Breaking News

တိုးနှောင်မိုး - ကျွန်းပွဲ

photo- mizzimaburmese.com

ကျွန်းပွဲ

တိုးနှောင်မိုး
(မိုးမခ) ဇန်နဝါရီ ၈၊ ၂၀၂၀

ဟိုရှေ့ကဆူညံညံ
ဘာသံလဲမေး
မေးပါနဲ့လေ
မြန်မာပြည်ကဗျာသားတွေ
စုံစုံညီပေါင်းကာစည်းတယ်
ကျွန်းပွဲတဲ့လေး။

အိပ်မက်နှစ်ထပ်
အရူးနှစ်ထပ်
ကဗျာနှစ်ထပ်
လက်ရည်တပြင်တည်း
ရှေ့ကထက်ပိုပြီးချစ်ကြတယ်။

ပေါ်ထိုးထားတဲ့အမှန်တရား
မတူတာတွေဘေးချ
တူတဲ့အတိုင်းတူရာတူရာ
ကဗျာဆရာကြီးငယ်တူတူနေတဲ့ငြိမ်းချမ်းရေး
ကဗျာကဒီမိုကရေစီဆန်တယ်
ကိုယ်ကြိုက်တာကိုယ်လုပ်
ဘယ်တော့မှမင်းမဲ့မဆန်ဘူး။

ကျွန်းမကြီးလေ
မကွေးလေ
ဧရာဝတီလေ
တောင်တန်းပြည်မတသွေးတည်းကဗျာ
ကဗျာသွေးတွေအချင်းမများဘူး
ဒါကျွန်းမကြီးပွဲ။..

၁၀..၂၀၂၀
ကျွန်းမကြီးပွဲသို့......