Breaking News

ကိုုုုုုုုုုသန််းလွင် - ပါကစ္စတန်စစ်တပ်နှင့် နိုင်ငံရေး



ကိုုုုုုုုုုသန််းလွင် - ပါကစ္စတန်စစ်တပ်နှင့် နိုင်ငံရေး

(မိိုးမခ) ဖေဖော်ဝါရီ ၃၊ ၂၀၂၀

(၁)

၁၉၄၇ ခုနှစ် ပါကစ္စတန်ဟူ၍နိုင်ငံထူထောင်ပြီးနောက် နှစ်ပေါင်း ၃၀ထက်မနည်းစစ်တပ် ၏အုပ်ချုပ်မှုအောက် တွင် နေခဲ့ကြရပါသည်။ အုပ်ချုပ်မှုအာဏာ မရှိသည်မှန်စေ၊ ပါကစ္စတန်စစ်တပ်သည် နိုင်ငံ၏ နိုင်ငံရေးနှင့် အမျိုး သားလုံခြုံမှု အတွက်နောက်တန်းမှနေ၍ကာကွယ်ပေးခဲ့ပါသည်။ ထို့ကြောင့် ဒီမိုကရေစီတည်ထောင်ရာတွင် စစ်တပ် ကို သြဇာလွှမ်းမိုးနိုင်ရန်အတွက် အရပ်သားများ၏ ကြိုးပမ်းချက်များမှာ မသေချာမရေရာမှုများ၊ နောက် ကြောင်းပြန်မှုများ၊ ပေါ်လစီချက်ချင်းပြောင်းလဲမှုများနှင့် ပြည့်နှက်နေခဲ့ပါသည်။

အမြဲတမ်းလိုလိုအရပ်သားနိုင်ငံရေး သမားများသည် စစ်တပ်အရာရှိများ အကျိုးကို လိုက်လျှောလေ့ရှိကြောင်း တွေ့ခဲ့ရပါသည်။ အရပ်သားများက စစ်တပ်အရာရှိများ အလိုသို့လိုက်တိုင်း ပြည်သူတို့၏၊ ယုံကြည်မှုနှင့် ဒီမိုကရေစီရေးရာများတွင် အင်အားလျော့နည်းလာပါသည်။ စစ်တပ်၏သြဇာအာဏာသာ အစဉ်အမြဲ တိုးတက် လာသည်ကို တွေ့ခဲ့ရပါသည်။

သြဂုတ်လ ၁၉ရက်နေ့က ဝန်ကြီးချုပ် အင်မရာခန် (Imran Khan) ကကြီးတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘာဂျာဝါ (Qamar Bajwa) ၏ သက်တမ်းကို ၃နှစ်မျှတိုး၍ပေးခဲ့ပါသည်။ သူသည် နိုဝင်ဘာလတွင် အနားယူရန်ရှိသော် လည်း ဒေသဆိုင်ရာလုံခြုံရေးအတွက် သူရှိနေရန်လိုအပ်၍ဆိုကာ ဤသို့တိုးမြှင့်ရခြင်းဖြစ်ပါသည်။

သို့သော် ပါကစ္စတန်၏အမြင့်ဆုံး တရားရုံးက ဂျင်နရယ်၏သက်တမ်းတိုးခြင်းကို ပယ်ဖျက် ပေးပါရန်လျှောက် ထားလာခြင်းကို ၂ ရက်အတွင်း လက်ခံ၍ ချက်ချင်းရပ်ဆိုင်းခဲ့ပါသည်။ နောက်ဆုံးတွင် ဂျင်နရယ်၏သက်တန်း ကို ၆ လမျှသာ တိုးပေးရန် အမြင့်ဆုံးတရားရုံးက ဆုံးဖြတ်ခဲ့ပါသည်။ ထို့ပြင်အစိုးရကိုလည်း ပါလီမန်နှင့် ညှိနှိုင်း ၍ နောင်တွင် ဂျင်နရယ် များ၏ သက်တမ်းတိုးခြင်းနှင့် တိုးမြှင့်သည့်ကာလကို ဆုံးဖြတ်ရန်ညွှန်ကြားခဲ့ပါသည်။

ဝန်ကြီးချုပ်၏ (Tehreek-e-Insaf) ပါတီက နောင်တွင် စစ်ဦးစီးချုပ်၏သက်တမ်းကိုတိုးပေးခြင်း နှင့် တိုးပေးမည့် ကာလကို ဝန်ကြီးချုပ်ကသက်မှတ်နိုင်သည့် ဥပဒေကို လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။ စစ်တပ်ဦးစီးချုပ်သာ မက လေတပ်နှင့် ရေတပ်ဦးစီးချုပ်တို့ကိုပါ ဝန်ကြီးချုပ်က စဉ်းစားရန်ဖြစ်ပါသည်။ ထို့ပြင် သြဇာအာဏာမရှိသည့် ရုပ်ပြခေါင်းဆောင်အဖြစ် စစ်တပ်ဦးစီးချုပ်လည်း(Chairnan Of Joint Chief Of Staff) ပါဝင်ခဲ့ပါသည်။

ဇန်နဝါရီလ ၇ရက်နေ့တွင် တက်သုတ်ရိုက်တင်သွင်းခဲ့ခြင်းကို တဖက်က အတိုက်အခံပါတီနှစ်ခု ကလည်း ထောက်ခံခဲ့ပါသည်။ အဓိကပါတီနှစ်ခုဆိုသည်မှာ ဝန်ကြီးချုပ်ဟောင်း နာဝါရှရစ်၏ (Parkistan Muslim League Party) နှင့် ယခင်ဝန်ကြီးချုပ်ဟောင်း ဘာနီဇာ ဘူတို၏သားဖြစ်သူ ဘီလာဝယ်ဘူတို (Bilawal Bhutto) ၏ပါတီ (Parkistan’s People Action Party) တို့ဖြစ်ပါသည်။ သူတို့က ၂၀၁၈ ရွေးကောက်ပွဲ တွင်ဂျင်နရယ် အုပ်ချုပ်သော စစ်တပ်ကမဲကို ညစ်၍ အင်မရာခန် ကိုအနိုင်ရစေခဲ့သည်ဟုယုံကြည်ခဲ့ကြပါသည်။

ပါတီနှစ်ခုကိုထောက်ခံသူများနှင့် တိုင်းပြည်ရှိအရပ်သား တက်ကြွသူများက ဤဖြစ်ရပ်သည် ပါကစ္စတန်၏ ဒီမိုကရေစီကို အဟန့်အတားဖြစ်စေသည်ဟု ယူဆခဲ့ပါသည်။ အထူးသဖြင့် သူတို့သည် နာဝါရှရစ် အပါ်တွင် စိတ်ပျက်နေကြခြင်းဖြစ်သည်။ နာဝါရှရစ်သည် “မဲပေးခြင်းဖြင့် ဂုဏ်ယူကြပါ” ဆိုသော သီချင်းကို လွှင့်ထုတ်ခဲ့ပြီး အများပြည်သူများ၏ အာရုံကိုဖမ်းစားနိုင်ခဲ့သည်။ ထိုသီချင်းထဲတွင်စစ်တပ်ကိုလွှမ်းမိုးမှုကို ပြည်သူအများ ရွှံ့မုန်း အောင်ပြောကြားထားချက်များပါဝင်ပါသည်။

မစ္စတာ ရှရစ်သည် ၂၀၁၈ခုနှစ် ပါကစ္စတန်ရှိအမြင့်ဆုံးတရားရုံးက ပနာမား စာရွက်များကြောင့် သိခဲ့ရသည့် ခြစားမှု နှင့်ပါတ်သတ်၍ ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ပေးခဲ့ရပါသည်။ သူသည် “အများပြည်သူတို့နှင့်ဆိုင်သော ရုံးကို မထိုင်ရ” ဟူသော ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။ မစ္စတာရှရစ်သည်သူ၏သြဇာအာဏာကို တလွဲနေရာ များတွင်သုံးခဲ့သည်ဟူ၍ မပေါ်ပေါက်ခဲ့သော်လည်း သူ၏ကိုယ်ပိုင်ပစ္စည်းများကို မှန်မှန်ကန်ကန် မဖော်ပြခြင်း တို့ကြောင့် ရိုးသားသည်ဟု မယူဆနိုင်သော ပြစ်မှုများဖြင့် စွပ်စွဲခြင်းခံခဲ့ရပါသည်။ “လူတစ်ယောက်သည် ပါလီမန်အမတ် တစ်ယောက်ဖြစ်ရန်အတွက် ရိုးသားရမည်” ဟု ပါကစ္စတန်တို့၏ ဖွဲ့စည်းပုံ နည်းဥပဒေများက ဆိုသည်။

မစ္စတာရှရစ်သည် တိုင်းပြည်တွင်အာဏာရှိသောစစ်တပ်ကို အံတုရန်အတွက်လူဦးရေအများဆုံးဖြစ်သည့် ပန်ဂျပ် ပြည်နယ်တွင်၂၀၁၈ မဲရွေးပွဲတွင်မဲဆွယ်ခဲ့သည်။ စစ်တပ်ကမထောက်ခံသည်မှန်စေ မစ္စတာရှရစ်၏ပါတီ သည် ပန်ဂျပ်ပြည်နယ်တွင် မဲအများဆုံးရရှိခဲ့ပြီး တစ်တိုင်းပြည်လုံးအနေနှင့် ဒုတိယမဲအများဆုံးရသည့် ပါတီ ဖြစ်ခဲ့ပါသည်။

မစ္စတာရှရစ်သည် မူဝါဒကို အမြဲဆုပ်ကိုင်ထားသည့် ဒီမိုကရက် တစ်ယောက်တော့ဟုတ်ဟန်မတူပါ။ သက္ကရာဇ် နှစ်ထောင်တွင် ဂျင်နရယ် ပါဗေးမူရှရပ်( Gen Pervez Musharraf) ၏စစ်တပ်ကအာဏာသိမ်းပြီးနောက် ဆော်ဒီအာရေးဗီးယားတွင် သွားရောက်နေထိုင်ရန် ငြိမ်ငြိမ်သက်သက်သဘောတူခဲ့ပါသည်။ သူက အရပ်သား တို့သည်စစ်တပ်၏အထက်ကရှိကြောင်းနိုင်ငံရေးတွင် အနစ်နာခံကာသက်သေပြခဲ့ပါသည်။ သူကအကျဉ်းထောင် တွင် ခြစားမှုစွဲချက်များဖြင့် ကျခံနေခဲ့ရစဉ်ကသူ၏မကျန်းမာမှုကြာင့် ဆေးကုသမှုခံယူရန်စစ်တပ်နှင့် အပေးအယူ လုပ်ရန်လည်းငြင်းပယ်ခဲ့ပါသည်။

တဖန် နိုဝင်ဘာလကမူသူ့ကျန်းမာရေးအလို့ငှါ နိုင်ငံခြားကို သွားရောက်ခွင့်ပေးခဲ့ခြင်းအတွက် စစ်တပ်နှင့်အဆင် ပြေအောင်ညှိနှိုင်းနိုင်သည့် ဤအကြိမ်တွင် သဘောထားပျော့ပြောင်းမှုကိုပြခဲ့ပါသည်။ သူ့နောက်ဆက်ခံခဲ့သော ဝန်ကြီးချုပ်ဖြစ်သူ သူ့ညီ ရှဘတ် ရှရစ် ( Shehbaz Sharif) လက်ထက်တွင်လည်း စစ်တပ်နှင့်လက်တွဲလုပ်နိုင် ကြောင်းပြသခဲ့ပါသည်။

ဘီလဝါ ဘူတိုကမှု ထိုဥပဒေကို လေ့လာရန် အချိန်လိုသည်။ သို့သော်လည်း ပါတီ၏ အနေအထားအရ အမတ် ဥိးရေနည်းသဖြင့် ကန့်ကွက်လျှင်လည်း ထူးခြားမှုရှိလာမည်မဟုတ်ဟုဆိုကာ ထောက်ခံခဲ့ခြင်းဖြစ်ပါသည်။ သူ၏ ဖခင်ဖြစ်သူ လွန်ခဲ့သည့် ဒီဇင်ဘာလက ငွေကြေးခဝါချသည့် အမူမှအာမခံဖြင့်လွတ်လာသူ သမ္မတဟောင်း ဇာတာရီ (Asif Ali Zardari) ကမှု စစ်တပ်နှင့်ထိပ်တိုက် ရင်ဆိုင်မတွေ့ရေးအတွက်ငြိမ်သက်စွာ သဘောတူမှု ကိုပြသခဲ့ပါသည်။ ပါတီဝင်များက ပူညံပူညံသံနှင့် ဤဥပဒေကိုဆန့်ကျင်ကြောင်းပြောကြသော်လည်း ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များ၏ လုပ်ဆောင်ချက်အားဘာမှ မပြောသာကြပါ။

ဥပဒေသစ်ကို ဆန့်ကျင်ကြခြင်းမဟုတ်သည့်တိုင် ဥပဒေပြုသည်မှာ မြန်ဆန်သောကြောင့် အချီအချဆွေးနွေးရန် အခွင့်အရေးပင်မရလိုက်ဘဲ အတည်ပြုလိုက်ခြင်းဖြစ်သဖြင့် အမတ်များစွာတို့ အံ့အားသင့်နေကြပါသည်။ သူတို့ သည် ပါတီခေါင်းဆောင်များကိုနိုင်ငံရေးသမားဖြစ်နေပြီး စစ်သားများကဲ့သို့ အမိန့်ကိုလိုက်နာရသည့်သဘောကို မကြိုက်ကြပါ။ စစ်ဗိုလ်လုပ်သူက အမိန့်ပေးလိုက်လျှင် စစ်သားများက ခုန်ကြရသည့် သဘောမျိုးဖြစ်ပါသည်။

ဂျင်နရယ် ဘာဂျဝါ၏ အုပ်ချုပ်မှု အောက်တွင် မီဒီယာသမားများကိုလည်း ဖိနှိပ်နေပါသည်။ ဂျာနယ်လစ်များကို ပြန်ပေးဆွဲခြင်း၊ နှိပ်စက်ခြင်း၊ ခြိမ်းခြောက်ခြင်းတို့ကို ပြောင်ပြောင်တင်းတင်း ပင်လုပ်ဆောင်နေပါသည်။ အမှန် တရားအတွက် တိုက်ခိုက်သူများ၊ အခြားစစ်တပ်ကို ဆန့်ကျင်သူများအား တရားရုံးကို အသုံးချ၍ ဖမ်းဆီးနှိပ်စက် မှုများရှိနေပါသည်။

ပါကစ္စတန်နိုင်ငံရေးမှာဖက်လိုက်မှုများကိုအမြဲတစေတွေ့မြင်နေရပြီး ဒီမိုကရေစီ၏သဘောကို အားလျှော့အောင် လုပ်ဆောင်နေပါသည်။ နိုင်ငံရေးသမားများကလည်း မိမိအာဏာရရှိရေးအတွက် စစ်တပ်ကိုချည်းကပ် ကြရပါ သည်။ ထို့ကြောင့် စစ်တပ်အရာရှိကြီးများအဖို့ကလည်း တိုင်းပြည်မညီညွတ်တော့လေလေ၊ ၄င်းတို့နိုင်ငံရေးတွင် လွှမ်းမိုးမှုရလာလေဖြစ်လာပါသည်။

(၃)

ဒီမိုကရေစီရေးအတွေက်ပါတီအားလုံး ကအရပ်သားသည်စစ်တပ်အထက်မှာရှိသည်ဟူသောမူကိုလက်ကိုင်ထား ရန်အရေးကြီးပါသည်။ ဥပဒေပြုခြင်းမှာမြန်ဆန်သောကြာင့် ဝေဖန်စရာများရှိသည်ဆိုစေ၊ ဒီမိုကရေစီ အရေး အတွက် အရေးကြီးသောဥပဒေဖြစ်သောကြောင့် ဥပဒေအသစ်ကို ကြိုဆိုရမည်ဖြစ်ပါသည်။

ကိုသန်းလွင်

Ref: How Politicians help Pakistan’s military, By Aqil Shah New York Times 24 Jan 2020