Breaking News

ဒီသစ် - ဝီရနှင်းဆီ ၉၀

KT#
ဝီရနှင်းဆီ ၉၀
ဒီသစ်
(မိုးမခ) ဇန်နဝါရီ ၂၇၊ ၂၀၂၀

အနက်ရောင်ကတ္တီပါစဟာ
အလှပဆုံးတောင်တန်းကိုထုပ်ပိုး
ခိုးယူသွားခဲ့ပြီးစ ...
ပွင့်ဖတ်အားလုံး
အမှောင်တွင်းနက်ထဲ ထိုးကျသွားပေါ့။

ဟိုး ...တခြားဘက်ဆီက
ခွေးအအူသံရှည်ဟာ
လရောင်ကိုဆုတ်ဖြဲနေခဲ့...
ကောင်းကင်တခုလုံးလည်း
နှင်း အတုံးအခဲတွေပိလို့။

ရာသီလေရဲ့ရေခဲလက်
ဝတ်မှုန်တို့ကိုပုတ်ဖျက်
ပင်စည်တချို့လည်း ကွဲအက်ကြေမွ။

ခိုတို့ရဲ့ဂန္တဝင်တေးသံတွေဟာ
ဖူးငုံသစ်တို့ကိုနင်းချေနေလေရဲ့ ...

ပူနွေးချိုအီရနံ့များကတော့
သံမဏိတောင်ပံတဖျပ်ဖျပ်ခတ် 

အမှောင်တံခါးချပ်ကိုရိုက်ခွဲနေကြ။ ။