ဇင်လင်း - ပြည်သူ့အကျိုး ရှေးရှု၍ ယာယီမျှဖြစ်စေ အပစ်အခတ်ရပ်ရန် ကြိုးပမ်းသင့်

(မိုးမခ) မတ် ၁၁၊ ၂၀၂၀
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်သည် မြွေ-လှေကား ကစားပွဲနှင့် တူနေသည်။ ပန်းတိုင်သို့ရောက်လုနီးတိုင်း မြွေမျိုခံရသဖြင့် အောက်ဆုံးလှေကားထစ်များအထိ ပြန်ကျသွားရသည်။ ထိုကဲ့သို့ငြိမ်းချမ်းရေးပန်းတိုင်ကို လှမ်းမြင်ရချိန် ရောက်သည့်အခါတိုင်း တစ်ကြောင်းမဟုတ် တစ်ကြောင်းဖြင့် ကဖျက်ယဖျက်ကိစ္စများ ပေါ်လာတတ်သည်။ ယင်းဖြစ်ရပ်မျိုး ကြိမ်ဖန်များလာသောအခါ၊ သွေးရိုးသားရိုးကိစ္စ မဖြစ်နိုင်တော့ဟု သုံးသပ်မှုများလည်း ပေါ်လာသည်။ ဥပမာ အားဖြင့် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက် ဗိုလ်နေဝင်း၏ စစ်အာဏာသိမ်းမှုသည် တိုင်းပြည် ချောက်ထဲကျရန် လက်နှစ်လုံးအလိုကြောင့် မဟုတ်ဘဲ၊ ဦးနုအစိုးရနှင့် တိုင်းရင်းသား ခေါင်းဆောင်များ၏ ဆွေးနွေးပွဲရလဒ်အရ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန် သဘောတူညီမှု ရရှိတော့မည့် အလားအလာကို ကဖျက်ယဖျက်လုပ်ခဲ့ခြင်းသာဖြစ်သည်။
ယခုအထိလည်း စကားဝေါဟာရ အရသာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လက်ခံသယောင် ပြောဆိုနေကြသော်လည်း လက်တွေ့ အကောင်အထည်ပေါ်လာ မည်ကို မလိုလားသူအချို့ ရှိနေပုံရပေသည်။ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရန် တွန်းတင်သူများက တွန်းနေကြချိန်မှာပင်၊ ဆွဲချသူများက ဆွဲချနေကြသည်။ ရလဒ်မှာ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး စာချုပ် (NCA) မူဘောင်လုပ်ငန်းစဉ်သည် ရှေ့ဆက်မရဘဲ တစ်ဆို့နေရသည်။ စတုတ္ထအကြိမ် ၂၁-ရာစု ပင်လုံ ညီလာခံကို ၂၀၁၉ ခုနှစ် တွင် မကျင်းပနိုင် ဖြစ်ခဲ့ရသည်။ ယခုနှစ် ဧပြီမတိုင်မှီ ကျင်းပရန် ကြိုးပမ်းနေသော်လည်း ကျင်းပဖြစ်မည်ဟု ယတိပြတ် မဆိုနိုင်သေးချေ။
ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် သွယ်ဝိုက်ဆက်စပ်နေသော ပြဿနာတစ်ခုမှာ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှု ကြီးမား ကျယ် ပြန့်လာသည့် ကိစ္စဖြစ်သည်။ ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ကာလတန်ကြေး ငွေကျပ် ၂၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်း ရမိခဲ့သည်ဟု တပ်မတော်သတင်းမှန် ပြန်ကြား ရေးအဖွဲံထံမှ သိရကြောင်း မဇ္ဈိမ သတင်းက ဖေါ်ပြသည်။ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်နယ်မြေတွင် ခန့်မှန်းမြန်မာကျပ်ငွေ တန်ဖိုး ၁၀ ဒဿမ ၈ ဘီလီယံ ဖြင့် အများဆုံး သိမ်းဆည်းမိခဲ့ပြီး ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နယ်မြေတွင် ခန့်မှန်း မြန်မာကျပ်ငွေ တန်ဖိုး ၉ ဒဿမ ၉ ဘီလီယံဖြင့် ဒုတိယ အများဆုံးဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်ဆန်းပိုင်း နှစ်လအတွင်း စစ်ဌာနချုပ် နယ်မြေ ၄ ခုမှ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးစုစုပေါင်း၏ ငွေကြေးပမာဏမှာ မြန်မာကျပ်ငွေ ၂၅ ဒဿမ ၃ ဘီလီယံအထိ ရှိနေခြင်းဖြစ် သည်။ ဖမ်းဆီးရမိမှုများထဲတွင် မူးယစ်ဆေးနှင့် စိတ်ကြွဆေးပြားများ အများဆုံးဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က စိတ်ကြွဆေးပြား လေးသန်းကျော်ကို ထိုင်းစစ်တပ်က ဖမ်းမိခဲ့ပြီး မြန်မာနိုင်ငံ၊ ဝဒေသမှ ထုတ်သည်ဟု ထိုင်း အာဏာပိုင်တို့က စွပ်စွဲခဲ့သည်။
သို့သော်လည်း UWSA က ငြင်းပယ်ခဲ့ပြီး ၎တို့အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို တက်တက် ကြွ ကြွလုပ် ဆောင်နေသည်ဟု ပြောဆိုခဲ့သည်။ ထို့အတူ AA၊ TNLA အပါအဝင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များကလည်း မူးယစ်ဆေးနှင့် ပတ်သက်မှု မရှိကြောင်း ငြင်းဆိုထားကြပြီး မူးယစ်ဆေးတိုက်ဖျက်ရေး လုပ်ငန်းများကို လုပ်ဆောင် နေကြ ကြောင်း ၎တို့၏ တရားဝင် အင်တာနက် စာမျက်နှာများမှတစ်ဆင့် ဖော်ပြကြသည်။ ထို့ပြင် မူးယစ်ဆေးဝါးတိုက်ဖျက် ရေး လုပ်ဆောင်မှုအဖြစ် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးသည့် အခမ်းအနားများကိုလည်း နှစ်စဉ် ကျင်းပလေ့ရှိကြောင်း တွေ့ရသည်။ ငြိမ်းချမ်းရေး ရရှိရေးအတွက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ နိုင်ငံရေးဆွေးနွေးနေစဉ်တွင် လက်နက်ကိုင်ပဋိပက္ခနှင့် မူးယစ်ဆေးဝါးဆက်နွယ်နေမှုသည် ပွင့်လင်းမြင်သာစွာ ပြောဆိုဆွေးနွေးရန် အလွန်အရေးကြီးသော ပြဿနာတစ်ခုဖြစ်သည်။ ထို့ပြင် မြန်မာ ပြည်သူလူထုအားလုံး အနေဖြင့် ကျောင်းသားလူငယ်များ၏ အနာဂတ်အတွက် ပူပန်သောကရောက်နေရသော ကိစ္စလည်းဖြစ်သည်။
မကြာသေးမီက ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ စစ်ရေးတင်းမာမှု ရှိနေသေးကြောင်း သျှမ်းသံတော်ဆင့် သတင်းအရ သိရသည်။ မိုင်းကိုင်မြို့နယ် ဟမ်းငိုင်း ကျေးရွာအုပ်စုအတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA)နှင့် အစိုးရ တပ်မတော် တို့သည် ဖေဖော်ဝါရီ ၂၇ ရက်နေ့မှ စတင်ကာ တိုက်ပွဲပြင်းထန်ခဲ့ကြပြီး၊ ဖေဖော်ဝါရီ ၂၈ ရက်အထိ တိုက်ပွဲ ဆက်ဖြစ်နေ ကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံက သျှမ်းသံတော်ဆင့်သို့အတည်ပြုေြပာကြားခဲ့သည်။
ရှမ်းပြည် အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲကို မတ်လအတွင်း ပြုလုပ်ရန် RCSS/SSA မှ ယခုလ ၂၄ ရက် ကြေငြာချက် ထုတ် ပြန်ထားပြီး လင်းခေးမြို့တွင် ပြုလုပ်ရန် လျာထားကြောင်း ပြောခွင့်ရသူက သျှမ်းသံတော်ဆင့်သို့ ပြောကြောင်း သိရသည်။ ထို့ပြင် NCA လက်မှတ် ရေးထိုးထားသော RCSS/SSA သည် စတုတ္ထအကြိမ် ၂၁ပင်လုံ ညီလာခံ ဖြစ်မြောက်လာစေရန် ဦးဆောင်သည့် အဖွဲ့တစ်ဖွဲ့လည်းဖြစ်သည်။ လက်ရှိတိုက်ပွဲကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ယုံကြည်မှုများ ပျက်ပြယ် နိုင်သည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုသည်။
“ အခုလို တိုက်ပွဲ ထပ်ဖြစ်တယ်ဆိုတော့ ပထမအချက်က ယုံကြည်မှုကို အထူး ထိခိုက်စေတယ်။နောက်တစ်ချက်က ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်ကိုလည်းပဲ အနှောင့်အယှက်ဖြစ်စေပါတယ်” ဟု ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က ပြောသည်။ ၎အပြင် RCSS/SSA သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်သည့် အဖွဲ့(PPST) ဥက္ကဋ္ဌ ရာထူး ယူထားသဖြင့် တိုက်ပွဲ ဆက်ဖြစ်မည်ဆိုပါက ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) လုပ်ငန်းစဉ်ကို ရပ်တန့်သွားစေနိုင်ကြောင်း စိုင်းလိတ်က သုံးသပ်ပြောဆိုသည်။
တပ်မတော်သည် တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီစာချုပ် ( NCA) လက်မှတ်ရေးထိုးထား သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) နှင့်လည်း ဖာပွန်နယ်မြေတွင်လည်း တိုက်ပွဲဖြစ်နေပြီး၊ RCSS/ SSA ထိန်းချုပ်ရာ မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာဘက်တွင်လည်း တိုက်ပွဲဖြစ်နေသည်ဟု နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးမောင်မောင်စိုးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
မတ်လဆန်းပိုင်းတွင် ကျင်းပမည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နှင့် တိုင်းရင်းသားလက်နက်ကိုင်များ အဖွဲ့ EAOs တို့ တွေ့ဆုံပြီး ပြဿနာကို မဖြေရှင်းနိုင်ပါက လင်းခေးတွင် ကျင်းပမည့် ရှမ်းပြည် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ထိခိုက်နိုင် သည်ဟု ဦးမောင်မောင်စိုးက ဆိုသည်။ ငြိမ်းချမ်ေးရး လုပ်ငန်းစဉ် အရှိန်ကောင်းလာပြီး သဘောတူညီချက်များ ရရှိပြီ ဆိုလျှင် တိုက်ပွဲများပေါ်လာတတ်သည်မှာ ထူးဆန်းနေသည်ဟုလည်း ၎က ဆိုသည်။
ဤအတောအတွင်း ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အရှေ့ဘက်ကျေးလက်ေဒသခံများအပေါ် တပ်မတော်က လူ့အခွင့် အရေးချိုးဖေါက်နေသည်ဟု သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)က အစီရင်ခံစာ ထုတ်ပြန်ထားကြောင်း သျှမ်းသံတော် ဆင့် သတင်းက ဆိုသည်။ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် ယင်းအစီရင်ခံစာတွင် အစိုးရတပ်မတော် သည် ၎င်းတို့ တပ်စခန်း တည်ဆောက်ရေး အတွက် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုဝင် ၁၁ ရွာ မှ ရွာသူရွာသား တစ်ရာကျော်အား အဓမ္မလုပ်အား ခိုင်းစေ သည့်အပြင် ဒေသခံများထံမှ သစ်များ၊ ဝါးများ၊ သက်ကယ်များကိုပါ တပ်ခြံကာ ရန်အတွက်ဟုဆိုကာ ယူငင်သွားကြောင်း SHRF က ထုတ်ပြန်ကြေညာထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဒေသခံပြည်သူများကို လုပ်အားပေးခိုင်းစေခြင်းနှင့် မြေယာသိမ်းဆည်းမှုများ ရပ်တန့်ပေးရန် ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့ (SHRF)က တောင်းဆိုခဲ့ကြောင်း သတင်းနှင့်မီဒီယာကွန်ယက် (NMG) ကလည်း သတင်း ဖေါ်ပြသည်။ လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုရှိ ကျေးရွာ ၁၁ ရွာမှ ဒေသခံများကို တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ကျူးလွန်နေခြင်းကို ရပ်တန့်ပေးရန် ဖေဖော်ဝါရီ ၂၄ ရက်က SHRF က ထုတ်ပြန်တောင်းဆို ခဲ့သည်ဟု ဆိုသည်။ တပ်မတော်က တပ်စခန်းသစ် တည်ဆောက်ရန် လုပ်အားပေးခိုင်းစေနေခြင်းဖြစ်ေကြာင်း SHRF မှ စိုင်းတင်းဟန်က NMG သတင်းသို့ ပြောသည်။
“ကျနော်တို့ တောင်းဆိုချင် တာကတော့ ပြည်သူကို ဒုက္ခရောက်အောင် ဒီလိုမျိုးမလုပ်စေချင်ဘူးပေါ့ေနာ်။ ဒီအတိုင်းပဲ ရပ်သွားစေချင်တာပေါ့နော်။ ပြီးတော့ တောင်သူတွေကို သစ်ခုတ်ခိုင်းတယ် ထင်းခုတ်ခိုင်းတယ် ပြီးတော့ ယာသိမ်းတယ်၊ မြေသိမ်းတယ် အဲလိုမျိုး မလုပ်စေချင်ဘူးပေါ့နော်။ ရပ်တန့်သွားစေချင်တယ်။ ဒီလိုမျိုး နောက်ထပ်မလုပ်စေချင်တာပေါ။့” ဟု စိုင်းတင်းဟန်က ပြောသည်။
၂၀၁၉ ခုနှစ် အောက်တိုဘာလ မှစတင်၍ နည်းဗျူဟာ စစ်ဆင်ရေး အခြေစိုက်စခန်းသစ်တည်ဆောက်ရန်အတွက် သစ် နှင့် ဝါးစီစဉ် ပေးရန် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ်၊ မိုင်းကျက်ကျေးရွာအုပ်စုရှိ ကျေးရွာ ၁၁ ရွာမှ ရွာသားများကို အစိုးရတပ်တော်က အတင်းအဓမ္မစေခိုင်းခဲ့သည်ဟု ဆိုသည်။ အဆိုပါ အခြေစိုက်စခန်းသစ် ပတ်လည် ခြံစည်းရိုးခတ်ရန် နှင့် သစ်ဝါးခုတ်ရန် တစ်လတွင် ၆ ရက်အထိ ဒေသခံများ အဓမ္မလုပ်အားခိုင်းစေခံရသည်ဟု SHRF က ဆိုသည်။
ပြီးခဲ့သည့်၂၀၁၉ ဒီဇင်ဘာလကလည်း ဒေသခံများသည် မြန်မာအစိုးရ စစ်တပ် အခြေစိုက် စခန်းအနီးရှိ မန်ပန် ပြည်သူ့ စစ် အတွက် မြေယာရှင်းလင်းရေးနှင့် စစ်တန်းလျားသစ်များ ဆောက်လုပ်ရန် ၄ ရက်ကြာ အဓမ္မခိုင်းစေခံခဲ့ရသည်ဟု SHRF ၏ ထုတ်ပြန်ချက်၌ ဖေါ်ပြသည်။ ထို့ပြင် ကျေးလက်ရွာသားများ၏ တောင်ယာခြံနှင့် သစ်တောမြေများကို တပ်မတော်က သိမ်းယူခဲ့သည်ဟုလည်း SHRF မှ စိုင်းတင်းဟန် က ပြောသည်။ တပ်မတော်အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းများစွာ တည်ရှိနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဒေသခံပြည်သူများမှာ အတင်းအဓမ္မ ခိုင်းစေခြင်းများ အပါအဝင် အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံနေရသည့်အတွက် အဆိုပါ ကိစ္စရပ်များကို ရပ်တန့်ပေးရန် တောင်းဆိုရခြင်းဖြစ်ကြောင်း ရှမ်းလူ့အခွင့် အရေးမဏ္ဍိုင်အဖွဲ့(SHRF) က ဆိုသည်။
တစ်ချိန်တည်းတွင် NCA လက်မှတ်ထိုးရှမ်းပြည်ပြန်လည်ထူေထာင်ရေးကောင်စီ(RCSS)က ဦးဆောင်ကျင်းပမည့် ရှမ်း လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲကို ဧပြီပထမပတ်တွင် ရှမ်းပြည်နယ် လင်းခေးမြို့၌ ကျင်းပမည်ဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံက ပြောကြားကြောင်း 7Day News အရ သိရသည်။ RCSS လွယ်တိုင်းလျန်း ဌာနချုပ်၌ ဖေဖော်ဝါရီ ၂၁ရက်မှ ၂၄ရက်ထိ ကျင်းပသော အဖွဲ့၏ နှစ်ပတ်လည် အစည်းအဝေးအပြီး ကြေညာချက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစု ပင်လုံ (စတုတ္ထအစည်းအကြိမ်)ကို သတ်မှတ်ထားသည့် အချိန်အတွင်း ကျင်းပ နိုင်ရေးနှင့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ဆောင်ရွက်မည်ဟု ဖော်ပြ ထားသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ရှမ်းလူမျိုးများ၏ သဘောထားများ ဖော်ပြနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်၍ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွင်း ရှမ်းလူမျိုးအားလုံးပါဝင်အကျုံးဝင်ရေး ဆွေးနွေးပွဲ ကျင်းပ ရေးကော်မတီက စီစဉ်မည်ဟု ဗိုလ်မှူး စိုင်းခမ်းစံက ဆိုသည်။ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးနှင့် ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကိစ္စရပ်များအတွက် အစိုးရနှင့် RCSS အပါအဝင် အပစ်ရပ် ၁၀ ဖွဲ့ သည် မတ်လ ပထမပတ် အတွင်း တွေ့ဆုံရန် ချိန်းဆိုထားကြောင်း သိရသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ မတ်လ ၂ ရက်နေ့တွင် ပြုလုပ်သည့် NCA လက်မှတ်ထိုးအဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေး၌ PPST အဖွဲ့ ယာယီ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က အဖွင့်မိန့်ခွန်းပြော ကြားခဲ့သည်။ “ဒီနေ့ဟာ ပြည်ထောင်စု မပြိုကွဲဖို့ဆိုပြီး တပ်မတော်က အာဏာသိမ်းခံခဲ့ရတဲ့ ၅၈ နှစ်ပြည့်နေ့လည်း ဖြစ်ပါတယ်။ အာဏာသိမ်းသူတွေက ပြည်ထောင်စုမပြိုကွဲအောင် ကယ်တင်တဲ့နေ့လို့ဆိုပေမယ့် မိမိတို့ တိုင်းရင်းသား တွေကတော့ ပြည်ထောင်စုပြိုကွဲခဲ့တဲ့နေ့ လို့သာ သတ်မှတ်ကြတယ်။ ပြည်ထောင်စုကို ပင်လုံ ကတိကဝတ်၊ ပင်လုံ စိတ်ဓာတ်၊ ပင်လုံစာချုပ်တို့အပေါ်အခြေခံပြီး ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဉပဒေ ရှိခဲ့လို့သာ လွတ်လပ်ရေးရခဲ့တာဖြစ်လို့ ပြည်ထောင်စုကြီး ပေါ်ထွန်းလာတာ ဖြစ်တယ်။ ပြည်ထောင်စုကို ပေါ်ထွန်းစေခဲ့တဲ့ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဉပဒေကို ဖျက်ဆီးလိုက်ပြီဆိုမှတော့ ပြည်ထောင်စုဟာ ၁၉၆၂ ခုနှစ်ကတည်းက မရှိတော့ပါဘူး။”ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားခဲ့သည်။ ဗိုလ်ချုပ်ကြီးယွက်စစ်သည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/ SSA) အဖွဲ့၏ ဥက္ကဋ္ဌ လည်းဖြစ်သည်။
ထို့ကြောင့်တရားမျှတမှု၊ တန်းတူညီမှု၊ လွတ်လပ်မှုတို့ကို အခြေခံ၍ ပင်လုံကတိ၊ ပင်လုံစိတ်ဓာတ်၊ ပင်လုံစာချုပ်နှင့်အညီ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်များ အပြည့်အဝရှိသော ပြည်ထောင်စုကို တည် ဆောက်သွားရမည်ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ဆိုသည်။ လွှတ်တော်အတွင်း ဆောင်ရွက်နေသည့် ၂၀ဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို နားစွင့်ထားကြရန်လည်း PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က တိုက်တွန်းထားသည် ဟု သတင်းအရ သိရသည်။ လက်ရှိရခိုင်ပြည်နယ်၌ တပ်မတော်နှင့် တိုက်ပွဲဖြစ်နေသည့် AA အပါအဝင် ညီနောင် မဟာ မိတ် ၃ ဖွဲ့က မတ်လ ၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ တဖက်သတ် အပစ်ရပ် သက်တမ်းတိုးကြောင်း ၄ ကြိမ် မြောက် ကြေညာခဲ့သည်။ တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် အမြန်ဆုံး လက်မှတ်ထိုးရန်လည်း ညီနောင် မဟာ မိတ် ၃ ဖွဲ့က တိုက်တွန်းထားသည်။
ဖေါ်ပြပါ မြေပြင်တွင် ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကို လေ့လာပါက၊ တပ်မတော်သည် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီစာချုပ် ( NCA) လက်မှတ်ရေးထိုးထား သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) နယ်မြေနှင့် RCSS/ SSA ထိန်းချုပ်ရာ နယ်မြေတို့တွင် စစ်ရေးပဋိပက္ခများ ဆက်ဖြစ်နေဆဲရှိသည်ကို တွေ့ ရသည်။ ရခိုင်ပြည်နယ် အခြေအနေကလည်း တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲပြင်းထန်နေသဖြင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၌ ရိက္ခာ ပြတ်လပ်နေသည်ဟု သတင်းများပေါ်ထွက်နေသည်။ ထိုအတောအတွင်းမှာပင် ရက္ခိုင့်တပ်တော် AA ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ကိုးကန့်တပ်ဖွဲ့နှင့် တအာင်းအမျိုးသား လွတ်မြောက် ရေးတပ်ဦး TNLA (ညီနောင် မဟာမိတ် ၃ ဖွဲ့)တို့က အပစ်အခတ် ရပ်စဲရေးစာချုပ် အမြန်လက်မှတ်ထိုးရန် တိုက်တွန်းနေ သည်။ ယင်းအခြေအနေကို အစိုးရနှင့် တပ်မတော်တို့အနေဖြင့် အမြော်အမြင်ရှိရှိ ညှိနှိုင်းသင့်သည်။ သာသည် နာသည်ဟု တွက်ချက်မနေဘဲ တိုင်းပြည်အကျိုး၊ ပြည်သူ့အကျိုး ရှေ့တန်းတင်၍ ယာယီမျှဖြစ်စေ အပစ်အခတ်ရပ်ရန် ကြိုးပမ်းသင့် သည်။ အပစ်အခတ်ရပ်စဲခြင်းက ပြည်သူလူထုအား ဆင်းရဲဒုက္ခမှ လွတ်မြောက်စေမည်။ ငြိမ်းချမ်းရေးက နိုင်ငံအား ဖွံ့ဖြိုး တိုးတက်ရေး လမ်းပွင့်စေမည်။ ထို့ကြောင့် စဉ်းစားတွေဝေမနေသင့်ဘဲ အပစ်လည်းရပ်၊ နိုင်ငံရေးဆွေးနွေးပွဲလည်း စတင် ရန် အခွင့်ကောင်းဖြစ်သည်။ ဤအခွင့်ကောင်းကို လျစ်လျူ မပြုဘဲ ဖမ်းဆုပ်အသုံးချသင့်သည်ဟု သုံးသပ်မိသည်။။။
၉- ၃-၂၀၂၀။ တနင်္လာ နေ့ထုတ် ဒီလှိုင်း စာစောင် အတွဲ ၉၊ အမှတ် ၁၀၊ ၌ ဖေါ်ပြသည့် ဆောင်းပါး။