Breaking News

သစ်််််််််််ကောင်းအိမ် - ကဗျာနေ့မှာ ကဗျာရေးခြင်း




သစ်််််််််််ကောင်းအိမ် - ကဗျာနေ့မှာ ကဗျာရေးခြင်း

(မိုးမခ) မတ် ၂၂၊ ၂၀၂

ဝေးကြပုံဆန်းတယ်
လုံခြုံရေးသတိပေးချက်အတိုင်းဆို
လူနှစ်ယောက်မှ မဟုတ်ဘူး
လင်မယားတွေလည်း
တအိမ်တည်းနေပြီး ခြောက်ပေအကွာထက်နီး
ဆုံဆည်းခွင့်မရှိဘူး

လမ်းတွေပေါ်လည်း
သစ်ရွက်ခြောက်တောင်ယောင်ပြီး
လမ်းမသလားဘူး

သံသယေတြနဲ့
အဆိပ်ပြန့်နေတဲ့ လေထုထဲမှာ
လူတွေ တယောက်နဲ့တယောက်
ကြည့်ရင်းနဲ့
ဝေးကွာသွားနေကြ

စားစရာက
အစာဆန်လာတယ်

ငွေက
စက္ကူဆန်လာတယ်

ဝတ််စရာက
ထပ်တလဲလဲဆန်လာတယ်

နေစရာက
စစ်အတွင်း ရေဝတီရပ်ကွက်ဆန်လာတယ်

အိပ်ရာက
ကတုတ်ကျင်းဆန်လာတယ်

အသက်မွေးဝမ်းကျောင်းက
လက်ဖြောင့်သေနတ်သမားတွေ
ချောင်းမြောင်းနေတဲ့မြို့ပျက်ကြီးထဲမှာ
အစာရှာထွက်သူဆန်လာတယ်

အိမ်သာသုံးစက္ကူတထုပ်ရဖို့
မားကက်််တခုထဲမွာ
လူနှစ်ယောက် ထိုးကြိတ်သတ်ပုတ်နေကြတယ်

သေနတ်စတိုးတွေမှာ
လူတွေကြိတ်ကြိတ်တိုးနေတယ်

သွေးရူးသွေးတန်းအနောက်ကမ္ဘာရဲ့
သူစိမ်းတရံစာလမ်းတွေပေါ်မှာ
အေးရှန်းလူမျိုးတယောက်ဟာလည်း
ဒုတိယကမ္ဘာစစ်ကြီးပြန်ရောက်သလို
ဂျူးတယောက်ဆန်လာတယ်။     ။