက်ပါတယ်။ ကျောက်နီ လိုင်က အထွေထွေအတွင်းရေးမှူးချုပ်၊ ပေါင့်ယိုရှန်က မြန်မာနိုင်ငံ အမျိုးသား မဟာမိတ်တပ် (အခု ဝမဟာမိတ်တပ်ဖွဲ့) စစ်ဦးစီးချုပ် တာဝန်ယူလိုက်တယ်။ ဌာနချုပ်ကို တရုတ်ပြည် နောက်ဘက် ဝမဟာမိတ်ကိုယ်ပိုင် အုပ်ချုပ်မှုခရိုင်နှင့် မြစ်သာခြားတဲ့ ခွန်မာ ရှောင်လန်ရွာမှာ တည်ထားပါတယ်။ မဟာမိတ်တပ်စီရင် အုပ်ချုပ်တဲ့ တပ်တွေကတော့ အမှတ် ၂၁၄၊ ၄၁၇၊ ၄၁၈၊ ၄၂၀၊ ၅၂၅ တပ်မတွေ ရယ်၊ သီခြားလွတ်လပ်မှု တပ်ရင်းကြီး နှစ်ရင်းနှင့် ဗဟိုကိုယ်ရံတော်တပ်ဖွဲ့တပ် ရင်းတွေဖြစ်ကြတယ်။ တပ်သားအင်အား တစ်သောင်းခွဲရှိပါတယ်။

မူလက ဗကပအလယ်ပိုင်း စစ်ဒေသ၊ အရှေ့မြောက်ပိုင်း စစ်ဒေသ အဖွဲ့အစည်းက ဝမဟာမိတ်တပ်ဖွဲ့က ဖုန်ကျားရှင် ငြိမ်းချမ်းစွာ ဖြတ်သန်းပြီး ဖွံ့ဖြိုးလာတဲ့ ကုသိုလ်ကံက မရှိချေတော့ မြန်မာအစိုးရက ရှေ့ဆင့်နောက်ဆင့်ပဲ ထိုနှစ် မေလ၊ ဇွန်လတွေမှာ ဝအဖွဲ့နဲ့ ဆွေးနွေးညှိနှိှုုင်းတဲ့ တစ်ချိန်တည်းမှာပဲ ကွတ်ခိုင်၊ ကျိုင်းတုံ အစရှိတဲ့နေရာတွေမှာ တပ်စခန်း ၁၅ ခုကို မြန်မြန်ဆန်ဆန် တပ်ချထားလိုက်ပါတယ်။ ဒါဟာ ဝအဖွဲ့အစည်းအတွက် အင်မတန်ကြီးမားတဲ့ စစ်ရေးဖိအားကြီးဖြစ်နေပါတယ်။ ဆွေးနွေးမှုနှစ်ကြိမ် လုပ်လာတဲ့အထဲမှာ စစ ဦးပိုင်း ညှိနှိုင်းချက်တွေလည်းပဲ အစစအရာရာ စစ်ရေး ပြင်ဆင်မှုရှိနှင့်ပြီးဖြစ်နေ တဲ့ မြန်မာအစိုးရ အဲဒီနှစ် ဇူလိုင်လပိုင်းမှာပဲ ပယ်ဖျက်လိုက်တယ်လို့ ကြေညာ လိုက်ပါတယ်။

ဆိုးရွာတဲ့ အနေအထားကို မျက်မှောက်ပြုနေရတဲ့ အဖွဲ့အစည်းထဲက တိုက်ပွဲအတွေ့အကြုံရင့်ကျက်နေပြီးဖြစ်တဲ့ စမ်းသပ်မှုမျိုးစုံ ရင်ဆိုင်ကြုံတွေ့ခဲ့ရ ဖူးတဲ့ ဝခေါင်းဆောင်တွေ၊ ဥပမာအားဖြင့် ဝညွန့်ပေါင်းပါတီ အထွေထွေအတွင်း ရေးမှူးချုပ် ကျောက်နီလိုင်၊ ဝမဟာမိတ်တပ်ဦးစီးချုပ် ပေါင့်ယိုရှန်တို့ဟာ မူလ က ဗကပ အလယ်ပိုင်းစစ်ဒေသတပ်မှူး လီကျူလုရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ၁၉၈၉ ခုနှစ် ဇွန်လပိုင်းမှာ ဖုန်ကျားရှင် တပ်ဖွဲ့၊ လင်မိန်တပ်ဖွဲ့၊ စခွန်တယိန်း တပ်ဖွဲ့၊ ကချင်လွတ်လပ်ရေးတပ်ဖွဲ့တို့နဲ့ ငြိမ်းချမ်းရေး အမျိုးသားတပ်ဦး ဖွဲ့ စည်းလိုက်ခြင်းဆိုပြီး ြွေကးကြော်လိုက်တယ်။ ကျောက်နီလိုင်ဟာ ဝမဟာမိတ် ပါတီ ပါတီကိုယ်စားလှယ် အစည်းအဝေးမှာ တင်ပြလိုက်ပါတယ်။ ''မြေတစ်လက် မမှ လက်မလွတ်၊ သေနတ်တစ်လက်မှ မပေးအပ်'' ဆိုတဲ့ ဦးတည်ချက်ကို ချပြလိုက်တယ်။ တင်းမာတဲ့ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ချပြလိုက်ပါတယ်။

ဝအဖွဲ့အစည်းရဲ့ ဦးတည်ချက် မူဝါဒ အလျင်အမြန် အကျိုးသက်ရောက် လာပါတယ်။

တိုက်ပွဲစွမ်းရည် ဘယ်တုန်းကမှ မတောင့်တင်း မထက်မြတ်တဲ့ မြန်မာစစ်အစိုးရ သဘောပေါက်နားလည်လိုက်ပါတယ်။ ဝတိုင်းရင်းသား စစ် တပ်ဟာ ဗကပကာလတုန်းက တိုက်ရည် ခိုက်ရည်၊ အစွမ်းထက်တဲ့ တပ်ဖွဲ့ဖြစ် တယ်။ ဒါ့အပြင် လီကျူလူအစရှိတဲ့ ဝညွန့်ပေါင်းမဟာမိတ်တပ်ဖွဲ့တွေလည်း မူလဝတိုင်းရင်းသား လူမျိုးရေးတပ်ကို အခြေခံထားတာက ဖြစ်နေပြန်တယ်။ ဒါ့အပြင် အစဉ်တစိုက်တစ်လျှောက်လုံး ထိုင်းမြန်မာနယ်စပ်တကြော ဝတိုင်း ရင်းသား အစိုးရဆန့်ကျင်ရေး လက်နက်ကိုင် ယဲန်ရှောင်စွတ်တပ်၊ ဝေ့ရွှေလုန် တပ်၊ တပ်အင်အားက ၁၀ဝ၀ ကျော်ကလည်း ဝမဟာမိတ် ညွန့်ပေါင်းတပ်နဲ့ ပူးပေါင်းနေကြပြီး၊ အမှတ် ၅၂၅ တပ်မဆိုပြီး ဖွဲ့စည်းလိုက်တယ်။ ဝတပ်ဖွဲ့ အင်အားက အတိုးသာရှိပြီး အလျော့ကမရှိ။ ဒီတော့ နှစ်ဖက်ဆွေးနွေးပွဲကို တဖန်ပြန်ကျင်းပရပြန်တယ်။

ဆွေးနွေးညှိနှိုင်းပွဲမှာ ဝအဖွဲ့က မြန်မာအစိုးရခေါင်းဆောင်မှုကို သဘောတူလက်ခံလိုက်တယ်။ မြန်မာအစိုးရ သတ်မှတ်ချက်က ဝအဖွဲ့က နယ်စပ်ကို တူးဖော်လုပ်ကိုင်ခွင့်ရှိတယ်။ နယ်ခြားနယ်နိမိတ်နယ်မြေကို ကာကွယ် စောင့်ရှောက်ခွင့် တည်ငြိမ်အေးချမ်းအောင် လုပ်ခွင့်တာဝန်ဝတ္တရားလည်း ရှိ တယ်။ မြန်မာအစိုးရက ဖုန်ကျားရှင်တပ်ကို ပေးတဲ့ မူဝါဒအတိုင်း တစ်ပြိုင်တည်း မှာပဲ ဝအဖွဲ့ကလည်း ထိုနည်းအတိုင်း အသုံးပြုနိုင်ပါတယ်။ ဝတပ်ဖွဲ့က နယ် ခြားစောင့်ရဲ့တပ်ဖွဲ့ကို အင်အား ၁၅၀ဝ ကျော်နဲ့ ဖွဲ့စည်းထားနိုင်ပါတယ်။ စီရင်စုနယ်ကို ရှမ်းပြည်နယ် အမှတ် (နှစ်) အထူးဒေသအဖြစ် သတ်မှတ်ပါမယ်။ ပေါင့်ယိုရှန်နှင့် ကျောက်နီလိုင်တို့က ဝအဖွဲ့ စစ်တပ်ဖွဲ့နဲ့ အစိုးရခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။

အစိုးရရဲ့ အသိအမှတ်ပြု ကတိသစ္စာကြောင့် သင့်တင့်လျော်ညီတဲ့ နေရာကို ရရှိသွားတဲ့ ဝအဖွဲ့ကြီးဟာ ဒီအခွင့်အခါကို အပြည့်အဝ အသုံးချလိုက် တာကြောင့် ဖွံ့ဖြိုးပြီး ခိုင်မာတောင့်တင်းလာပါတယ်။ နှစ်နှစ်ကာလ မပြည့်ခင် မှာပဲ ဝအဖွဲ့အစည်းဟာ မြန်မာပြည်မြောက်ပိုင်းဒေသမျာ အင်အားအကြီးမား ဆုံး အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ရေး လက်နက်ကိုင် တပ်ဖွဲ့ကြီး ဖြစ်မြောက်သွား ပါတယ်။ ကနေ့အထိဆိုရင် အမြဲတမ်းတပ်ဖွဲ့ အင်အားဟာ ၃၀ဝ၀ဝ အထိ ရှိသွားပါပြီ။ ဒါ့အပြင် အင်အား ၇ သောင်း - ၈ သောင်း ပြည်သူ့တပ်ဖွဲ့တွေလည်း ရှိနေပါပြီ။ နှစ်ကာလရှည်ကြာစွာ တပ်အင်အား နှစ်သိန်းသာပိုင်ဆိုင်တဲ့ မြန်မာ အစိုးရတပ်က သူတို့ထက် အစုငယ်ရွယ်တဲ့ ဝတပ်ဖွဲ့ကို အထင်မြင်မသေးဝံ့ချေ။ နှစ်ဖက်အင်အား အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းနေတဲ့ကာလမှာ အသီးသီးဟာ ကိုယ့်အကျိုးအတွက် ကိုယ်ကြိုးပမ်းဆောင်ရွက်ရင်း ရှေ့တစ်လှမ်းတက်ပြီး တိုးတက်လိုကြလေတယ်။

ပေါင့် - ကျောက် နှစ်ယောက်သား ဝအဖွဲ့အစည်းထြွကတဲ့ အခိုက် အတန့်မှာပဲ ဗကပအတွင်းမှာပဲ တစ်ချိန်တစ်ခါက အရမ်းကို နီခဲ့ဖူးတဲ့ ''၈-၁၅'' စစ်ဒေသမှာလည်းပဲ ဧပြီလ ၁၉ ရက်မှာ ဗကပဦးဆောင်မှုအောက်ကနေ ရုန်းထွက်လိုက်တယ်ရယ်လို့ ကြေညာလိုက်တယ်။ တပ်ကို ဦးဆောင်ပြီး မြန်မာ နိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်း အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်နိုင်ငံ ရေး ကော်တီကို ဖွဲ့စည်းတည်ထောင်လိုက်ပါတယ်။ ဒီတပ်ဖွဲ့ နိုင်ငံရေးကော်မတီ ရဲ့ လက်အောက်မှာ စစ်ရေးကော်မတီနှင့် နယ်မြေအုပ်ချုပ်ရေး ကော်မတီတို့ကို တဖန် ဖွဲ့စည်းထားပြန်တယ်။

''၈-၁၅'' စစ်ဒေသမှူး၊ 

ကိုးကန့်ဖုန်ကျားရှင်ရဲ့ သားမက် လင်မိန်စင့်က ဥက္ကဋ္ဌနှင့် ရှမ်းအရှေ့ပိုင်းမဟာမိတ်တပ် တပ်မှူးနေရာကို ယူထားလိုက်ပါတယ်။ မူလ ''၈-၁၅'' စီရင်စုလက်အောက်က အမှတ် ၆၈၃၊ ၇၆၈ တပ်မဟာတို့ကို အမှတ် ၃၆၉၊ ၉၁၁ တပ်မအဖြစ် ပြောင်းလဲဖွင့်လိုက်ပါတယ်။ တပ်အင်အားက ၃၀ဝ၀ ကျော်ရှိပါတယ်။ ကိုးကန့်၊ ကချင်တို့အပြင် ဝအဖွဲ့တို့နဲ့ နှိုင်းယှဉ်လိုက်ရင် အကြီးမားဆုံး မတူညီတဲ့အချက်က သူတို့ရဲ့ ခေါင်းဆောင်အများစုက ပညာတ် လူငယ်တွေနဲ့ ဖုကျဲန်၊ ကွမ်တုန်း၊ ဟိုင်နန်ဇာတိသား တရုတ်များနဲ့ ဖွဲ့စည်းထား တာဖြစ်တယ်။ လင်းတပ်ဖွဲ့ထဲက အများစုခေါင်းဆောင်တွေက တရုတ်ပြည်က ထွက်လာတဲ့ ပညာတတ်လူငယ်တွေရယ်၊ ဇာတိချက်မြှုပ်ရွာဆီ ပြန်လာကြတဲ့ လူငယ်လူရွယ်တွေက အများစု ဖြစ်နေပါတယ်။ လင်းမိန်စင်ကိုယ်တိုင် ဟိုင်နန် ကျွန်းကလာတဲ့ ပညာတတ်လူငယ်ပါ။ မူလက အရှေ့မြောက်ပိုင်း စစ်ဒေသ စစ်ဦးစီးမှူး ကျန်ကျူမိန် ( ယူနန်ဝမ်တိန်သား၊ သံတမန်ရေးမှာ ကျွမ်းကျင်ထက် မြက်သူ) က မဟာမိတ်တပ်အတွင်းရေးမှူးတာဝန်ကို ယူပါတယ်။ မူလက ဗကပ ဗဟိုကိုယ်ရံတော်တပ်ဖွဲ့ တပ်မဟာနိုင်ငံရေးမှုူးလို ချန်ပေါင် (ခွန်မင်း သား၊ ပညာတတ်လူငယ်) က စစ်ဦးစီးနှင့် တွဲဖက်အထူးဒေသနိုင်ငံရေးနည်း ဥပဒေရေးရာဌာန အကြီးအကဲကိုပါ ပူးတွဲတာဝန်ယူထားပါတယ်။

ပြေလည်အောင် မဆောင်ရွက်နိုင်တဲ့ ဗကပ ဗဟိုက ၁၆-၆-၁၉၈၉ မှာ လျှို့ဝှက်ညီလာခံတစ်ရပ်ကို ကျင်းပပါတယ်။ သခင်ဗသိန်းတင်၊ နိုင်ငံရေး ဌာန ကော်မတီဝင် ဦးကျော်မြင့်၊ ရဲဘော်ထွန်း၊ ခင်မောင်ကြီးနှင့် မြောက်ပိုင်း ဌာနခွဲ အတွင်းရေးမှူး ဦးသန့်ဖွဲ့စည်းတဲ့ ယာယီဗဟိုခေါင်းဆောင်မှု ယန္တရားကို ဖွဲ့စည်းလိုက်ပါတယ်။

၂၆-၆-၁၉၈၉။ 

ဗဟိုကို ၁၀၁ စစ်ဒေသတည်ရှိတဲ့ ပန်ဝဆီကို ရွှေ့ ပြောင်းလိုက်တယ်။ ယာယီအနေနဲ့ အစွမ်းကုန်လက်ခံလိုက်တယ်ဆိုပေမယ့် ၁၀၁ စစ်ဒေသဦးစီးမှူး စခွန်တယိန်းနဲ့က အတွင်းပိုင်းမှာ သဘောထားချင်း မတိုက်ဆိုင်ကြတာကြောင့် ခေတ္တာယာယီအနေနဲ့ ဗဟိုဦးဆောင်မှုကို လက်သင့် ခံလို့မရပါလို့ အသံထုတ်လွှင့်ပါတယ်။

၁၀၁ စစ်ဒေသဆိုတာက ဗကပ ဖွဲ့စည်းလိုက်တဲ့ နောက်အကျဆုံး စစ်ဒေသတစ်ခုဖြစ်ပါတယ်။ အဖွဲ့ဝင်တွေဆိုတာက အခြေခံအားဖြင့် ကချင် တိုင်းရင်းသားတွေပါ။ စီရင်စုလက်အောက်ခံတပ်ရင်း (သုံး) ရင်းနှင့် သင်တန်း ညွှန်ကြားရေးတပ်ဖွဲ့ကြီးတစ်ဖွဲ့ရှိပါတယ်။ အမြဲတမ်း တပ်သားအင်အား ၆၀ဝ သာ ရှိပါတယ်။ ဌာနချုပ်ကို တရုတ်ပြည်ထိန်ချုန်းနဲ့ ပူးကပ်နေတဲ့ ပန်ဝမှာပါ။ စစ်ဦးစီး စခွန်တယိန်းနှင့် ဒုဦးစီး ကျဲ့လုံတို့ဟာ မူလ ကချင်လွတ်လပ်ရေး တပ်က တပ်ခွဲမှုူးတွေဖြစ်ကြပါတယ်။ သူတို့နှစ်ယောက်ဟာ ၁၉၆၉ ခုနှစ်က ရှေ့ဆင့်နောက်ဆင့်ပဲ ဗကပထဲ ရောက်လာကြတဲ့သူတွေပါ။ ဒါကြောင့်လည်း ဗကပဟာ သီးခြားဖွဲ့စည်းထားတဲ့ ကချင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ပါပဲ။ ၇၀ ခုနှစ် အစဦးပိုင်းမှာ ကချင်တိုင်းရင်းသား ၁၀၁ စစ်ဒေသကို ဖွဲ့စည်း တည်ထောင်လိုက်တယ်။ စခွန်တယိန်းနှင့် ကျဲ့လုံတို့ တာဝန်ယူ ခေါင်းဆောင်ပါ တယ်။

မြန်မာပြည်မြောက်ဘက်မှာ အစိုးရကို ဆန့်ကျင်တဲ့ တခြားကချင် လွတ်လပ်ရေးတပ် စစ်တပ်က ရှိနေပြန်ပါသေးတယ်။ အဲဒီတပ် စခွန်တယိန်းဟာ ကချင်တိုင်းရင်းသားတို့ရဲ့ အမျိုးသား သစ္စာဖောက်ဖြစ်တယ်ဆိုပြီး စခွန်တယိန်း ကို ၁၉၆၉ ခုနှစ်ကတည်းက သေဒဏ်ပေးထားတယ်။ ဒီကချင်တိုင်းရင်းသား လွတ်လပ်ရေးတပ် နှစ်တပ်ဟာ တစ်လျှောက်လုံး တိုက်ပွဲလေးတွေ တိုက်နေကြ ပါတယ်။ အချိန်ကာလရဲ့ ရွေ့လျားပြောင်းလဲမှုတွေအတိုင်း တစ်မျိုးသားတည်း လည်း ဖြစ်ပြန်တော့ တောင်ထိပ်က ငြိုးသူ့ရန်ဘက်တွေ တစတစနဲ့ ပျောက် ပျောက်သွားကြတယ်။ ၁၉၈၈ ခုနှစ်မှာ ကချင်လွတ်လပ်ရေး ကော်မတီက ဟိုးတုန်းက ၁၉၆၉ ခုနှစ်တုန်းက ချမှတ်ခဲ့တဲ့ စီရင်ချက်ကို ဖျက်သိမ်းလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကချင်တိုင်းရင်းသားတို့ရဲ့ ရိုးရာဓလေ့ ထုံးတမ်းအတိုင်း ''ခင်းကျင်း'' လိုက်ကြပါတယ်။ စခွန်တယိန်းကို ငွေဓားတစ်လက်နှင့် ပုဆိုးတစ် ထည် လက်ဆောင်ပေးလိုက်ပါတယ်။ ၁၉၈၉ ခုနှစ် ဇွန်လကုန်ပိုင်း၊ နှစ်ဖက် ဆက်သွယ်ရေးကို တိုးမြှင့်လိုက်တယ်။ ကချင်တပ်က တပ်ရင်းနှစ်ရင်းကို ဆွဲ ထုတ်ရွှေ့ပြောင်းလိုက်တယ်။ တပ်အင်အားက ၁၀၁ စစ်ဒေသက အရေးပေါ် အသုံးပြုတပ်ကို ဖွဲ့စည်းလိုက်တယ်။ ဒါ့အပြင် စာရေးသားဆက်သွယ်မှု၊ သတင်းပေးမှုဘက်မှာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ဖို့ကို သဘောတူကြပါ တယ်။

၁၉၈၉ ခုနှစ် စက်တင်ဘာလ။ ၁၀၁ စစ်ဒေသက် ကျဲ့လုံအစရှိတဲ့ လူနှင့် တပ်ရင်းသုံးရင်းက တပ်ရင်းမှူးတွေက အတူတကွ စုပေါင်းပြီး တပ်မှူး စခွန်တယိန်းကို ပြင်းထန်တဲ့ ဖိအားတွေပေးကြလေတယ်။ အဆုံးစွန်သော ရွေးချယ်မှု သူ့ကို အတင်းအကြပ်လုပ်ခိုင်းကြပါတယ်။ ဒါမှမဟုတ်ရင်လည်း အတူတကွ စုပေါင်းပြီး ဗကပထဲက ခွဲထွက်ကြမယ်၊ ဒါမှမဟုတ်လည်း ဗကပ အနည်းစု ခေါင်းဆောင်တွေရဲ့ နောင်တော်ပါးက ထပ်ချပ်မကွာ လိုက်ပါပြီး ပန်ဝကနေ ထွက်ခွာကြမယ်။ အတွင်းပိုင်းဆီက ကြီးမားလှတဲ့ ဖိအားကို စခွန် တယိန်း ရင်ဆိုင်ကြုံတွေ့နေရလေပြီ။ သူ့ရဲ့ အခွင့်အာဏာကို အထပ်ထပ်အခါ ခါ ပြန်လည်သုံးသပ်ကြည့်တယ်။ ဗကပအင်အားတွေ ပြိုပျက်နေတယ်။ အခြေ က တယ်ပြီးမလှ။ နှစ်ကာလ အတန်ကြာ ဗကပပါတီထဲမှာ အတန်းစားခွဲခံရတဲ့ အတိတ်က အကြောင်းအရာတွေကို ပြန်လည်တွေးတော ကြည့်လိုက်ပါတယ်။ လက်ရှိအခြေအနေဟာ ကျဲ့လုံ အစရှိသူတွေနဲ့ ပူးပေါင်းပြီး အတူတကွ ဗကပ ထဲကနေ ခွဲထွက်လိုက်ဖို့ကို ရွေးချယ်လိုက်တယ်။

၁၀၁ စစ်ဒေသက သခင်ဗသိန်းတင်တို့နဲ့ ခွဲထွက်လိုက်ဖို့ကို ဆုံးဖြတ် ချက် ချလိုက်တဲ့ တစ်ချိန်တည်းမှာပဲ ဗကပနဲ့ လုံးဝကင်းရှင်းကြောင်း ကချင် ဒီမိုကရေစီသစ် လွတ်လပ်ရေးတပ် တည်ထောင်လိုက်ကြောင်း၊ စခွန်တယိန်းက တပ်မှူးနှင့် အမြင့်ဆုံး စီမံခန့်ခွဲရေးအကြီးအကဲကိုပါ တွဲဖက်ဆောင်ရွက်ပါတယ်။ ကျဲ့လုံက သူ့လက်ထောက်အဖြစ် တာဝန်ယူထားကြောင်း ပြင်ပကို တရားဝင် ထုတ်ပြန်ကြေညာလိုက်လေတယ်။

စခွန်တယိန်းက သူတို့ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို ဥက္ကဋ္ဌ သခင် ဗသိန်းတင်ထံ အသိပေးအကြောင်းကြားလိုက်တဲ့အခါမှာ ဘဝတစ်လျှောက်လုံး စစ်သည်ဘဝနဲ့ နေလာခဲ့တဲ့ ခေါင်းဆောင်လုပ်တဲ့သူဟာ မျက်ရည်တွေ စီးကျ လာပါတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီ ရာစုနှစ်တဝက် ကြိုးပမ်းအားထုတ်ခဲ့ရ တာတွေဟာ အခုတော့ သမိုင်းရဲ့ ကန့်လန့်ကာ နောက်ကွယ်ဘက်ဆီ ရောက်ရ လေတော့မှာလား၊ သခင်ဗသိန်းတင် အစရှိတဲ့ ခေါင်းဆောင်တွေ ၁၀၁ စစ် ဒေသကနေ ထွက်ခွာလာကြရတယ်။ မြန်မာနိုင်ငံကလည်းပဲ ထွက်ခွာကြရလေ တယ်။

၁၉၉၃ ခုနှစ်။ 

ကချင်လွတ်လပ်ရေးတပ် အစိုးရနှင့် စတင်ဆွေးနွေး ကြပါတယ်။ နှစ်ဖက်စလုံးက လိုက်လျောမှုတွေ ရှိကြပါတယ်။ နောက်ဆုံးမှာ ကချင် လွတ်လပ်ရေးတပ်က လက်တွေ့ပိုင်းမှာ ကချင်ပြည်နယ်ရဲ့ သုံးပုံတစ်ပုံ နယ်မြေကို ကချင်လွတ်လပ်ရေးနယ်မြေအဖြစ် ရသွားပါတယ်။ ဒီကချင်လွတ်လပ် ရေးနယ်မြေဆိုတာက အပိုင်း သုံးပိုင်း ပိုင်းထားပါတယ်။ (၁) က မြန်မာအိန္ဒိယ နယ်စပ်က တမူး။ နေရာက စတီးဝပ်လမ်းမကြီးရဲ့ အစပြုတဲ့ အနီးအနားမှာ ဖြစ်တယ်။ ကျောက်စိမ်းနှင့် သစ်တွေ တအားထွက်ပါတယ်။ (၂) က မြန်မာပြည် မြောက်ဘက်ပိုင်း ကျောက်စိမ်းအဓိကထွက်တဲ့ မြေဖြစ်တယ်။ (၃) က လွတ်လပ် ရေးတပ်ဖွဲ့ တည်ရှိတဲ့မြေ။ တရုတ်ပြည် ထိန်ချုန်း၊ ရင်ကျန်းနှင့် လိန်ချွမ်းတို့ရဲ့ ဆက်စပ်နေပါတယ်။ ကချင်လွတ်လပ်ရေးတပ်ဌာနချုပ်က အမည်နာမအားဖြင့် တရုတ်ပြည် တက်ဟုန်ရင်ကျန်း ခရိုင်နယ်နိမိတ်အပြင် ရဲ့ပါကျောင် မြစ်တဝိုက် အနီးအနားမှာ တည်ထားပါတယ်လို့ဆိုပေမယ့်လည်း လက်တွေ့ပိုင်းမှာတော့ တရုတ်ပြည် လုံးချွမ်းခရိုင် နယ်နိမိတ်အပြင်ဘက် တက်အိုးမှာ ဖြစ်ပါတယ်။ ဒီနေရာဟာ တစ်ချိန်က အင်္ဂလိပ်လူမျိုးတို့ရဲ့ စစ်စခန်းတစ်ခုပါ။ ခံတပ်စခန်း တည်ဆောက်ထားပါတယ်။ ၁၉၈၈ ခုနှစ်၊ မြန်မာအစိုးရတပ် တက်အိုးကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်။ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ကြီးက တရုတ်ပြည် ရန်ကျန်းခရိုင် စီးမာဆိပ်ကိမ်းနှင့် ၁၂ ကီလိုမီတာသာ အလှမ်းကွာတဲ့ တစွတ်အို ဖြစ်ပါတယ်။ မြန်မာ အိန္ဒိယနယ်စပ် တမူးဒေသက လက်ရှိအချိန်မှာ ကချင် လွတ်လပ်ရေးတပ်က စခန်းချထားပါတယ်။

ကချင်ပြည်နယ် ဘိန်းစိုက်ပျိုးလို့ သိပ်မကောင်းလှပါ။ အကြောင်းရင်း က လတ္တီတွဒ်မျဉ်းက အနောက်ယွန်းယွန်းဘက်ဆီကို ဆိုက်ရောက်လို့နေပါတယ်။ ပထဝီမြေမျက်နှာပြင်က မြင့်မားတယ်။ ရာသီဥတုက အတော်လေးအေးတယ်၊ မသေချာ မရေရာတဲ့ ဟိုတစ်ပိုင်း၊ သည်တစ မှတ်တမ်းမှတ်ရာအချက်အလက် အရ လွတ်လပ်ရေးတပ်ဖွဲ့ စီရင်စုနယ်ဟာ ၂၀ ရာစု ၈၀ ခုနှစ်တွေတုန်းက ဘိန်းစိုက်တောင်သူတို့ဆီက ကောက်ခံရရှိတဲ့ ဘိန်းအခွန်တော် ဘိန်း ၅ ကီလို ဂရမ်/ ခုနှစ်/ အိမ်ခြေ၊ အခွန်ဆောင်ပြီး နောက်မှ ဘောက်ချာ ဖြတ်ပိုင်းပေးပါ တယ်။ အဲဒီလို ဘိန်းခွန်တော်ဆောင်မှ လွတ်လွတ်လပ်လပ် သယ်ဆောင်ခွင့်ပြု ပါတယ်။

နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ဒီမိုကရေစီသစ် တပ်ဖွဲ့ရဲ့ စီရင်စုဒေသမှာ ဟီးရိုးအင်း ဘိန်းဖြူမွမ်းမံထုတ်လုပ်တဲ့ စက်ရုံကို မတွေ့ရှိရပါလို့ဆိုပါတယ်။ ''ကချင်လွတ်လပ်ရေးတပ်က ဘိန်းတားဆီးရေး အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ၁၉၉၆ ခုနှစ်၊ စီရင်စုနယ်မြေအတွင်းမှာ ဟိုတစ်စု၊ ဒီတစ်ခုလောက် ဘိန်းစိုက်ကြတယ်။ ကချင်ဟာ မူလကတည်းက ဘိန်းထွက်နှုန်း မမြင့်လှပါ။ သဘာဝအကြောင်းရင်း အကြောင်းခံအပြင်၊ တခြားအရေးပါတဲ့ အကြောင်းရင်းတွေလည်း ရှိနေပါသေးတယ်။

(၁) ကချင်ဒေသရဲ့ ရင်းမြစ်တွေဖြစ်တဲ့ သစ်နဲ့ ကျောက်စိမ်းက ကမ္ဘာ မှာ တုနှိုင်းယှဉ်မရ ပြိုင်စံရှားပါ။ ၁၉၀ဝ ခုနှစ်မှာ တွေ့ရှိတဲ့ ကမ္ဘာ့အရေးအကြီး ဆုံး ကျောက်စိမ်းထွက်ရှိတဲ့ မိုးကုတ်က ကချင်ပြည်နယ်ထဲမှာပါ။ ကချင်ရဲ့ အင်အားစု နှစ်ခုဟာ ရှေးအစဉ်အဆက်ကတည်းက ကျောက်တူးတဲ့ အရှင်သခင် ပိုင်ရှင်တွေပါ။ တရုတ်လူမျိုးကလွဲရင် ပြုပြင်မွမ်းမံတာကလည်း အတော့်ကို အဆင့်မြင့်နေပါပြီ။ အထူးသဖြင့် စစ်မဖြစ်မီက ကမ္ဘာ့ကျောက်စိမ်းမြို့တော်လို့ အမည်တွင်တဲ့ ထိန်ချုန်းဟာ ဒုတိယကမ္ဘာစစ်မီးကြီးပြီးတဲ့နောက်မှာ ပြန်လည် နလံမထူနိုင်တော့ပါ။ မြန်မာ့ပြည်တွင်းစစ် အရှုပ်အထွေးကလည်း ပြင်ပလူတွေ ကချင်ကျောက်စိမ်းနယ်မြေအတွင်းကို ဝင်ရောက်ခွင့်မရတော့ပါ။ အားလုံး ကချင်လူမျိုးတွေ ထိန်းချုပ်လိုက်ပါတယ်။ အစိုးရဆန့်ကျင်တဲ့ အင်အားတွေ၊ နယ်မြေစိုးမိုးပြီးတဲ့နောက် အထူးသဖြင့် တရုတ်ပြည်တံခါးဖွင့်ပြီးတဲ့နောက် သစ်လိုအပ်မှု ပမာဏများပြားလာတာရယ်၊ တရုတ်ပြည်နယ်နိမိတ်အတွင်းမှာ သစ်ထုတ်လုပ်မှု တားမြစ်ကန့်သတ်ချက်တွေကြောင့် ကချင်တွေ အခွင့်ထူး အခွင့်ကောင်းနဲ့ ကြုံရလေတယ်။ တရုတ်နုမြစ်လီရှောတိုင်းရင်းသား ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသ လူစွေခရိုင်က ဖျဲန့်မာမြို့ငယ်ဟာ အရေးအပါဆုံး သစ်ထုတ် လုပ်ရာ ဆိပ်ကမ်းလမ်းကြောင်း ဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေး တပ်နဲ့ နှိုင်းယှဉ်လိုက်ရင် ဒီမိုကရေစီသစ်တပ်ဖွဲ့ (မူလက ဗကပ ဝစစ်ဒေသ) ရဲ့အင်အားက တအားငယ်ပါတယ်။ သူတို့ စိုးမိုး ထားတာက တရုတ်ပြည် ထိန်းချုန်းအပြင်ဘက်ကျတဲ့ မြောက်ဘက် ရှည်မျော မျောနယ်စပ်နယ်မြေဒေသသာဖြစ်တယ်။ ဌာနချုပ်က ကန်ပိုက်တီဖြစ်တယ်။ တည်နေရာ မြစ်ကြီးနား - ထိန်ချုန်းလမ်းမကြီးပေါ်က တရုတ်-မြန်မာနယ်စပ် မြန်မာ့တစ်ဖက်မှာ ရှိနေပါတယ်။ ဗကပခေတ်ကာလတုန်းက တိုက်ခိုက်စွမ်းအား အတန်အသင့်ရှိတဲ့ ကချင်တပ်မှာ အခု အယောက် ၆၀ဝ ကျော်လောက်ပဲ ရှိ ပါတော့တယ်။ အတော့်ကို လျော့သွားပါတယ်။ စခွန်တယိန်း လွတ်လပ်မှုရပြီး တဲ့နောက် ဘိန်းထုတ်လုပ်မှု လျော့ပါးသွားပါတယ်။ စီရင်စု နယ်မြေမှာ စိုက်ပျိုး တာ ဧကတစ်သောင်းရှိပါတယ်။ ဘိန်းတန်ချိန် ၁၅ တန် ထွက်ပါတယ်။

စခွန်တယိန်းက 

မူလက ဗကပဖြစ်တာအပြင်၊ အင်္ဂလိပ်တွေနဲ့ ကောင်း ကောင်း အဆက်အစပ်ရှိတဲ့ ကချင်လွတ်လပ်ရေးတပ်က စစ်ဗိုလ်တစ်ယောက် ဖြစ်တယ်။ တခြားမူလ ဗကပတစ်ယောက်ထက် အနောက်ဘက် ပိုယိမ်းလွယ် သူတစ်ယောက်ဖြစ်တယ်။ ဒါ့အပြင် သူဟာ မြန်မာအစိုးရရဲ့ အထူးလေးစား ချစ်ခင်မှုကိုလည်း ရရှိပါတယ်။ သူဟာ ရာခိုင်နှုန်း တစ်ရာတိတိရှိတဲ့ ကချင်တိုင်း ရင်းသားစစ်စစ်ပါ။ ဒါကတော့ ဗကပထဲက ခွဲထွက်ခဲ့ကြတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာဏာရထားတဲ့ ရှိရှိသမျှ ခေါင်းဆောင်တွေအားလုံးထဲကထက် တမူထူးခြား ချက်ပါ။ (သူတို့အနည်းနဲ့အများ တရုတ်သွေးပါကြပါတယ်။) စခွန်တယိန်းဟာ မူလဗကပထဲက ခွဲထွက်လာတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာဏာရခေါင်းဆောင်တွေ အထဲက တစ်ဦးတည်းသာရှိတဲ့ နိုင်ငံ့ကိုယ်စားလှယ်တစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အစိုးရက အခွင့်အာဏာကို ကိုင်တွယ်ဆောင်ရွက်မယ့် ခေါင်အဖြစ် စခွန်တယိန်းကို ရွေးပြီး အပ်နှင်းလိုက်တယ်။ ဒါဟာ လွတ်လပ်ရေးခေါင်းဆောင် အပ်နှင်းခြင်းမဟုတ်ချေ။ မြန်မာစစ်အစိုးရဟာ မူလကတည်းက လွတ်လပ်ရေး တပ်နှင့် ဒီမိုကရေစီသစ်တပ်တို့ ပေါင်းစည်းခြင်းကို အထူးအာရုံစိုက်လျက်ရှိပါ တယ်။ စခွန်တယိန်းကို ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကိုသာ အဓိကထား ဆောင်ရွက်စေချင်တာဖြစ်တယ်။ ဒါပေမဲ့ စခွန်တယိန်းခမျာ သူ့ထက်အင်အား တောင့်တင်းတဲ့ လွတ်လပ်ရေးတပ်ရဲ့ ပြတ်သားတဲ့ ကန့်ကွက်မှုကို ဆိုးဆိုးရွား ရွား ကြုံတွေ့နေရပါတယ်။

သူတို့နယ်မြေက မြန်မာနိုင်ငံ အဓိကအရေးပါတဲ့ နိုင်ငံရေး ရှုပ်ထွေးတဲ့ ဗဟိုချက်မနဲ့ အလှမ်းကွာဝေးနေပါတယ်။ ဒါ့အပြင် ဒုတိယကမ္ဘာစစ်ကြီးတုန်းက ကုလားအုတ်ဘို့လေကြောင်းလိုင်းရယ်၊ စတီးဝပ် လမ်းမကြီးရယ်၊ ဒါတွေဟာ မဟာမိတ်တပ်နှင့် ဂျပန်အမှတ် ၁၈ တပ်မတို့ ဒီနေရာမှာ အပြင်းအထန် လှုပ် ရှားခဲ့ကြပါတယ်။ အဲဒါကလွဲပြီး အပြင်လူတွေရဲ့ အလေးထားခံရတဲ့နေရာ မဟုတ်ပါ။ နောက်ပြီး စစ်ပွဲကြီး ပြီးစီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံရဲ့ အရှုပ်တော်ပုံ နေရာလည်း မဟုတ်၊ ဘိန်းရဲ့ အချက်အချာနယ်မြေလည်း မဟုတ်ချေ။ ဗကပ ပျောက်ကွယ်မှုမတိုင်ခင် ရှည်လျားတဲ့ကာလတွေမှာ ဝတပ်ဖွဲ့နှင့် ခွန်ဆာတပ်ဖွဲ့ တို့ရဲ့ တိုက်ပွဲ ခြိမ့်ခြိမ့်သဲနေ၊ ကိုးကန့်အတွင်းပိုင်း အာဏာလု အိမ်ကြက်ချင်း ခွပ်နေ၊ မူလ ဗကပ ''၈-၁၅'' စစ်ဒေသကို မြန်မာအစိုးရရဲ့ ဖိသိပ်အားတွေ အပြင်းအထန် ခံနေရချိန်တွေမှာ သိန်းရင်နဲ့ စစ်အစိုးရတို့ မိတ်ဖြစ်ဆွေဖြစ် ပေါင်းသင်းဆက်ဆံမှုကု တအားကို ကောင်းနေပါတယ်။ သူတို့ ဗကပနဲ့ ကင်း ကွာပြီးတဲ့နောက် ဖွံ့ဖြိုးတိုးတက်မှုတွေရယ်၊ ပြောင်းလဲမှုအသွင်သဏ္ဍာန်တွေဟာ အဖိုးတန်တဲ့ အချက်အလက်တွေဖြစ်လာပါတယ်။

ဒီမိုကရေစီသစ်တပ်ဖွဲ့ စိုးမိုးရတဲ့နေရာက မကျယ်ဝန်းပေမယ့်လည်း သယံဇာတထွက်ကုန်တွေက ပြွေါကယ်ဝတယ်။ ကမ္ဘာမှာ အင်မတန် အဖိုးတန် ရှားပါးလွန်းလှတဲ့ ကျွန်းသစ်ထွက်တဲ့ သစ်တောနက်ကြီးရှိတယ်။ ကမ္ဘာမှာပဲ တန်ဖိုး အင်မတန် ကြီးမားလွန်းလှတဲ့ ကျောက်မျက်ရတနာတွေ ထွက်တယ်။ ၄င်းနေရာဟာ ဒုတိယ ကမ္ဘာစစ်မဖြစ်ခင်က ကမ္ဘာ့ကျောက်စိမ်းမြို့တော်လို့ ထင်ရှားခဲ့တဲ့ ထိန်ချုန်းမြို့နှင့် အလွန်နီးတယ်။ (ထိန်ချုန်းဟာ ဟိုးအရင်က မူလက တရုတ်ပြည်အနောက်တောင်က ယဉ်ကျေးမှု အချက်အခြာနှင့် အရှေ့ တောင်အာရှ ကုန်သွယ်ရေးရဲ့ ဗဟိုချက်တစ်ခု ဖြစ်တယ်။) ခုလိုခေတ်အခါမှာ ထိန်ချုန်းရဲ့ ပြန်လည်ဖွံ့ဖြိုးရေးလုပ်ဆောင်နေခိုက်မှာ စခွန်တယိန်းအတွက် သူ့ကြီးထွားလာရေးအတါက် အင်မတန်ကြီးမားတဲ့ အထောက်အကူဖြစ်နေပါ တယ်။ ကချင်အမှတ် (သုံး) အထူးဒေသဟာ ဒီနှစ်ပိုင်းတွေမှာ စီးပွားရေးဘက်မှာ အရှိန်အဟုန်ပြင်းစွာ ပုန်ကန်ထြွကနေချေပြီ။ မျက်မှောက်ကာလတွေမှာ နှစ် စဉ် ဘဏ္ဍာရေးဝင်ငွေက ရင်မင်ပိယွမ် သန်းတစ်ရာအထက်မှာ ရှိနေပါတယ်။ ကိုးကန့်ထက် ငါးဆသာတယ်။ (ကိုးကန့်အစိုးရ နှစ်စဉ်ဝင်ငွေက ယွမ်သန်း နှစ်ဆယ်ကျော်လေးသာ ရှိတယ်။) ကချင်အမှတ် (၃) ဒေသက ၁၉၉၀ ခုနှစ်က အစပြုပြီး မူးယစ်ဆေးဝါး ဟန့်တားတိုက်ဖျက်ရေးကို ပြုလုပ်နေပါတယ်။ လက် ရှိအချိန်မှာ မြန်မာနိုင်ငံမြောက်ပိုင်း မူးယစ်ဆေးဝါး ဟန့်တားတိုက်ဖျက်ရေးကို ပြုလုပ်နေပါတယ်။

ဗမာကွန်မြူနစ်ပါတီကို တိုးတက်တဲ့ ကျောင်းသားပါတီ - သခင်ပါတီ ကနေ ပြောင်းလဲပေါ်ပေါက်လာတဲ့ ပါတီဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကိုလိုနီအုပ် ချုပ်ရေးနှင့် ပဒေသရာဇ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ အရေးပါတဲ့ နိုင်ငံရေး အင်အားစုကြီး ဖြစ်ပါတယ်။ နိုင်ငံရေးအတွေးအခေါ် အယူအဆပိုင်းမှာ တိုက် ခိုက်မှုတွေ ပေါ်ပေါက်ပြီး ပါတီတွင်း ကွဲပြဲမှုတွေ ပေါ်ပေါက်လာရာကနေ မြန်မာနိုင်ငံအတွင်း အင်အားအကြီးဆုံးဖြစ်ပြီး အစိုးရကို ဆန့်ကျင်တဲ့ လက်နက် ကိုင်အဖွဲ့အစည်းကြီး ဖြစ်လာပါတယ်။ ဒါပေမဲ့ တူညီကြတဲ့ ဒီတစ်စုမှာ တူညီတဲ့ နိုင်ငံရေးအတွေးအခေါ် အယူအဆတွေ ရှိနေကြတုန်းပါပဲ။ ''အနီရောင်လွှမ်း တဲ့ တပ်သား'' က ဘာကြောင့်များ ကနေ့ ''အဖြူရောင် တစ္ဆေတပ်သား''အဖြစ် ယုတ်လျော့ကျဆင်းသွားရတာပါလိမ့်။ တကယ့်ကို အလေးအနက်ထားပြီး စူးစမ်းလေ့လာ သုတေသနပြုရလေတော့တယ်။

ဒါပေမဲ့လည်း ဗမာပြည်ကွန်မြူနစ်ပါတီ တည်ရှိခဲ့တဲ့ သမိုင်း၊ ဒါ့အပြင် ဗမာပြည် ကွန်မြူနစ်ပါတီ ပြိုကွဲပျက်သုဉ်းပြီးတဲ့နောက် ဒီအပိုင်းမှာ ရွှေတြိဂံ မြောက်ပိုင်းဆီ ရွေ့လျားပြန့်ကားပြီး မူးယစ်ဆေးဝါးအဆပေါင်းများစွာ တိုးပွား များပြားလာတဲ့ သမိုင်းတွေ၊ ရွှေတြိဂံကို လူသူတွေကနေပိုပြီး အာရုံတွေ စူးစိုက် ခံရလောက်အောင် ပြောင်းလဲမှုကြီးတွေ၊ ၄င်းအကြောင်းချင်းရာတွေကနေ အနောက်တိုင်းက တစ်လျှောက်လုံး ဂရုစိုက်နေကြတဲ့ ကမ္ဘာ့အဆင့်လွန် ဘိန်း ရာဇာကြီး လော်စစ်ဟန်၊ ခွန်ဆာအစရှိတဲ့ သူတွေရဲ့ ပုံရိပ်တွေ၊ ဒါတွေဟာ ကနေ့ ကမ္ဘာသားတွေရဲ့ နှုတ်ဖျားမှာ ပြောကြဆိုကြနေကြပါတယ်။

ဒါတွေ ဒါတွေရဲ့ သမိုင်းကြောင်း ပြောင်းလဲမှုတွေဖြစ်စဉ်တွေကို ဖော်ထုတ်ဖြေရှင်းလိုက်မယ်ဆိုရင် ကနေ့လူတွေ ရှုမြင်သုံးသပ်နေကြတဲ့ ရွှေတြိဂံ ကြီးတစ်ခုလုံးရဲ့ မေးခွန်းပုစ္ဆာတွေဟာ အဲဒါတွေအထဲကနေ ရရှိပြီး အသိဉာဏ် တွေ ပွင့်လင်းလာစေမှာ ဖြစ်ပါတယ်။ ဒါတွေဟာ ကနေ့ကမ္ဘာ့အာရုံစူးစိုက်ခံနေ ရတဲ့ ရွှေတြိဂံရဲ့ ကန့်လန့်ကာ အတွင်းပိုင်းကို ရှိသမျှ ဖြစ်သမျှတွေသာ။ ဒါတွေ ဟာ ရွှေတြိဂံနယ်မြေဒေသရဲ့ နိုင်ငံရေး၊ အမျိုးသားရေး၊ စီးပွားရေးဆိုတဲ့ ထောင်စွန်းလေးထဲက ဟာတွေပါ။ ဘိန်းနှင့် မူးယစ်ဆေးဝါးက ဘာကြောင့်အရေး ပါတဲ့ ဇာတ်သရုပ်ကို ကပြနေရတယ်ဆိုတဲ့အကြောင်းရင်း အကြောင်းခံတွေသာ ဖြစ်နေပါတယ်။

ကနေ့အချိန်ကို ရောက်လာပါပြီ။ ခေတ်အဆက်ဆက်က ပေါ်ထွန်းခဲ့တဲ့ ဘိန်းရာဇာကြီးတွေရယ်၊ နောက်ပိုင်းကာလ ဗကပတို့ ပြိုကွဲပြီးမှ ပေါ်ပေါက်လာ တဲ့ ပုံစံတွေထဲက ဘိန်းရှိရာ ရင်းမြစ်ဒေသရဲ့ အနေအထားတွေရယ်၊ အဲဒီကနေ ဖောက်လုပ်လိုက်တဲ့ ဘိန်းသယ်ယူပို့ဆောင်တဲ့ ဘိန်းလမ်းကြောင်းတွေရယ်၊ ဒီဗြိတိသျှတွေ အစပျိုးလိုက်တဲ့ ဘိန်းဝဲဂယက်ကနေ တစ်ဆင့်ပြီးတစ်ဆင့် လက်ဆင့်ကမ်း ဖြတ်သန်းလာခဲ့တာမှာ နောက်ဆုံး အမည်းရောင် ဘိန်းတစ္ဆေ ကနေ အဖြူရောင် စုန်းကဝေ၊ မှော်ပညာရှင်တွေ ပေါ်ထွက်လာကုန်ပါပြီ။

ရှေ့နဲ့နောက် နှစ်ပေါင်း ၁၅၀ ကျော် ကြာလာခဲ့တယ်။ ''သူ'' ဘယ် လောက် ကြာရှည်ဆက်လက်တည်ချေလေဦးမလဲ၊ ဒီမေးခွန်းဟာ ကနေ့ ကမ္ဘာ သူ ကမ္ဘာသားတွေကို စူးစိုက်မေးမြန်းလို့ နေချေပြီ။ လူသားအားလုံး ကောင်း ကောင်းကြီး သိသင့်သိထိုက်တဲ့ ပြဿနာဖြစ်ပါတယ်။

ရွှေတြိဂံ ပြဿနာ နိဂုံးချုပ် အဆုံးသတ်ဖို့ အချိန်က ဝေးကွာနေပါသေး တယ်။ ဗကပ ပြိုကွဲပြီးနောက် လွတ်လွတ်လပ်လပ် အသစ်ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် တပ်ဖွဲ့အသီးသီးတွေ၊ ဂိုဏ်းအုပ်စုအသီးသီးတွေက လက်နက်ကိုင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားကြမယ့် ရွှေတြိဂံဖြစ်စေမယ့် ကာလသစ် ကို ရောက်လာချေလိမ့်မယ်။ ၄င်းတို့က မတူညီတဲ့ နိုင်ငံရေးအသိအမြင်တွေကနေ အတင်းလိုက်ပါကြပြီး မတူညီတဲ့ လုပ်နည်း လုပ်ဟန်တွေနဲ့ ဒီဒေသစီးပွားရေးကို ဖွံ့ဖြိုးတိုးတက်စေလိုကြပါတယ်။ သူတို့က နိုင်ငံရေး ထုထည်အသစ်တစ်ခု တရုတ်မြန်မာနယ်စပ်မှာ ပေါ်ထွက်လာစေလိုကြတယ်။ အဲဒီထုတည်သစ်က မြောက်ဘက်ဆီက တရုတ်နယ်နိမိတ်ကို အတင်းပူးကပ်ထားပြီး ရှည်မျောမျော ရစ်ပတ်ထားလိုကြတယ်။

၁၉၈၉ ခုနှစ်၊ ဗကပပြိုကွဲပြီးတဲ့နောက် ဒေသကြီးလေးခု ရှေ့ဆင့် နောက်ဆင့် ပေါ်ပေါက်လာပါတယ်။ ဒီမြန်မာအစိုးရဖော်ထုတ်လိုက်တဲ့ ဒေသ ကြီးလေးခုဆိုတာကကတော့ အမှတ် (၁) ကိုးကန့်၊ အမှတ် (၂) ဝ၊ အမှတ် (၃) ကချင်၊ အမှတ် (၄) ရှမ်း အထူးဒေသလေးခုပါ။ ဒီအထူးဒေသကြီး လေးခု စလုံး တရုတ်ပြည်နယ်နိမိတန်မျဉ်းနဲ့က ၃ ကီလိမီတာသာ ကွာဝေးပါတယ်။ ဒီနယ်မြေဒေသတွေမှာ ကိုယ့်ရဲ့ ရုံးစိုက်ရာ မြို့တွေ၊ ဗဟိုရုုံးချုပ်တွေကို ကိုယ့် ဘာသာ ရွေးချယ်စိုက်ထူကြပါတယ်။ ဒီအချိန် ဒီကာလက အစပြုပြီး သူတို့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပါတီနှင့် လက်နက်ကိုင်တပ်ဖွဲဲ့တို့ရဲ့ လက်အောက်ခံ မဟုတ်ကြတော့ပါ။ တသီးတခြားပေါ်ထွက်လာတဲ့ အမျိုးသားကိုယ်ပိုင်အုပ်ချုပ် ရေး နိုင်ငံရေးလမ်းညွှန်မှု အခြေခံမူတည်ရှိတဲ့ မြန်မာနိုင်ငံ အထူးဒေသဖြစ်ပါ တယ်။ သူတို့ဟာ လက်တွေ့ပိုင်းမှာ မြန်မာနိုင်ငံဒေသခံ အမျိုးသားရေးဝါဒ နိုင်ငံရေးပါတီနှင့် ဒေသခံ ကိုယ်ပိုင်အုပ်ချုပ်ရေး အမျိုးသားလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ကြပါတယ်။

ဒါတွေဟာ လက်ရှိ ဖြစ်နေတုန်း ဖြစ်နေဆဲ သမိုင်းအပိုင်းတစ်ပိုင်းပါ။

သမိုင်းရဲ့ သင်ခန်းစာတွေကို မှတ်ယူသင့်ကြပါတယ်။ ဒါဟာ လူသား တွေရဲ့ အလိုအပ်ဆုံးအချက်ဖြစ်ပါတယ်။