Breaking News

မေတ္တာကွန်ရက် ၏ ဝမ်းကြာသိုက်ဖွား၊ မွေးစားသားတို့ရဲ့ အလှူ


မေတ္တာကွန်ရက် ၏ ဝမ်းကြာသိုက်ဖွား၊ မွေးစားသားတို့ရဲ့ အလှူ

(မိုးမခ) ဖေဖော်၀ါရီ ၂၂၊ ၂၀၂၀
မေတ္တာကွန်ရက်မှ ထုတ်လုပ်ဖြန့်ချိခဲ့သော ကဗျာဆရာ ကျော်ဟုန်း၏ " ဝမ်းကြာသိုက်ဖွား မွေးစားသားရဲ့ ဒေသစာရီ" စာအုပ်ရောင်းရငွေများကို နေရာ ၂ နေရာခွဲ၍ လှူဒါန်းခဲ့ပါတယ်။

အမှတ် ၆၀၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်းမြို့နယ်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ ငွေကျပ် ၁၀ သိန်း ကို ဒေါ်တင်တင်အေး၊ ကိုဘုန်းသန့်၊ မောင်အောင်ကျော်စိုး တို့က ဖောင်ဒေးရှင်းတာဝန်ခံ ဦးထွန်းလှစိုးထံ သို့ ဇန်နဝါရီ ၃၀ က ကိုယ်စားလှူဒါန်းပေးခဲ့ပါတယ်။

ထို့အတူ (၁၈)ရပ်ကွက်၊ ထီးနီကုန်း ရွာမ၊ တောင်ငူမြို့မှာတည်ရှိတဲ့ ဇေယျာသီရိ- မိဘမဲ့အမျိုးသမီးကလေးများ ပရဟိတဂေဟာသို့ ကနေဒါနေ ဦးတင်နွယ်၊ ဒေါ်လေးလေးနွယ်၊ မရွှေစင်ထွန်း၊ မေသဇင်လှတို့မှ ၎င်းတို့မိသားစု သီးသန့်အလှူနှင့်အတူ မေတ္တာကွန်ရက်မှ လှူငွေ ၃ သိန်းကျပ်ကို ၈၊ ၂၊ ၂၀၂၀ နေ့က တာဝန်ခံ သီလရှင် ကဉ္စနထေရီထံသို့ တပါတည်း လှူဒါန်းပေးခဲ့ပါတယ်။




စာအုပ်ရောင်းရငွေ စုစုပေါင်း ၁၃ သိန်းကို လှူဒါန်းနိုင်အောင် ကူညီဖြန့်ချိပေးကြတဲ့
ဩစတြေးလျမှ ဒေါက်တာဦးမြင့်ထွန်းမိသားစု၊
နယူးဇီလန်မှ စောထက်လင်းမိသားစု၊
ကနေဒါ၊ ဗန်ကူးဗားမှ ဆရာတော် ဦးဃောသက၊
ကိုတင်နွယ်မိသားစု၊ ကိုဌေးအောင်မိသားစု၊
ကယ်ကာရီမှ ကိုအောင်ထွန်းမိသားစု၊ တိုရွန်တိုမှ ကိုမိုးဇော်ဦးတို့ကိုလည်းကောင်း၊
အမေရိကားမှ ကိုဘိုဘို၊ စောရိုလေး၊ စောဌေးအောင်ကိုလည်းကောင်း၊
စာအုပ်ဖြစ်မြောက်ရေးနှင့် ကြော်ငြာပေးကြသော
မောင်ရစ်(မိုးမခ စာတည်းချုပ်)၊
ကိုဂျီစိုးနှင့် ဒေါက်တာ အေးဆွေဆွေ(မြန်မာ့ဂဇက်သတင်းစာ စာတည်း)
ကိုဖေသောင်း(နေရာတကာ ဂျာနယ် စာတည်းချုပ်)နှင့် စောဘိုလုကုကိုလည်းကောင်း၊
မျက်နှာဖုံးနှင့် အတွင်းသရုပ်ဖော်ပေးကြသော
​ကာတွန်းမောင်ရစ်၊ ကိုအောင်ထက်၊ ပန်းချီ- သန်းဌေးမောင်၊ နုဝါ၊ ကိုကိုကိုလတ်တို့ကိုလည်းကောင်း
မေတ္တာကွန်ရက်မှ ကျေးဇူးမှတ်တမ်းတင်ထားတဲ့အပြင် ပါဝင်လှူဒါန်းကြတဲ့ အလှူရှင်များအဖြစ်ပါ မှတ်တမ်းတင်ထားပါတယ်။

စာအုပ်ဝယ်ယူ၍ လှူဒါန်းကြသူများရဲ့ မြတ်သောအလှူဖြစ်ကြောင်း၊ သာဓုခေါ် ဝမ်းမြောက်နိုင်စေရန် မေတ္တာကွန်ရက်အဖွဲ့က ပြောကြားသွားပါတယ်။