Breaking News

မောင်လူပေ - အမေရိကန်စစ်တပ်နဲ့ စစ်ဖြစ်ချင်ကြပါသလား

မောင်လူပေ - အမေရိကန်စစ်တပ်နဲ့ စစ်ဖြစ်ချင်ကြပါသလား

(မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၂၀


ကမ္ဘာပေါ်မှာ ရှိသမျှ နိုင်ငံအားလုံးရဲ့ အကြီးမားဆုံးစစ်အင်အားကို ပြပါလို့ဆိုရင် အမေရိကန်စစ်တပ်ကိုပဲ ပြရပါ့မယ်။ စစ်သားအင်အား သုံးသန်းနီးပါးရှိတယ်။ ကမ္ဘာအနှံ့ တိုက်ကြီးခုနှစ်တိုက်လုံးမှာ စစ်စခန်းပေါင်း (၄၈၀၀)ကျော်ရှိတယ်။ တစ်နှစ်ကို စစ်အသုံးစားရိတ် အမေရိကန်ဒေါ်လာ (၇၀၀)ဘီလီယံ သုံးစွဲနေတယ်။


B-52s Boomers

အင်ဂျင်ရှစ်လုံးတပ် အလွန်ကြီးမားတဲ့ B-52s ဗုန်းကြဲလေယာဉ် ခြောက်စီးကို အိန္ဒိယသမုဒ္ဒရာထဲက ဒီရေးဂို ဂါဆီယာ လေတပ်စခန်းဆီ အင်္ဂါနေ့က ပြောင်းရွေ့ခဲ့တယ်။ ဒီလေယာဉ်မျိုး (၇၅)စီးတာဝန်ထမ်းဆောင်နေတယ်။ လေယာဉ်တစ်စင်းကို ခရုစ်ဒုန်းကျည်နှစ်ဆယ်ကို သယ်သွားနိုင်တယ်။ အလိုအလျှောက်ပဲ့ထိန်းနိုင်တဲ့ ခရုစ်ဒုန်းကျည်တစ်ခုဟာ ပေါင်သုံးထောင်အထိလေးတဲ့ နျူကလိယားထိပ်ဖူးကို သယ်ဆောင်နိုင်တယ်။ အဲဒီလေယာဉ်ဟာ လက်နက်ခဲယမ်း (၃၅)တန်အထိ တင်ဆောင်နိုင်တယ်။


B-2 Stealth Boomers
လင်းနို့ငှက်တောင်ပံပုံစံ နာမည်ကျော် B-2 stealth ကိုယ်ပျောက်ဗုန်းကြဲလေယာဉ်ကတော့ အစီး(၂၀)ကျော်ရှိတယ်။ မစ်ဇူရီပြည်နယ် ဝှိုက်မန်း လေတပ်စခန်းမှာ ထားရှိတဲ့ ဒီလေယာဉ်တွေဟာ အိန္ဒိယသမုဒ္ဒရာ၊ ပစိဖိတ်သမုဒ္ဒရာထဲက လေတပ်စခန်းတွေကို တိုက်ရိုက်ပြန်သန်းနိုင်တယ်။ နျူကလီးယားထိပ်ဖူးတပ်ဒုံးကျည်တွေ သယ်ဆောင်နိုင်သလို ပေသုံးဆယ်ရှည်၊ ပေါင်သုံးသောင်းလေးတဲ့ အလွန်ကြီးမားသော BGU-57 လို မြေအောက်ပေါက်ကွဲဗုန်းကြီးမျိုး နှစ်လုံးကို သယ်ဆောင်နိုင်တယ်။ ဒီ BGU-57 Ordnance Penetrators ဗုံးဟာ မြေကြီးအောက်မှာဖွက်ထားတဲ့ ဒုံးကျည်တွေ အဆောက်အဦတွေကို ဖျက်ဆီးဖို့ဖြစ်ပြီး နျူကလိယားဗုန်းကလွဲရင် ပေါက်ကွဲမှု အပြင်းထန်ဆုံးဖြစ်တယ်။


B-1 Boomers
အမေရိကန်လေတပ်ရဲ့ အကြီးမားဆုံး B-1 ဗုံးကြဲလေယာဉ်ကြီးကတော့ အစီး(၆၀)ရှိတယ်။ လက်နက်ခဲယမ်း ပေါင်ခုနှစ်သောင်းခွဲအထိ သယ်ဆောင်နိုင်တဲ့ ဒီလေယာဉ်တွေဟာ ပစ်မှတ်နဲ့ (၁၅)ပေခန့်အထိ မလွဲအောင် ဗုန်းကြဲနိုင်စွမ်းရှိတယ်။

F-22 Stealth Fighters
အမေရိကန်လေတပ်မှာ အစီးရေ(၁၈၀)ရှိတဲ့ F-22 တိုက်လေယာဉ်တွေဟာ ကိုယ်ပျောက်လေယာဉ်တွေဖြစ်ပြီး အလွန်အစွမ်းထက်တယ်။ လက်နက်ခဲယမ်းတွေအပြင် ဝေဟင်မှမြေပြင်ပစ်ဒုံးကျည်နှစ်စီးသယ်ဆောင်နိုင်တယ်။


Guided Missile and attack submarine
​နျူကလိယားသုံး ရေငုတ်သင်္ဘောကြီးတွေ ဒါဇင်ပေါင်းများစွာ ရှိတဲ့အနက် တစ်ဒါဇင်ကျော်ရှိတဲ့ အိုဟိုင်းယိုအမျိုးအစား Ohio-Class ရေငုတ်သင်္ဘောတွေက နာမည်ကျော်တယ်။ မိုင်တစ်ထောင်ကျော်အကွာအဝေးကနေ ပစ်မှတ်ကို အလိုအလျှောက်ပစ်နိုင်တဲ့ နာမည်ကျော်ပဲ့ထိမ်းတပ် တမားဟော့ခ် Tomahawk ဒုံးကျည် ၁၅၄စင်း သယ်ဆောင်နိုင်တယ်။ ဒုံကျည်တစ်စီးဟာ ပေါင်တစ်ထောင်အလေးချိန်ရှိထိပ်ဖူးကို သယ်ဆောင်နိုင်တယ်။ ဗာဂျီးနီးယားအမျိုးအစား Virginia-Class လော့စ် အင်ဂျလိစ်အမျိုးအစား Los Angeles-Class ရေငုတ်သင်္ဘောပေါင်း လေးဒါဇင်ကျော်ရှိသေးပြီး တမားဟော့ခ် ဒုံးကျည်တွေအများအပြားသယ်ဆောင်နိုင်တယ်။


Aircraft carriers
အမေရိကန်ရေတပ်မှာ လေယာဉ်တင်သင်္ဘော(၁၁)စီး တာဝန်ထမ်းဆောင်နေတယ်။ နိမစ်အမျိုးအစား Nimitz-Class ဆယ်စီးနဲ့ ဖို့ဒ်အမျိုးအစား Ford-Class တစ်စီးဖြစ်တယ်။ လေယာဉ်တင်သင်္ဘောလေးစီးဟာ တိုက်ပွဲဝင်ဖို့ အမြဲအသင့်ရှိနေတယ်။ အခုလောလောဆယ်မှာ USS Truman လေယာဉ်တင်သင်္ဘောကြီးဟာ အရှေ့အလယ်ပိုင်းဒေသမှာ ရောက်ရှိနေတယ်။ လေယာဉ်အစီး(၆၀)အထိ တင်ဆောင်နိုင်စွမ်းရှိတယ်။ F/A-18 အပါအဝင် တိုက်လေယာဉ်အများစုကို သယ်ဆောင်ထားတယ်။


လေယာဉ်တင်သင်္ဘောကြီးတွေအပြင် ရဟတ်ယာဉ်တင်စစ်ဆင်ရေးသင်္ဘောကြီးတွေ၊ လေယာဉ်ငယ်တင်သင်္ဘောတွေ၊ ဖျက်သင်္ဘော၊ တိုက်သင်္ဘောများစွာက ဘေးမှာ အရံသင့် ပါလာကြတယ်။

ဒါဟာ အမေရိကန်စစ်တပ်ရဲ့ အင်အားတွေထဲက အနည်းစုပဲရှိသေးတယ်။ ဒီလောက်အင်အားကြီးတဲ့နိုင်ငံနဲ့ ဘယ်သူမှ စစ်မဖြစ်ချင်ဘူး။ အမေရိကန်တွေလည်း စစ်မဖြစ်ချင်ဘူး။ ဒါကြောင့် တုန့်ပြန်မယ်ဆိုတဲ့ဂတိအတိုင်း အီရန်က ဘယ်သူမှမထိအောင် ပစ်လိုက်ပုံရပါတယ်။ အမေရိကန်စစ်သားရော၊အီရတ်စစ်သားတွေပါ မည်သူမျှ ထိခိုင်မှုမရှိပါတဲ့။ သမ္မတထရန့်ကလည်း စီးပွားရေးပိတ်ဆို့မှုပဲ လုပ်ပါမယ်လို့ ဆိုတယ်။ တတိယကမ္ဘာစစ်ဖြစ်စရာအကြောင်း လုံးဝ(လုံးဝ) မရှိသေးပါကြောင်း။