Breaking News

မောင်သာနိုး - စာရေးတတ်ကြပုံများ



မောင်သာနိုး - စာရေးတတ်ကြပုံများ

(မိုးမခ) ဇန်နဝါရီ ၁၀၊ ၂၀၂၀

ပေါင်မုန့်ကို ဘယ်ဘက်က ထောပတ်သုတ်ထားတယ်ဆိုတာကို သိတယ်ဆိုတာ အင်္ဂလိပ် စကားပုံပါ ။ ( He knows which side the bread is buttered. ) အဓိပ္ပာယ်က He knows where he can get an advantage for himself . ဘယ်မှာ မိမိအကျိုး ရရှိနှိုင်တယ်ဆိုတာကို သိတာရယ်လို့ ဖြစ်ပါတယ် ။ ဒီအင်္ဂလိပ် စကားပုံကို မြန်မာစာပေထဲ ပထမဆုံး စသုံးတာကို မှတ်မှတ်ရရ သတိထားမိတာက ... ဆရာကြီးရွှေဥဒေါင်းပါပဲ ။

ဆရာကြီးက ငွေဥဒေါင်း ( ဦးကြီးမောင် ) နဲ့ ပတ်သက်ပြီး ရေးရာမှာ သုံးသွားတာပါ ။ ငွေဥဒေါင်းဟာ ပေါင်မုန့်ကို ဘယ်ဖက်က ထောပတ်သုတ်ထားတယ်ဆိုတာကို သိသူဖြစ်တယ်တဲ့ ။ အသေးစိပ်ကိုတော့ စာပေသမိုင်း သုတေသီများ မှတ်မိသိရှိ ကြပါလိမ့်မယ် ထင်တယ် ။ပေါင်မုန့်ကို ဘယ်ဖက်က ထောပတ်သုတ်တယ်ဆိုတာကို သိတဲ့လူတွေ ပြင်ပလောကမှာ အသင်္ချေ အနန္တ တွေ့ရသလို စာပေလောကမှာလည်း တော်တော့်ကို အတွေ့ရ များတာလား ။

ထောပတ်သုတ်တဲ့ဖက်ကို မကြည့်ပဲ ရေးတဲ့လူတွေလည်း ရှိပါရဲ့ ။ ကိုယ်ရေးချ င်တာ ရေးသွားကြတာပါပဲ ။ မြို့အကြောင်း ၊ ရွာအကြောင်း ၊ လူအကြောင်း ၊ အချ စ်အကြောင်း ၊ စသည် စသည် .. ။ တချို့ကျ တော့လည်း ခံစားမှုအကြောင်း ကဗျာရေးနေတာပဲ ရိုးရိုးမရေးနှိုင် ။ " ကိုဘယ်သူရေ ၊ မဘယ်သူရဲ့ " ဆိုတာမျိုး တွေကို အခြောက်တိုက် ထည့်ထားတယ် ။ အဲဒီ ကိုဘယ်သူ ၊ မဘယ်သူဟာ သူ့ကို ကျွေးမွေးပြု စု တတ်သူရင်လည်း ဖြစ်ရမယ် ။ စာပေထုတ်လုပ်ရေးလုပ်ငန်း လုပ်နေသူရင်လည်း ဖြစ်ရမယ် ။ သူတို့ စာရေးဆရာအုပ်စုမှာ ဂိုဏ်းဆရာကြီးရင်လည်း ဖြစ်ရမယ် ။

ဒါမျိုးကို ကဗျာမှာ စသုံးတာက သခင်ကိုယ်တော်မှိုင်း ။ ဒါပေမယ့် နာမည်ပြောင်းပြီးမှ ( ဥပမာ - အရီးစိမ်း ) ကဗျာထဲ ထည့်နောက်တာပါ ။ အခု လုပ်ကြသလို နာမည်ရင်း သုံးလေ့ မရှိပါဘူး ။ သုံးရင် ချ ,ချ င်လို့ ( ဖေပုရှိန် ) ဖြစ်တယ် ။အကြောင်းအရာအရ လိုအပ်လို့ မဟုတ်ပဲ နာမည်ကို ဆောင်းပါးထဲ ထည့်ရေးတာလည်း အလားတူပဲ ဖြစ်တယ် ။ စာပေဟောပြောပွဲက အပြန် ဘယ်မြို ့က ဦးဘယ်သူ ၊ ကိုဘသူတို့က ဘယ်လိုစေတနာ ကောင်းတာပဲလို့ ရေးတာဟာ နောက်နှစ်လည်း သူတို့ကို ဖိတ်ချင်အောင် စကားခေါ်တာ ဖြစ်တယ် ။ စာရေးသူတစ်ဦး အဲသလို ချီးပင့်ရေးပုံဟာ လိုတာထက် ပိုကဲလွန်းသွားပြီး ပညာရေးကြော်ငြာလို ဖြစ်နေလို့ အကြောင်းသိ နယ်ခံတစ်ယောက်က ထဝေဖန်တာ ဖတ်ရဖူးတယ် ။

စာရေးဆရာတစ်ဦးက မနက်ခင်း လမ်းလျှောက်တဲ့အကြောင်း ရေးပါတယ် ။ တက္ကသိုလ်နားရောက်တော့ အဲဒီခေတ်တုန်းက ကိုဘသူဟာ အခုလို မနက်အစောကြီးအချိ န် အဆောင်ထဲ မအိပ်နှိုင်သေးပဲ ကျောင်းသားတွေအကျိုးအတွက် ဘာတွေလုပ်ရမလဲ စီမံကိန်းတွေ ချ မှတ် အလုပ်ရှုပ်နေပေလိမ့်မယ်လို့ လမ်းလျှေ ာက်ရင်း အတွေးဝင်မိပါသတဲ့ ။ သူ ဆောင်းပါးရေးတော့ ကိုဘသူဟာ ပညာရေးဝန်ကြီး ဒေါက်တာဘသူ ဖြစ်နေပါပြီ ။ သူ့ဆောင်းပါးဖတ်ပြီး `` ကိုယ့်လူနှယ် ရေး ရေးတတ်လွန်းတယ် ´´ လို့တွေးပြီး ပြုံးလိုက်မိတယ် ။ ဒါတွေကို အကြောင်းသိထားတော့ သူ့မြန်မာ့ဆိုရှယ်လစ် အမွှန်းတင် ၊ အမျိုးသား အရင်းရှင် ဆန့်ကျ င် ၊ အလုပ်သမား သူရဲကောင်းဝတ္ထုကို နားလည်ဖို့ မခက်တော့ဘူး ဖြစ်သွားတယ် ။ ဒါပေမယ့် ရိုးစင်းလွန်းရှာသူတွေကတော့ မရိပ်မိရှာ ကြပါဘူး ။

အရင်းရှင် ဆန့်ကျ င်တာပဲ ။ အလုပ်သမား လူတန်းစားကို သူရဲကောင်းနေရာ တင်ထားတာပဲဆိုကာ ချီးပမဆုံး ဖြစ်ကုန်ကြတယ် ။ အဲသလို လက်ခုပ်လက်ဝါး တီးကြရာမှာ မိမိတို့တင်မက အဲဒီခေတ်က လုပ်သားသတင်းစာ မြန်မာ / Eng ၂ စောင်စလုံးကပါ ပါတယ်ဆိုတာကိုတောင် သတိမပြု မိကြတော့ဘူး ။( သူညွှန်းခဲ့တဲ့ ဒေါက်တာဘသူကလည်း ခေသူမဟုတ် ၊ သူက ဘူမိဗေဒ သမား ။ ခေတ်အလိုက် သမိုင်းလေ့လာရတော့ ` တက္ကသိုလ်မှာ မဟာဝဇ္ဇာလောက်ထိ အတန်းတက် မသင်ဘူးရင် သမိုင်းကို နားလည်ဖို့ ခက်တယ် ။ မဟာဝိဇ္ဇာထိ မသင်ဖူးပဲနဲ့ သမိုင်းနားလည်တာ မြန်မာပြည်မှာ တစ်ဦးပဲ ရှိတယ် ။ အဲဒါကတော့ ကျု ပ်တို့လူကြီးပဲ ´ လို့ ထုတ်ဖေါ်ခဲ့တဲ့လူ ၊ ခေ မှတ်လို့ ။ )

 စာရေးဆရာကြီးရဲ့ လုပ်ဖေါ်ကိုင်ဖက် တစ်နယ်ထဲသား တစ်ဦးကတော့ သူ့ထက်ပွင့်လင်းတယ် ။ ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေး ထူထောင်မှုဝတ္ထု ကြီး တစ်ပုဒ်ရေးပြီး ဒို့ဗမာသီချ င်းထဲက တပ်လှန့်သံစာသားကို ခပ်တည်တည် ယူသုံးလိုက်တော့တာကလား ။ ထုတ်ပေးတဲ့ စာအုပ်တိုက်ကလည်း ကြွေးကြော်သံကို ထောပတ်သုတ်ထားပုံကလေးက ယဉ်တယ် ။ " လယ်သမား ၊ လုပ်သား ၊ စာပေညီညွတ်မှုအင်အားနှင့် နိုင်ငံတော် " တဲ့ ။ အဲဒီ တိုက်ပိုင်ရှင် အစ်ကိုနဲ့ ရောင်းရင်းတွေ စုပေါင်းပြီး ထုတ်လုပ်လိုက်ကြတာက `` တော်လှန်စာပေ ´´ တဲ့ ။ ` တော်လှန်ကဗျာ ´ တဲ့ ။ နောက်ဆက်ပြီး ဘာကဗျ ာ ညာကဗျ ာ ထွက်သေးတယ် ။ သူတို့ လက်ကိုင်မဂ္ဂဇင်းနာမည်နဲ့ မှည့်ထားတာ ။ ကနေ့ထက်တိုင် အဲဒီတုန်းက မှိုင်းမိခဲ့တာ သံဝေဂ မရ ။ အဲဒီ ဘာညာကဗျာတွေကို အဟုတ်မှတ်တုန်း ။ အထင်ကြီးတုန်း ။ မြိန်ရည် ယှက်ရည် ပြောတုန်း ။ဆက်လက် ကိုးကွယ်ချ င်တုန်းဆိုတဲ့ လူတွေကလည်း ရှိသေး ။ အတွေးအခေါ် နုနယ်ရှာကြတာပလေ ။

တော်လှန်စာပေ ဆရာကြီးတို့နဲ့ သူ့အဖေအရွယ် စာရေးဆရာကြီးတစ်ဦးကလည်း သူတို့ဆရာ ဆိုရမလို "ပေါင်မုန့် ဘယ်ဘက်က ထောပတ်သုတ်ထားမှန်း" တယ်သိတာကိုး ။ လွတ်လပ်ရေး မရခင်ကလေးက ( 1947 ) ရေးတဲ့ဝတ္ထု ထဲမှာ နယ်ချဲ့ လက်ပါးစေပီပီ လွတ်လပ်တော့မယ့် မြန်မာတွေကို မျှ စ်ချိုးမှိုချိုး ရေးချ င်လို့ ရေးလိုက်တာဖြစ်ပေမဲ့ ဂျ ပန်တော်လှန်ရေးလေး ထည့်လိုက် ၊ လယ်သမား ဆင်းရဲသားဘဝလေး ထည့်လိုက် လုပ်ထားတယ် ။ ဂျ ပန်တော်လှန်ရေး သရုပ်ဖေါ် ရေးရာမှာ ပြောင်မြောက်လိုက်ပုံကို မလိခရဲ့အကျ ဉ်းချု ပ်နဲ့ ပထမ ဖေါ်ပြပါမယ် ။

( ဂျ ပန်သမ္ဗာန် ရောက်ရှိလာသောအခါ ကမ်းထက်မှ ပစ်ခတ်တိုက်ခိုက်ကြသည် ။ သမ္ဗာန် မီးစွဲပြီး ရေတွင် နစ်သည် ။ ဂျ ပန် သုံးလေးယောက် ကူးပြေးသည် ။ ဂျ ပန်အလောင်း ၂၀ ရသည် ။ ဂျ ပန်ဗိုလ် လွတ်သွား၍ ဗိုလ်ကြယ်နီ တက်တခေါက်ခေါက် ရှိသည် ။ ယင်းဂျ ပန်ဗိုလ်ကား မိနီကို အဓမ္မ ကျ င့်ခဲ့သူ ဖြစ်၏ ။ သိုသော် ဂျ ပန်ဗိုလ်သည် အဆုံးတိုင် လွတ်ရန်ကား မရှိချေ ။ ) ဆက်လက်ပြီး မူရင်း အရေးအသားကို ဖတ်ပါ ။( ရဲဘော်တို့က ဗိုလ်ကြယ်နီကို ဖျောင်းဖျ သည် ။

" ဒီကောင် မလွတ်ပါဘူး ဆရာရယ် ။ ဟိုဘက်ရောက်လေလေ ဗိုလ် •••••••• ရဲ့ ကျားပါးစပ်ထဲ ဝင်လေလေပေါ့ ။မလွတ်ပါဘူး ။သေချာပါတယ် ဆရာရယ် " တဲ့ ။ ) ဆရာကြီးရဲ့ကြို တင် အကွက်မြင်တတ်မှုကိုတော့ ချီးကျူ းရပေလိမ့်မယ် ။ သူတို့ လူမျိုးတူချ င်းမို့ အသားပေးထားတာလည်း ဖြစ်နှိုင်ပါတယ် ။ နောက်ဆုံး အဲဒီ စောင့်ကြို သုတ်သင်နေပါတယ် ဆိုသူကြီး အထွတ်အထိပ် ရောက်လာရာမှာတော့ သူ့ဝတ္ထု ကို လုပ်သားသတင်းစာထဲမှာ အပတ်စဉ် အခန်းဆက် ဖေါ်ပြပေးပါတော့တယ် ။ အကောင်းဆုံး လယ်သမားသရုပ်ဖေါ်ဝတ္ထု ကြီး၊ ဘာကြီး ညာကြီးနဲ့ ဝိုင်းမွှန်းကြရုံမက မကောင်းပါဘူး ၊ မြန်မာမျိုးချ စ်တွေကို စော်ကားထားပါတယ် ၊ ဝေဖန်မိသူကိုတောင် ကျီးကန်းတွေလို ဝိုင်းအာလိုက်ကြတာ စောင့်ကြို နေပါတယ်ဆိုသူကြီး လူတွေက ။

အဲဒီဆရာကြီးနဲ့ခေတ်ပြို င် ပုဂ္ဂို လ်တစ်ဦးကတော့ ကွယ်လွန်သူ ဂျာနယ်အယ်ဒီတာချု ပ်တစ်ဦးပါပဲ ။သူ့ရဲ့ " ••••••• ရှာပုံတော် " ဟာ မူရင်းက ခုထွက်ခဲ့တဲ့ပုံစံ မဟုတ်ပါဘူး ။သာယာဝတီ အရေးအခင်းမှာ ပတ်သက်နေပုံရတဲ့ မြတောင်မင်းသမီးဆိုသူဟာ ရာဇဝတ်ဘေး တိမ်းရှောင်ဖို့ အောက်ဖက် စုန်ပြေးရင်း ပေါင်းတည်ဘက်ဆီ ရောက်လာပုံ ၊ အဲဒီမှာ အိမ်ထောင်ကျ ၊ သားသမီး ဘယ်သူ့ကို မွေးပုံ ၊ ဘယ်သူက ဘယ်သူ့ကို အဆင့်ဆင့် ပေါက်ဖွားပြီး အခုနောက်ဆုံး ဒီပုဂ္ဂို လ်ကြီးထိ တိုင်လာပုံကို အထောက်အထားတွေနဲ့ တင်ပြထားတာပါ ။ " ---- မင်းဆက် ပျောက်လို့ရှာ ၊ တွေ့ပြီ တွေ့ပြီ သူပဲ သူပဲ " သံချ ပ်ထိုးရမယ့်ပုံစံ ဖြစ်ပါတယ် ။ ကျွန်တော်က စာမူကို ဖတ်ခွင့်ကြုံ လိုက်ရလို့ သိနေတာပါ ။ ကာယကံရှင်ကြီးက နေပါဦးကွာ ပြောလို့ ဆိုလား စာအုပ်ထွက်လာတော့ အဲဒီ မြတောင်မင်းသမီးအပိုင်းတွေ မပါတော့ဘူး ။ သူ့စာမူ ဖတ်ရင်း " ဦး ... နှယ် ကြံကြီးစည်ရာမှ ရေးတတ်ပလေ " လို့ တွေးမိတယ် ။ အကြောင်းသိသူ တစ်ဦးကတော့ အဲဒီဒေတာတွေကို ဦး .... ကို တက္ကသိုလ်တုန်းက ကျွန်တော်တို့ရဲ့မြန်မာစာ ဆရာကြီးဟောင်း ဦး ~~~~ က ပေးတာလို့ ပြောပြတယ် ။ အခုတော့ ဦး .... ရော ၊ မြန်မာစာမှ သမိုင်းပြောင်းသွားသူ ဆရာကြီးရော ၊ မြတောင်အနွယ်တော်ကြီးရော လူ့လောကကို ကျောခိုင်းသွားရှာကြပါပြီ ။

ပေါင်မုန့် ဘယ်ဘက်က ထောပတ်သုတ်ထားတယ်ဆိုတာကို ကြည့်တတ်တဲ့ အကျ င့်လေးတွေ ဟိုဘဝတွေထိများ သယ်သွားကြလေမလား ။လူပြန်တော် ပညာရှိတစ်ဦးကလည်း ဘာသာရေးစာအုပ်တွေ ရေးရာမှာတောင် ပေါင်မုန့်ထောပတ်သုတ်တာ လှမ်းကြည့်ဖြစ်အောင် ကြည့်လိုက်သေး ။မြတောင်အနွယ်တော်ကြီးကလည်း မြန်မာမှုတို့ ဘာတို့ တယ်လေ့လာလိုက်စား ဆိုကိုး ။ သူ့ညွှန်ကြားချ က်အရ လုပ်ရတဲ့ကျ မ်း အစပိုင်း အမှာစာမှာ " ပုဂ္ဂို လ်ကြီးကလည်း မြန်မာအဘိဓာန် ပြု စုခြင်း ၊ မြန်မာသဒ္ဒာ ပြု စုခြင်း ၊ မြန်မာစာလုံးပေါင်း သတ်ပုံကျ မ်း ပြု စုခြင်း လုပ်ငန်း ၃ ရပ်ကို ဦးစားပေး ဆောင်ရွက်ရန် လမ်းညွှန်ခဲ့ပါသည် " လို့ အလေးအနက် ဆိုထားတယ် ။ ဒါက တာဝန်အရ ပြု စုရသူများ အပိုင်း ၊ ထားတော့ ။လူပြန်တော်ကြီးက ဘာသာရေးဋ္ဌာနတစ်ခုမှာ အလုပ်ကတော့ ရပြီးပါ ။ ဒါပေမယ့် ဒီထက် ပိုမှန်းရှာတယ်နဲ့ တူရဲ့ ။ သူ့ဘာသာရေးစာအုပ်တွေမှာ မဆီမဆိုင် ဆိုရှယ်လစ်လေတွေ တစ်အား ပစ်ထည့်ပါလေတော့တယ် ။ လက်လှမ်းမီရာ ကောက်ယူလိုက်မိတဲ့ သူ့စာအုပ်တွေထဲက ပုဂ္ဂို လ်ကြီး သည်းခြေကြို က် စာသားတချို ့ကို ကောက်ပြရရင် -... ( အသိပညာရှင် ၊ အတတ်ပညာရှင် ) တဲ့ ။
( အတ္တဟိတ ၊ ပရဟိတ ) တဲ့ ။
( အများအကျိုးဆောင် ၊ ကိုယ့်အကျိုး အောင် ) တဲ့ ။
( ပတ်ဝန်းကျ င်လောကတွင် အစဉ်အတိုင်း မိမိ၏ မိသားစု ၊ မိမိ၏ ရပ်ရွာ ၊ မိမိ၏ မြို့နယ် ၊ မိမိ၏ နိုင်ငံနှင့် ကမ္ဘာတစ်ခုလုံး ပါဝင်၏ ) တဲ့ ။
( သတ္တဝါတို့၏ ပင်ကိုယ်ဗီဇအရ လူသည် ကောင်းကောင်း စားချ င်၏ ၊ ကောင်းကောင်း ဝတ်ချ င်၏ ၊ ကောင်းကောင်း နေချ င်၏ ) တဲ့ ။ဒီလိုနဲ့ ခန္ဓာငါးပါးကိုပဲ စားဝတ်နေရေး ၊ အသိပညာရှင် ၊ အတတ်ပညာရှင်တွေ လုပ်ပစ်တော့တာကိုး ။တော်ပါပြီ ၊ မကူးချ င်တော့ပါ ။ တတ်ပဲ တတ်နှိုင်လွန်းတယ် ပြောရတော့မယ် ။

ဘယ်ပိဋကမှာမှ မပါ ။ ဘယ်ဝေဒကျ မ်းမှာမှလည်း မပါတာတွေကို ပုဂ္ဂို လ်ကြီး သဘောကျ အောင် သက်သက်မဲ့လုပ်ကြံ ၊ ရေးမှ ရေးတတ်ပလေ ။ ဒါကိုလည်း ရိုးစင်းလွန်းရှာသူတွေကတော့ မမြင်စွမ်း ၊ လက်ခုပ်ပဲ တဖျောင်းဖျောင်း တီးကြတော့တယ် ။ မဟုတ်သေးဘူး ၊ ထောက်ပြသူကိုလည်း ဝိုင်းအာလိုက်ကြတဲ့ ဖြစ်ခြင်း ။တနည်းပြောရရင်တော့လည်း စာကို ရိုးရိုးသားသား မရေး ၊ ထောပတ်သုတ်ထားတာကို ကြည့်ပြီး ရေးတတ်ကြတာမျ ားဟာဖြင့် သူ့ဘက်က ကြည့်ရင်တော့ ( အတ္တဟိတ ဆရာတို့အဖို့ ) စာအရေးအသား တော်ပါပေတယ် ။ လိမ္မာတယ် ချီးကျူ းရမှာပေါ့လေ ။ ပေးနိုင် ကမ်းနိုင်သူ ကောင်းစားနေတဲ့ တစ်ခေတ်မှာတော့ ဆုတော် လာဘ်တော် ထောပတ်သုတ်ပေါင်မုန့် စားရနိုင်တာပ ။ဒါပေမဲ့ ဒီစာမျိုးဟာ တာရှည်မခံဘူး ။

မောင်သာနိုး
( မိုးဂျာနယ် ၊ မတ် , 2003 ) အသိအမှတ်ပြုခြင်း- ဒီဆောင်းပါးကို ဆရာမောင်မောင်နီရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ပြန်လည် ကူးယူဖေါ်ပြပါတယ် ။