Breaking News

၂၀၂၀ ရွေးကောက်ပွဲဘယ်လို ရင်ဆိုင်ကြမှာလဲနှင့် မောင်မိုးသူ



၂၀၂၀ ရွေးကောက်ပွဲဘယ်လို ရင်ဆိုင်ကြမှာလဲနှင့် မောင်မိုးသူ

(မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၂၀


၂၀၂၀ ရွေးကောက်ပွဲအတွက် ရွေး ကောက်ပွဲ ကော်မရှင်ဖွဲ့စည်းပြီး လုပ်ဆောင် မူများ တွေ့မြင်နေရပါတယ်။ ၂၀၂၀ ရွေး ကောက်ပွဲအတွက် နိုင်ငံရေးပါတီများ စတင်လှုပ်ရှားနေကြပုံများကိုလည်း တွေ့ မြင်နေရပါတယ်။ ၂၀၁၅ ရွေးကောက် ပွဲ ကာလအတွက် ပါတီပဲကြည့်ပြီး မဲပေးဖို့ လှုံ့ဆော်ခဲ့ဖူးတဲ့ အင်န်အယ်လ်ဒီဟာ ယခု တော့ သင့်တော်တဲ့ ကိုယ်စားလှယ်တွေ၊ ဒေသအလိုက် နှစ်ခြိုက်သဘောကျတဲ့ ကိုယ်စားလှယ်တွေ ရွေးကြဖို့ လှုံ့ဆော်နေ ကြတာကို မြင်တွေ့နေရပါတယ်။

ပြည်ခိုင်ဖြိုးပါတီကလည်း ကိုယ်စား လှယ်လောင်းများ ရွေး ချယ်ခြင်း လုပ်ကိုင် နေကြပါတယ်။ ထိုနည်း တူ ဦးရွှေမန်းရဲ့ ပါတီက လည်း ငွေတွေအများကြီးသုံးပြီး လှုပ်ရှားနေကြသည်ကို တွေ့မြင်နေရပါ တယ်။

ဦးကိုကိုကြီးရဲ့ပါတီ လှုပ်ရှားနေတာ ကိုလည်း တွေ့မြင်နေရပါတယ်။ ဦးကိုကို ကြီးရဲ့ ပါတီကလည်း တစ်ပြည်လုံး၊ နယ် မြေအားလုံး ပါဝင်ယှဉ်ပြိုင်ကြမည် မဟုတ် ဘဲ ရွေးချယ်သတ်မှတ်ထားသည့် နယ် မြေတချို့သာ ပါဝင်ယှဉ်ပြိုင်မည်ဟု ဆို ထားပါတယ်။

ယခုနောက်ဆုံး ဒေါ်သက်သက်ခိုင်ရဲ့ ပါတီသစ်တစ်ရပ်လည်း မကြာမီ ပေါ်ထွက် လာတော့မည့်အကြောင်း သတင်းများ ကြားသိနေရပါတယ်။ ဒေါ်သက်သက်ခိုင် ရဲ့ ပီသုံးလုံးပါတီကမူ သတင်းစာရှင်းလင်း ပွဲ မလုပ်ရသေးသည့်အတွက် မည်သို့ လှုပ် ရှားကြမည်ကို မသိရသေးပါ။

အဲသည်လို အဲသည်လို ရွေးကောက်ပွဲ ကော်မရှင်က လှုပ်ရှား၊ မဲစာရင်း များကို လည်း ကောက်ယူထုတ်ပြန်၊ ပါတီ တွေ ပါတီတွေကလည်း ကိုယ်စားလှယ်တွေ ရွေးကြဖို့ ပြင်ဆင်နေကြချိန်မှာ ပြည်သူ လူထုကရော ၂၀၂၀ ရွေးကောက်ပွဲအတွက် စိတ်ဝင်စားမှုရှိ မရှိ စစ်တမ်းကောက်ယူ ကြည့်ကြရာတွင် စိတ် ဝင်စားမှု အတော် နည်းပါးနေကြောင်း ကြားသိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲတွင် တောင်ပြို ကမ်းပြို အနိုင်ရရှိခဲ့သော အင်န်အယ်လ်ဒီ လည်း ၂၀၂၀ တွင် တောင်ပြို ကမ်းပြို နိုင်နိုင်ခြေ မရှိတော့ပါ။

ပြည်နယ်အသီးသီး တို့သည် လူမျိုးစု ပါတီများ အနိုင်ရရှိဖို့ အခြေ အနေကောင်း နေကြောင်း ဝေဖန်သုံးသပ် မှုများ ရှိနေ ကြပါတယ်။

၂၀၂၀ ရွေးကောက်ပွဲတွင် အခြေခံဥပ ဒေ ပြင်ဆင်နိုင်ခြင်းမရှိဘဲ ရွေးကောက်ပွဲ ကျင်းပရမည့် အခြေအနေရှိနေပါတယ်။ လက်ရှိအခြေခံဥပဒေအရ ကာကွယ်ရေး ဦးစီးချုပ်က ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဌာနသုံးခုကို တိုက်ရိုက် ကိုင်တွယ်နိုင်သည့်အပြင် လွှတ်တော်ထဲ တွင်လည်း ရွေးချယ်စရာမလိုသည့် တပ် မတော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေသည်ကို တွေ့မြင်နေရပါတယ်။ ထို့ ကြောင့် ၂၀၂၀ ရွေးကောက်ပွဲသည် လည်း ထူးထူးခြားခြား ပြောင်းလဲလာနိုင် ခြေမရှိ ဟု ပြည်သူလူထုက ခန့်မှန်းထား ကြပြီး စိတ်ဝင်စားမှုလည်း သိပ်မရှိကြ သလို တွေ့ မြင်နေရပါကြောင်း။