Breaking News

မောင်စွမ်းရည် - ဒီစာကို မဖြန့်ပါနဲ့


မောင်စွမ်းရည် - ဒီစာကို မဖြန့်ပါနဲ့

(မိုးမခ) ဇန်နဝါရီ ၁၄၊ ၂၀၂၀

ဒီနားက ဒါဖြစ် 
မျက်စိက မွဲ 
နားက မကွဲ 
သွားက ကျဲ 
ပါးက ရွဲပြီး 
ခါးက မမြဲ 
အားက နည်း 
သွားရ မလွဲ မြေကြီးထဲ၊၊
 ဇရာ ပြီး မရဏာ နီးပြီပဲ 
သူပြီး ငါ၊ ငါပြီး သူ 
သူ ဘယ်သူမှ မမြဲ၊၊ 

(ဒီစာကို မဖြန့်ပါနဲ့၊ လူတကာ စိတ်ဓာတ်ကျကုန်မှဖြင့် ...)