Breaking News

အာကာဦး - မေးခွန်းကို မျက်လုံးနဲ့ပဲဖြေပါ ညီမလေး

မေးခွန်းကို မျက်လုံးနဲ့ပဲဖြေပါ ညီမလေး
 အာကာဦး
(မိုးမခ) ဇန်နဝါရီ ၂၅၊ ၂၀၂၀

မြို့ပြရဲ့ ခါးသီးမှုတွေအောက်မှာ နင့်အရေပြားဟာပွန်းပဲ့ခဲ့တာလားလို့မေးတဲ့အခါ
မျက်လုံးနဲ့ပဲဖြေပါညီမလေး။

အခ်စ္ဆိုတာ
ဘိုလီးဘီးယားတောနက်ထဲက နတ်ဆိုးစစ်သည်တွေထက်
ပိုကြောက်ဖို့ကောင်းပါရဲ့လား
မျက်လုံးနဲ့ပဲဖြေပါညီမလေး။

ရာသီစာတွေထက်
နင့်ကိုယ်လုံး ပြစ်ပြစ်နှစ်နှစ်ကလေးကိုမှ ထိပါးလိုသူတွေကြားထဲ
နင့်အလိုမတူမှုကို မျက်လုံးနဲ့ပဲဖြေပါညီမလေး။

အရှေ့အလယ်ပိုင်းကစစ်သွေးကြွေနကြသူတွေက
ကမ္ဘာကြီးကို ချစ်တယ်လို့ပြောတဲ့အခါ
နင့်ရယ်သံကို နင့်မျက်လုံးတွေထဲက ငါကြားလိုက်ပါတယ်။

နှစ် ၇၀ ပြည်တွင်းစစ်မှာ
ပြုတ်ထွက်သွားတဲ့ နင့်ဖေဖေရဲ့ခြေထောက်တွေကို
နင္သတိရ တဲ့အခါ
ငိုသံကို နင့်မျက်လုံးတွေထဲက ငါကြားလိုက်ပါတယ်။

နင့် စစ်ဘေးရှောင်စခန်းမှာ
နင့် မောင်လေးတွေအတွက် မိတ်ကပ်လိမ်းပါ။
နင့် ဧည့်သည်တွေအတွက် မိတ်ကပ်လိမ်းပါ။

ငတ်မွတ်ခေါင်းပါးနေတဲ့ကမ္ဘာကြီးထဲ
ကျည်ဆံကြားကနင့်မေမေရဲ့တဲအိမ်ငယ်ကလေးအကြောင်း
မျက်လုံးနဲ့ပဲဖြေပါညီမလေး။

ဝေဒနာတွေနက်နက်လာတဲ့ညမှာ
ညီမလေးရေ
မီးခိုးငွေ့တွေကိုမှုတ်ထုတ်လိုက်ပါ
နံရံက စပေါ့လိုက်မီးတွေကိုမှိတ်ပစ်လိုက္ပါ
လက်ထဲက ရီမုနဲ့ ဗော်လွန်းကိုနဲနဲလျှော့လိုက်ပါ။

ကံတရားဆိုတာႀကီးက
နင့် စကတ်တွေကိုပိုတိုစေတယ်နော်။

ဗားထရန်းရက်ဆဲကပြောတယ်
လူမှာအနာဂတ်ရှိတယ်တဲ့
ငွေကြေးက နင့်ကိုအပြင်ထမ်းထုတ်သွားတဲ့အခါ
ဇိမ်ခံကားတွေကိုသတိထားပါ။

သောင်းကျန်းတတ်တဲ့
မြို့ပြမုဆိုးတွေရဲ့ကြိတ်စက်ထဲမွာ
အရည်မကျန်တော့တဲ့ ကြံဖတ်မဖြစ်ဖို့သတိထားပါ။

ကိုယ်ရေးကိုယ်တာအတွက်
လေဝအောင်မနဲရှူနေတဲ့ကမ္ဘာမှာ
ဘာတစ်စတာလိုကောင်တွေကြီးဆိုးေနလို့
အပြင်က လေးစိမ်းတွေကို ခေါင်းခါပစ်ပါ။

တောင်ယာတွေခုတ်ရင်
မျှော်နေတော့မဲ့ နင့်မေမေဆီ နင်ပြန်သွားတဲ့အခါ
နင့်အရေပြားနဲ့ဒီဖျော်ရည်ကိုဖျော်ခဲ့ရကြောင်း
မျက်လုံးတွေနဲ့ပဲပြောပြလိုက်ပါ ညီမလေး။