Breaking News

တိုးနှောင်မိုး - မောင်းပြန်ရိုင်ဖယ်

KT#
မောင်းပြန်ရိုင်ဖယ်
တိုးနှောင်မိုး (မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၂၀

ပန်းတစ်ပွင့်ကနှင်းဆီ နိုင်ငံတော်အလံကအသဲကွဲအိပ်မက် ပင်လယ်ကိုဆားခပ်တွေးလို့ ပိုငံမလာနိုင်ဘူး။ ချစ်တယ် သတိရတယ် လွမ်းတယ် ကျည်ဆံကဦးနှောက်မှမပါတာ ဆေးဗူးထဲကရောဂါထွက်မလာဘူး သေနတ်ထဲကရင်ခုန်သံထွက်မလာဘူး ငိုရင်ပုလဲ ရယ်ရင်ရွှဲခေတ်မရှိတော့ဘူး ကြက်ခြေခတ်တွေကမိုးပေါ်ကကျလာတယ်။ ကလေးငယ်တွေကိုဂရုစိုက်ပါ မျက်မှန်တပ်ထားတဲ့သီချင်းဆိုပါ ငြိမ်းချမ်းရေးကခွေးလောက်မမိုက်ဘူး စံပယ်တွေပွင့်ပြန်ပြီ။ တိတ်ဆိတ်မှုကခြေထောက်ကိုရွှေ့တယ် တွေ့မှသေအောင်မလွမ်းနဲ့ ရိုင်ဖယ်ကိုတိုင်မကွယ်နဲ့မိုင်၂၀ပြေးတယ် ရှေ့တုန်းကရှေ့ရိုးစကား နိုင်ငံရေးကလည်းမုဆိုးစိုင်သင် ကဗျာဆိုတာကျေးညီနောင်ဇာတ်မဟုတ်ဘူး။ လေကစာရွက်တွေကိုလှန်သွားတယ် လရောင်ကိုထရံပေါက်ကချေင်းမကြည့်နဲ့ လူအစားကုလားထိုင်ပေါ်လေကဝင်ထိုင်ပြီ ဟစ်တလာရောက်မလာဘူးမပြောနဲ့ ပန်ချီဆရာမဖြစ်တာလူ့အခွင့်အရေး နှလုံးသားပေါ်တက်တူးထိုးခဲ့တယ် ဂျိုးငှက်ကလေးသံလွင်ခက်ချီနေပုံ ဘဝတွေကဒီလိုပါပဲ။ သူငယ်ချင်းတွေကိုသတိရတာလည်းစစ်ပွဲပဲ ဟမ်ဘာကာမှာစစ်မရှိဘူး ထီပေါက်သလိုပျော်ဖို့ ထီထိုးဖို့တော့လိုပါတယ် ရေခဲမုန့်မှာအမှန်တရားရှိတယ်။ အလင်းဟာ အမှောင်ဆီကခေါင်းရှိုပြီးထွက်လာပြီ သမီးပန်ပန်တို့ခေတ်စစ်မရှိရဘူး သနပ်ခါးနဲ့ကျောက်ပြင်မှာ ရနံ့ကိုတည်ဆောက်တဲ့ဆန္ဒရှိခဲ့တယ် အချစ်ဆိုတာ ပေါင်မုန့်ထဲကမြွေပဲ မုဆိုးရာသီတွေကုန်ပါတော့။ ။ (၂၃.၁.၂၀၂၀)