Breaking News

နေဝေးအိမ် - လရောင်လွမ်းတဲ့မြစ်

KT#
လရောင်လွမ်းတဲ့မြစ်
နေဝေးအိမ်
(မိုးမခ) ဇန်နဝါရီ ၁၂၊ ၂၀၁၉

အမေ.....
ပုံပြောပါဦးလား..အမေ၊
ရွှေယုန်နဲ့ရွှေကျားတော့..သားမကြိုက်ဘူး..
ပုံပြင်တိုင်း..နောက်ဆုံးမှာ
မင်းသားလေးက နိုင်ရမယ်...
နော်..အမေ။
အမေ မပြုံးပါနဲ့..
အမေလဲ..ဟိုတုန်းက
ရွှေဘဓာတ်ရှင် အကြိုက်သားမဟုတ်လား..။
သားဖြစ်ချင်တာက...
နေဝင်ချိန်မှာ..အဦးဆုံးထွက်တဲ့ကြယ်
တိမ်တွေနဲ့..စီးချင်းထိုးရတာ
သားပျော်တယ်...။
သူတို့ကလေ.....
ဆင်ကြီးဖြစ်လိုက်..ခြငေ်္သ့ကြီးဖြစ်လိုက်
မြွေနဂါးကြီးဖြစ်လိုက် နဲ့..
ဒါပေမယ့်..သားမကြောက်ဘူး အမေ။
အလည်လွန်တဲ့.သားကို
အမေက..စိတ်တိုနေတာလား.....
သား..မဆိုးပါဘူး
ပုံပြင်ဆုံးရင်..ဖြာကျနေတဲ့လရောင်အောက်
အမေ့ရဲ့ တပတ်လျှိုဆံထုံးထဲက
ခရေပန်းနံ့လေးမွှေး..ရင်း
သား..အိပ်တော့မှာ...
ခုတော့..
ပုံပြောပါဦး....အမေ။     ။