Breaking News

မောင်စွမ်းရည် – အညာဟန်နဲ့ ရွာပြန်မယ်ပြင်

မောင်စွမ်းရည် ဒီဇင်ဘာ ၂၀၁၉၊ ရန်ကုန်အိမ်မှာ ...


မောင်စွမ်းရည် – အညာဟန်နဲ့ ရွာပြန်မယ်ပြင်

(မိိုးမခပြန်လည်ဆန်းသစ်) ဒီဇင််််ဘာ ၉၊ ၂၀၁၉
(မိုးမခ) မတ်လ ၂၂၊ ၂၀၁၅

(၁)

ရေခြားမြေခြား ၊ အမေရိကားက
သမ္မတတပါး၊ “အိုဘားမား” တဲ့
“ဘားမား” ကို နှစ်ခေါက်
ဆက်တိုက်ရောက်ခဲ့။

(၂)

ဗမာပြည်ဖွား၊ ဗမာပြည်သား
အများအမြင်၊ ပြည်ချစ်မောင်ထင်ရ
အသင်ကဗျာဆရာ
ဗမာပြည်ကို၊ တချီတထောက်၊ မသီမရောက်
တခေါက်မှ မပြန်သေး
ဘယ်အရေး ဘယ်အရာ
ဘယ်ကြောင့် ၊ဘယ်လိုဆိုတာ
အသေအချာ ၊ ဖြေပါအုံးတော့တဲ့။


(၃)

ဟဲ့ -ကိုယ့်မွေးရပ်ထံ ၊ မပြန်ချင်ဘူးလို့
တဦးမှမရှိ၊ အရူးက အစသိ
ငါမချိတာကို ၊ လာမလိကျနဲ့
ရွာအထိ တုံးမောင်းခေါက်
ကုန်းကြောင်းလျှောက် ပြန်ချင်သဟေ့။

(၄)

မွေးရပ်ကခွာ ၊ ဆယ်နှစ်ကြာ
ငါးနှစ်ကျော်မြောက်
ဆယ့်ငါးနှစ် ရောက်ကပေါ့
တခေါက်သော်မျှ ၊မရောက်ရသေး
ရောက်ရဝေးလို့၊ အတွေးနဲ့မှန်း
လွမ်းရတာထောင့်၊ စနောင့်စနင်း
မဖြောင့်စင်းဘူး ကွယ်ရို့။

(၅)

ေဩာ် … ငါမွေးတဲ့အိမ်
ခုအချိန်ဆို၊ ယွင်းယို ခေါင်ပြုတ်
နံရံစုတ်ပြီး၊ ထုတ်လျောက်ပိုးစား
နွားဆိတ်တွေဝင်၊ အချင်တွေပြုတ်
အုတ်အင်္ဂတေ၊ ကွာချေပြီပေါ့ ။

ခြံစည်းရိုးမှာ အဘိုးတထိ်ုက်
အဖိုးစိုက်တဲ့၊ ယွန်းစိုက်ပင်အို
စိုးပင်ချိုလဲ
စိုပါသေးစ၊ ချိုသေးစ။


(၆)

အိမ်တောင်ဘက်က
စက္ကူပန်းရုံ၊ ဆူးနွယ်ခြုံက
နီတုံးဝါတုံး၊ ပွင့်လို့မကုန်
ခူးလို့မခမ်း၊ ပန်းတဝေဝေ
နွေကိုမမှု
အန်တုသေးစ၊ ပွင့်သေးစ။

(၇)

အိမ်မြောက်ဖက်က
ဖူးရွက်ဝေဆာ။
အညာတမာ၊ ဝါတာတာလဲ
ရသာဆိမ့်ခါး၊ ရဟန်းစားသတဲ့
မစားရတာကြာ၊ ခါးတမာလဲ
မာပါသေးစ၊ ဝါသေးစ။


(၈)

ရွာမြောက် ခြောက်ကမ်းပါး
အဖွားရဲ့ အဖိုးဘေးဘီဘိုးများ
စိုက်ပျိုးပြုပြင်၊ သရက်ပင်လဲ
“မြဝင်” ပျားစွဲ၊ ရှဉ့်သိုက်လဲဆောက်
အောက်ဖက်ခွဆုံ၊ ခြအုံသစ်ခေါင်း
တောက်တဲ့အောင်းလို့၊ နွားကျောင်းသားတက်
မြက်ခြောက်နဲ့ဆို့ မီးနဲ့ရှို့တော့
တချို့မီးကျွမ်း၊ တခြမ်းမီးပြာကျ
ခြတွေလဲသေ၊ တောက်တဲ့သေ
သစ်ကိုင်းတွေခြောက်၊ ရှဉ့်သိုက်ပျောက်သတဲ့
ခြောက်တဲ့အပင်၊
ရှင်မှ ရှင်စ၊ ရှင်သေးစ။