Breaking News

လင်းသက်ငြိမ် - လက်ကိုရေနဲ့ဆေး

KT#
လက်ကိုရေနဲ့ဆေး
လင်းသက်ငြိမ်
(မိုးမခ) ဒီဇင်ဘာ ၂၁၊ ၂၀၁၉

ထမင်းစားပြီးတော့
လက်ကိုရေနဲ့ဆေးကြတယ်
အိမ်သာထဲကထွက်လာတော့
လက်ကိုရေနဲ့ဆေးကြတယ်
ငွေစက္ကူတွေရေပြီးတော့
လက်ကိုရေနဲ့ဆေးကြတယ်
အခန်းသန့်ရှင်းရေးလုပ်ပြီးတော့
လက်ကိုရေနဲ့ဆေးကြတယ်
တစ်ကိုယ်တော်အာသာဖြေပြီးတော့
လက်ကိုရေနဲ့ဆေးကြတယ်
ဘုရားရှိခိုးခါနီးတော့
လက်ကိုရေနဲ့ဆေးကြတယ်
လူသတ်သမားဟာ သူ့အလုပ်ပြီးတော့
လက်ကိုရေနဲ့ဆေးတယ်
ဆရာဝန်ဟာ သူ့အလုပ်ပြီးတော့
လက်ကိုရေနဲ့ဆေးတယ်
စစ်​ကြောရေးအရာရှိဟာ သူ့မေးခွန်းတွေပြီးတော့
လက်ကိုရေနဲ့ဆေးတယ်
ပန်းရံသမားဟာ သူ့အလုပ်ပြီးတော့
လက်ကိုရေနဲ့ဆေးတယ်
လူအမျိုးမျိုး လက်အမျိုးမျိုး အလုပ်အမျိုးမျိုး
လက်ကိုရေနဲ့ဆေးကြတယ်
လက်ကိုရေနဲ့ဆေးတော့
လက်တွေပဲ သန့်ရှင်းနေတော့တယ် ။

-
၂၀၁၉
ဒီဇင်ဘာ