Breaking News

မိုး​ကျော်​ဌေး - ထူးချွန်​တယ်​ဆိုတာ​တော်​လှန်​တာပဲ


KT#
ထူးချွန်တယ်ဆိုတာတော်လှန်တာပဲ
မိုးကျော်ဌေး
(မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၂၀

လူအုပ်ကြီးကို စနစ်တကျ ချစီလိုက်တော့
အသုံးမကျတဲ့ဝါကျတစ်ကြောင်းဟာ
မြွေလို ပေါက်တယ်

လမ်းမတွေပေါ်ချခင်းထားတဲ့ မိုက်မဲခြင်းဟာ
နှစ်ရှည်စီမံချက်ပဲ
ဆီစားသက်သာတဲ့ လမ်းကြိတ်စက်တွေက
လူစားပက်စက်တယ်

မင်းတြားကြီးရဲ့ မစင်ပုံပေါ်က
ယင်ကောင်းယင်မြတ်တွေရဲ့ဥပဒေ ဓမ္မသတ်ကို
ကျမ်းစာအုပ်စောင်စောင်ကြား
ညှပ်ထားခဲ့လေရော့သလား
၂၀၀၈ ဆိုတာဟာ
မနာချင်လဲ နာခဲ့ရတဲ့ တရားပဲ

သုံးနာရီစာမေးခွန်းကို
သုံးမိနစ်နဲ့ဖြေခဲ့မိတဲ့ကလေးတယောက်ရဲ့ ၀ဋ်ကြွေး
သူ့ခမျာ
မိဘအုပ်ထိမ်းမှုနဲ့ဝေးခဲ့ရပုံ
၁၊ဒီဇင်ဘာ၊၂၀၁၈