Breaking News

ကိုတင်ထွန်းနိုင် - နွေဦးသို့အဝင်


နွေဦးသို့အဝင်

ကိုတင်ထွန်းနိုင်
(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၂၀

ချစ်ရသူဆီ
အပ်နှံထားတဲ့ အိပ်မက်တွေကို
အတူဖွင့်ကြည့်ရသလိုမျိုး
အဓိပ္ပာယ်က နွေးထွေး။

ကောင်းကင်ပြာလွင်ထဲက
စမ်းချောင်းတစ်စင်းထွက်ကျလာ
ဆင်ခြင်တုံတရားဟာသန္တိသုခဆီ
စီးဆင်းလျက်။

ပန်းတွေအကြောင်းပြောမလား
ခံစားမှုနဲ့လိုက်တမ်းပြေးတမ်းကစားမလား
ဟေမန္တ ကိုက်ခဲမှုများအလွန်
နွေဦးကံ့ကော်များတရား
ထပ်ခါထပ်ခါနာမိ။

မည်သည့်သွေးအမျိုးအစားပင်ဖြစ်စေ
နွေဦးသို့သစ္စာရှိစွာချစ်တတ်ရန်
တတ်မြောက်ခဲ့ပြီး ဖြစ်လေသည် ။ ။