Breaking News

ဝင်းမြင့် - မြေ



ဝင်းမြင့် - မြေ

(မိုးမခ စက်တင်ဘာ ၂၀၁၉၊ ပုံနှိပ်စာအုပ်)
မိုးမခ၊ ဒီဇင်ဘာ ၂၁၊ ၂၀၁၉


စောစောထပြီး အမှောင်ကိုဖျက်ချလိုက်မယ့်အက်ကြောင်းက
မြို့ရဲ့ပထမဦးဆုံးညှော်နံ့ပဲ။

ဖတ်ပြီးသွားတဲ့စာမျက်နှာတွေကိုမေ့လျှော့ပေါ့ဆခဲ့တော့
ဇာတ်သိမ်းပိုင်းကို ခရိုနီက ဝယ်သိမ်းလိမ့်မယ်။

လေယာဉ်ပျံတွေ
ထမင်းလုံးပေါ်ဝဲနေတာ
ကျနော်တို့မျက်ရည်ပဲ။

အပေါ်ကကြည့်ရင် နိမိတ်ပုံက သေးသေးမွှားမွှား
မြေဇာမြက်။

မျှစ်တွေလိုအလုအယက်
ခြံစည်းရိုးပေါ်တက်လာခဲ့တယ်။ ။

ဝင်းမြင့်
၁၅. ၅. ၂၀၁၉