Breaking News

ဟန်သစ်နိုင် - မကွေးတိုင်း သိမ်းဆည်းမြေအရေး တောင်သူလယ်သမားသမဂ္ဂ သတင်းစာရှင်းလင်းပွဲ ကျင်းပ


ဟန်သစ်နိုင် - မကွေးတိုင်း သိမ်းဆည်းမြေအရေး တောင်သူလယ်သမားသမဂ္ဂ သတင်းစာရှင်းလင်းပွဲ ကျင်းပ

မိုးမခ ဇန်နဝါရီ ၁၀၊ ၂၀၂၀

သိမ်းဆည်းမြေဖြေရှင်းရေးတွင် ဌာန ဆိုင်ရာ၀န်ထမ်းများဥပဒေသိရှိလိုက်နာမှုအားနည်းကြောင်း ၀န်ကြီးဟောင်း ဦးဆန်းဆင့်ပြော သိမ်းဆည်းမြေများ ပြန်လည်ဖြေ ရှင်းရာတွင် နိုင်ငံတော်သမ္မတမှထုတ် ပြန်ချမှတ်ထားတဲ့ ‌မြေယာမူဝါဒ ၅၂ ချက်နဲ့ကိုက်ညီမှုမရှိပဲ ဌာနဆိုင် ရာ၀န် ထမ်းများဥပဒေသိရှိလိုက်နာမှုအားနည်းကြောင်း ၀န်ကြီးဟောင်း ဦးဆန်း ဆင့်ကပြောသည်။


 '‌မြေယာသိမ်းဆည်းဖြစ်စဉ်တွေဟာယ ခင်အစိုးရအဆက်ဆက်ကအကြောင်းအမျိုးမျိုးနဲ့ သိမ်းဆည်းခဲ့တာတွေရှိနေ သော်လည်း အစိုးရလက်ထက်မှာ နိုင်ငံ တော်သမ္မတကချမှတ်ထုတ်ပြန်ထားတဲ့ မြေယာဥပဒေမူဝါဒ ၅၂ချက်နဲ့ ကိုက်ညီမှုမရှိပဲ ဆောင်ရွက်နေတဲ့ ဌာန ဆိုင်ရာ၀န်ထမ်းတွေပါ ဥပဒေကိုသိရှိ နားလည်မှုအားနည်းနေပြီး နိုင်ငံတော် ကချမှတ်ထားတဲ့ ဥပဒေကိုကျော်လွန် လုပ်ဆောင်မှုတွေရှိနေတယ်၊ ဒါ့အပြင် မြေစစ်ဗဟိုကော်မတီကချမှတ်ထားတဲ့မူဝါဒနဲ့ပတ်သက်ပြီး အောက်ခြေအဖွဲ့ စည်းတွေရဲ့လုပ်ရပ်တွေကို အထက်အ ဖွဲ့အစည်းတွေသိတဲ့အထိ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်တယ်'ဟု ဇန်နဝါ ရီ ၈ ရက် နေ့ မကွေး တိုင်းဒေသအတွင်း ရှိ သိမ်းဆည်းခံ တောင်သူများ၏သ တင်းစာရှင်းလင်းပွဲတွင်၀န်းကြီးဟောင်းဦးဆန်းဆင့်က ယခုလိုပြောသည်။ 

မည်သည့်အဖွဲ့အစည်းမှန်းမသိ ကား လမ်းဖောက်မည်ဟုဆိုပြီး မြေပိုင်ရှင် အား အသိမပေး ညှိနှိုင်းမှုမရှိလျော် ကြေးမပေးပဲသိမ်းဆည်းခဲ့သည့်အတွက် မိမိပိုင်ဥယျာဉ်ခြံ‌မြေအား နစ်နာကြေး ပြန်လည်ရရှိလိုကြောင်းမကွေးတိုင်း ဆောမြို့နယ် သီရိရပ်ကွက် တွင်နေထိုင် သူ ဦးကောက်လိန် မှ၎င်းသတင်းစာရှင်း လင်းပွဲတွင်ပြောသည်။ 


' 'ကျနော်ကဒီမြေကို၀ယ်ထားတာအထောက်အထားအပြည့်အစုံရှိပါတယ်၊ဒီတမြို့လုံးနီးပါးလဲသိပါတယ်၊ ကျနော် ပိုင်မြေ ၀.၅၀ဧကကို ၂၀၁၄ခုနှစ်မှာ ဘာမှ အကြောင်းမကြား လျော်ကြေး မပေးပဲ နိုင်ထက်စီးနင်း ကားလမ်း ဖောက်သွားတယ်၊ ပထမမူလကားလမ်း က ကျနော့် ခြံဘေးကကွေ့လမ်းပါ၊ အခု ကကျနော့် ခြံမြေကိုဖျက်ဆီးပြီး လမ်း ဖောက်သွား တာပါ၊ ဖောက်မယ်ဆိုလဲ ညှိနှိုင်းအသိ ပေးလျော်ကြေးပေးရင် တော်သေး၊ အခု ကခြံထဲကဖြတ်ဖောက် သွားတယ်၊အဲဒါ ကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်း ဌာန ဆိုင်ရာတွေကို အ ကြောင်းကြားတင်ပြ လျှောက်ထား ထားပါတယ်၊အခုထိတော့ ဘာမှထူး ခြားမှုမရှိသေး ပါဘူး'၎င်းမှ ပြောသည်။ 

မကွေးတိုင်းဆောမြို့နယ် သီရိရပ် ကွက်တွင် ၁၉၇၆ခုနှစ်ကတည်းမှ ဓမ္မဦး ချခုတ် ထွင်ရှင်းလင်းပြီး၁.၀၃ဧက ကွင်းအမှတ် ၁၆၄၊ဦးပိုင်အမှတ်၇၀၊ ပုံစံ ၇၊၁၀၅ အ ထောက် အထားများရှိခဲ့ သည့် ဘိုးဘွား ပိုင်မြေ အား ၂၀၀၁ခုနှစ် တွင် ရပ်ကျေး အုပ်ချုပ် ရေးမှူးမှအနိုင် ကျင့်သိမ်းဆည်း ခဲ့ကြောင်း၊ ယခုအခါ ၎င်းသိမ်းထား သည့်မြေနေရာတွင် မူလ တန်းကျောင်း ခွဲဖြစ်ပေါ်နေကြောင်း၊ မြေပိုင်ရှင်မှ လည်းမိမိပိုင်မြေနေရာ တွင်ကျောင်းဆောက်ထားသည့်အတွက် မြေနေရာ တစ်၀က်အား သီးနှံဆက် လက်စိုက်ပျိုး ခဲ့သည့် အတွက်မြိုနယ် ပညာရေးမှူးမှတ ရားစွဲဆိုခြင်းကိုရင် ဆိုင်နေရကြောင်း၊ အထောက်အထား ပြည့်စုံရှိလျက် ၂နှစ် နီးပါးအမှုမပြတ် ရင်ဆိုင်နေရကြောင်း များကို သက်ဆိုင် ရာဌာနများကိုတင်ပြ လျှောက်ထား ကြောင်းများကို မကွေး တိုင်းဆောမြို့ နယ် သီရိရပ်ကွက်ရှိ မူလ မြေပိုင်ရှင် ဦးမောင်မောင်မှပြောသည်။

 'ကျနော်တို့က ‌မြေကိုမတရားလဲအ သိမ်းဆည်းခံရတယ်ကိုယ့်မြေပေါ်ကိုယ်သီးနှံစိုက်တော့လဲ တရားစွဲခံရတယ်၊ အထောက်အထားလဲအပြည့်အစုံရှိပါတယ်၊ အမှုကလဲ၂နှစ်နီးပါးရင်ဆိုင်နေ ရတယ်၊ပြီးတော့ ကိုယ့်မြေနေရာကိုမှန် မှန်ကန်ကန်ပြန်ဖြစ်စေချင်တယ်၊ အဲဒါ ကြောင့်အခု သိမ်းဆည်းခံမြေများကို ပြန်လည်ဖြေရှင်းဆောင်ရွက်ပေးမယ့် တိုင်း ၀န်ကြီးချုပ်အထိသိအောင်အ ကူညီတောင်း တင်ပြ‌ထားပါတယ်'ဟု ၎င်းက ပြောသည်။ 


မကွေးတိုင်းဒေသကြီးအတွင်းရှိ အကြောင်းအမျိုးမျိုးနှင့် သိမ်းဆည်း ခံခဲ့ရသည့် မြေများကို တောင်သူများမှ မိမိတို့၏နစ် နာကြေးများ ပြန်လည်ရရှိ ရန် တင်ပြ လျှောက်ထားသော်လည်း ပြန်လည်ဖြေ ရှင်းမှုများမရှိပဲ ကြန့်ကြာ မှုများဖြစ်ပေါ် နေသည့်အတွက် မကွေး တိုင်းဒေသကြီး ဆောမြို့နယ်တွင် ဇန်န ဝါရီ ၈ ရက်နေ့၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကျင်းပရာ အသိမ်းဆည်းခံ တောင်သူ ၃၀၀နီးပါး တက်ရောက်ခဲ့ပြီး မီဒီယာများအားရှင်းလင်းတင်ပြကြသည်။

ဇန်နဝါရီ ၁၀ ရက်နေ့တွင်လည်း မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ နာယကဦးဆန်းဆင့်၊ ဥက္ကဌဦးသိန်း၀င်း ဦးဆောင်ပြီး မကွေးတိုင်းအတွင်းရှိ အသိမ်းဆည်းခံ တောင်သူများမှ မကွေး တိုင်း၀န်းကြီး ချုပ် ‌နှင့်သွားရောက်တွေ့ ဆုံရှင်းလင်း တင်ပြကြမည်ဟုလည်း သိရသည်။