ဧရာ(မန္တလေး) - ပလိပ်နဲ့ သွားမပေါင်းဖို့
ဧရာ(မန္တလေး) - ပလိပ်နဲ့ သွားမပေါင်းဖို့
(မိုးမခ) မတ် ၄၊ ၂၀၂၀
ကမူးရဲ့ ပလိပ်ဝတ္ထုက စာသားအချို့ပါ။
ကျွန်တော်တို့လည်း ဝူဟန်ဗိုင်းရပ်ကပ်ကနေ သင်ခန်းစာ အချို့ရကောင်း ရနိုင်ပါလိမ့်မယ်။ ပုထုဇဉ် လူသားတိုင်းမှာ ဣဿာ မစ္ဆရိယ ဒေါသ အာဃာတ မာန်မာန စတဲ့ ရောဂါပိုးမွှားတွေ မကင်းကြပါဘူး။ ကိုယ့်ဆီက ရောဂါတွေကို သူတပါးဆီကို မကူးစက်ရအောင် သတိတရားနဲ့ နေနိုင်တဲ့သူကိုပဲ (ကမူးရဲ့ ဝတ္ထုထဲက ဇာတ်ကောင် တာရို အလိုအရ) သူတော်ကောင်းလို့ခေါ်ရမှာပါ။ အထွေအထူး စာမဖွဲ့တော့ပါဘူး။

ဒီကူးစက်ရောဂါကနေ ရလိုက်တဲ့ သင်ခန်းစာကတော့ ဆရာနဲ့အတူ တွဲပြီး တိုက်ရမယ်ဆိုတာထက် ဘာမှ အထူးအဆန်း မရှိလှပါဘူး။ ဟုတ်ပါတယ် ဆရာ။ ကျွန်တော် လောကကြီး အကြောင်း ဂဃဏန သိတယ်လို့ သေချာ ပြောနိုင်ပါတယ်။ ကျွန်တော်တို့ အားလုံးရဲ့ အတွင်းသန္တန်မှာ ပလိပ်ရောဂါ ရှိနေတယ်ဆိုတာ သေချာ သိပါတယ်။ ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ တဦးတယောက်မှ မကင်းကြပါဘူး။ အခြားတစ်ဦးရဲ့ မျက်နှာဆီကို ကျွန်တော်တို့ အမှတ်တမဲ့ ရှုထုတ်လိုက်တဲ့ လေတွေကနေ သူတို့ကို ရောဂါ မကူးစက် မပြန့်ပွားမိစေဖို့၊ ကျွန်တော်တို့ကို ကျွန်တော်တို့ အထူးသတိကပ် နေကြရမှာပါ။ ရောဂါပိုးကတော့ သဘာဝပေါ့။ ကျန်တာတွေကတော့ ... ပြောမယ်ဆိုရင် ကျန်းမာရေး, သိက္ခာသမာဓိနဲ့ စင်ကြယ်မှုတွေကတော့ လူ့ရဲ့ အလိုဆန္ဒနဲ့ သတိတရားက ပေါက်ပွားလာတဲ့ အရာတွေပါပဲ။ ကိုယ့်ဆီက ရောဂါကို အခြားဘယ်သူ့ကိုမှ ကူးစက်အောင် မလုပ်တဲ့ သူတော်ကောင်းဆိုတာက သတိလစ်ဟင်းမှု အနည်းဆုံး လူပါ။
ကျွန်တော်ပြောချင်တာက ဒီကမ္ဘာပေါ်မှာ ရောဂါပြန့်ပွားစေသူနဲ့ ရောဂါဒဏ်ခံရသူလို့ နှစ်မျိုး ရှိတယ်။ အတတ်နိုင်ဆုံး ရောဂါကူးစက်ပြန်ပွားစေတဲ့ အုပ်စုကို အားမဖြည့် မပူးပေါင်းမိစေဖို့ ဆိုတာကတော့ ကျွန်တော်တို့ အပေါ်မှာ တည်ပါတယ်။
( Camus - The Plague)