Breaking News

ဆောင်းယွန်းလ - "တွန်းဖွင့်ဝင်ရမယ့် အကြောင်းများ"


ဆောင်းယွန်းလ - "တွန်းဖွင့်ဝင်ရမယ့် အကြောင်းများ"

(မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၂၀


တချို့အကြောင်းတွေကိုပြောဖို့
တချို့အရာတွေက မရှိကြတော့ဘူး
တချို့အကြောင်းအရာတွေကိုပြောဖို့လည်း
တချို့လူတွေက မရှိကြတော့ဘူး


ရှိနေသေးတဲ့ အကြောင်းတွေအတွက်
ရှိနေသေးတဲ့ အရှိတရားကိုဆုပ်ကိုင်ပြီး
ရှိနေသေးတဲ့ လူအချင်းချင်းပြောဖို့အတွက်
တချို့အရာတွေက တားမြစ်ပိတ်ပင်ထားကြပြန်တယ်

ငါတို့မျက်စိတွေကန်းသွားကြပြီလား
ငါတို့နားတွေပင်းကုန်ကြပြီလား
ငါတို့တရားတွေမှားယွင်းနေကြပြီလား
ငါတို့တံခါးတွေကိုပိတ်ထားတာက ဘယ်သူ့လက်တွေလဲ
ကိုယ့်လက်ကိုယ်ပြန်ကိုင်ကြည့်တော့ မရှိခြင်းကိုစမ်းမိပြီး
ကိုယ့်နှုတ်ဖျားကိုယ်ပြန်စမ်းတော့ ပိတ်နေတဲ့တံခါးကိုကိုင်မိပြန်တယ်

အိမ်ပြန်ချိန်မရောက်မချင်း
ကိုယ့်အရည်အချင်းရှိသလောက်
တွန်းဖောက်ဝင်ရောက်ပစ်ရမယ့် တံခါးတွေ။