Breaking News

နေစိမ့် - ငါ့တူရိယာ

ငါ့တူရိယာ
နေစိမ့်
(မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၂၀

ကံစီမံရာ လှောင်ပြောင်စောင်းမြောင်းမှုကို
ရေလိုက်ငါးလိုက် ရယ်ပွဲဖွဲ့နိုင်ရင်
ဘဝဟာ နေချင့်စဖွယ်။

တခါတရံ
တရေးနိုးထပွက်တတ်တဲ့ သံဝေဂကို
ငါးစာချမိတယ်။

ရွှေ့ပြောင်းအခြေစိုက်လာတဲ့ယုံကြည်မှုကို
သစ္စာတိုင်ရတုနဲ့ ညှိယူလို့။

ရှင်သန်းခြင်းယန္တရားထဲ
စစ်သွေးကြွစိတ်နဲ့လွန်းထိုးနေရ။

ကြယ်တွေကိုက်ချီသွားတဲ့ငါ့နာမည်
ဘယ်နေရာမှာပြုတ်ကျလာမလဲ
မျှော်လင့်ချက်ကို မျက်ခြေဖြတ်ထားရတယ်။ ။ 

နေစိမ့်