Breaking News

ဆောင်းယွန်းလ - "မေ့ဆေးပေးပါ"



ဆောင်းယွန်းလ - "မေ့ဆေးပေးပါ"

(မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၁၉

တော်လှန်ရေးကြီး
မအောင်မြင်စွာပြီးဆုံးသွားတာဘဲ
ဘာမပျော်စရာရှိလို့လဲ


အောင်မြင်စွာပြီးဆုံးကြောင်းကြေညာချက်တွေနောက်မှာ
နောက်တစ်ခေါက် တကျော့ပြန်လာမှာက
နောက်ထပ် တော်လှန်ရေးအသစ်တခု

လူထပ်စုဖို့လည်း
လူထပ်ရှာမတွေ့နိူင်တော့မယ့်အတူတူ
ဒီတစ်ကွေ့မှာ ဒီအရွေ့နဲ့
အားလုံးကိုမေ့နေလိုက်တာကောင်းတယ်

ဗျို့ တို့ဆေးဆရာတို့
ကျနော့်ဖို့ မေ့ဆေးတစ်တို့လောက်ဗျာ။