Breaking News

ဖိုးသံ(လူထု) - တရုတ်နှစ်သစ်ကူးအတွေး



ဖိုးသံ(လူထု) - တရုတ်နှစ်သစ်ကူးအတွေး

(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၁၉
နှစ်သစ်မိုးကူးပတဲ့ဆိုရင် တရုတ်ပြည်ကလမ်းတွေပေါ်မှာဗျောက်အိုးသံတွေတထိန်းထိန်း၊ အမွှေး တိုင်နံ့တထောင်းထောင်းနဲ့ ဝတ်ကောင်းစားလှနဲ့မိသားစုတွေကို မြင်ရတော့တာပါပဲ။ တခါတခါတော့ လည်း ဒီမြင်ကွင်းဟာ ဗမာပြည်ကအခါကြီးရက်ကြီးမှာ ရပ်ထဲ၊ ရွာထဲ လူကြီးသူမဆရာသမားများကိုကန် တော့ထွက်ကြတဲ့မြင်ကွင်းကို သတိရ၊ လွမ်းတစေပါတယ်။ 

ဒါ့အပြင် ကျွန်တော်ကဆရာမင်းသုဝဏ်ရဲ့  ...
" သူတကာ ကန်တော့ပွဲတွေနဲ့၊ 
ရွာထဲမှာ လူရောင်ပြချိန်မို့၊ 
နေညိုမှာ မေအို တရှာလိမ့်" ...
ဆိုတဲ့ "ဝါကျွတ် ကန်တော့ပန်း"ကဗျာထဲက စာသားတွေကိုသတိရမိပါတယ်။ ရပ်ထဲရွာထဲမှာ ညနေစောင်းပတဲ့ဆိုရင် လှူဖွယ်ပစ္စည်းပိုက်သူကပိုက်၊ ရေအိုးသယ်သူကသယ်၊ ဝတ်ကောင်းစားလှနဲ့ အကန်တော့သွားကြတဲ့ မြင်ကွင်းကိုပြန်မြင်ယောင်မိတာကို ဝန်ခံရမှာပါ။
ဒီလိုအချိန်မျိုးမှာတရုတ်တွေ ဆိုရိုးစကားလိုကိုးကားလေ့ရှိတဲ့ ရိုးရာသီချင်းလေးတပုဒ်ကိုလည်း ပြေးသတိရမိပါတယ်။ ဒီသီချင်းက ရှေးတရုတ်ပြည်ကို ပြောတာပါ။ ဒါပေမဲ့ဒီနေ့ခေတ်မှာလည်း ...

လခြမ်းရောင်ခြည်
လခြမ်းကလေးရဲ့ ရောင်ခြည်က
ကမ္ဘာမြေပြင်ပေါ်ဖြာလို့ကျ။
ဘယ်နှအိမ် ဝမ်းသာဝမ်းမြောက်၊ 
ဘယ်နှအိမ် ပူပင်သောကရောက်။
မိသားစုဘယ်နှခု ...
အိမ်ထဲမှာ ပြန်ဆုံ စုရုံး၊
မိသားစုဘယ်နှခု ...
အပြင်မှာ လွင့်ကြဲ နေကြသတုံး။

月子弯弯照九州
月子弯弯照九州
几家欢乐几家愁
几家夫妇同罗帐
几家飘零在外走

အကြောင်းအမျိုးမျိုးကြောင့် စိတ်မချမ်းမသာဖြစ်နေတဲ့ မိသားစုတွေ ဒီတိုင်းပြည်မှာ အနည်းနဲ့အများရှိနေမှာပါ။ ကျွန်တော်တို့နိုင်ငံမှာဆိုရင်တော့ - ဥပမာ - ကျွန်တော် ... ...။
ဖိုးသံ(လူထု)