Breaking News

ကျော်ဟုန်း - ခေတ်ပျက်ဗိုင်းရပ်စ်


ကျော်ဟုန်း - ခေတ်ပျက်ဗိုင်းရပ်စ်

(မိုုုုုုးမခ) ဇန်နဝါရီီ ၂၇၊ ၂၀၂၀ 

ဟိုမရောက် ဒီမရောက် နိုင်ငံတော်ကြီးမှာ
ဒီမလျွှောက် ဟိုမလျှောက် ခြေထောက်တွေရဲ့
တို့အရေးတွေကလည်း စျေးပေါတယ်။

မျဉ်းကျားက လမ်းကူးရင်တောင်
မလုံခြုံ စိတ်မချရတဲ့ နိုင်ငံမှာ
စည်းနဲ့ စနစ်အကြောင်း
အသုံးလုံးသင်တန်းပေးဖို့
အရင် လုပ်သင့်တယ်။

အချိန်ပိုတွေ များနေတဲ့နိုင်ငံမို့
လေနဲ့ အလုပ်ပိုတွေ လုပ်
အစတစ ထွက်ရင်
လေနဲ့မှုတ်နေကြတာ
ယဉ်ကျေးမှု တခုကို ဖြစ်လို့။

လေတိုက်အားပြင်းပြင်းထဲ
နိုင်ငံဟာ ဟိုယိမ်းရ ဒီယိမ်းရနဲ့
နဲ့နေ ရွဲ့နေရင်း
ဟန်ကိုယ့်ဖို့ မာန်ကိုယ့်ဖို့ နဲ့
က နေရတာကိုက
ကိုရိုနာဗိုင်းရပ်စ် ထိသလိုပါပဲ။

မှန်ကြည့်ပြီး အလှပြင်နေကြတဲ့
မျက်မမြင်များကို
ဆန္ဒပြည့်ဝ လိုတရပါစေလို့
ဟိုမရောက် ဒီမရောက် နိုင်ငံတော်က
မေတ္တာ ပြန်ပို့နေရပါတယ်။

မေတ္တာဟာ
မေတ္တာမရှိသူတွေအတွက်
တန်၏ မတန်၏ မသိ။

ကျော်ဟုန်း
၂၀၂၀၀၁၂၆