Breaking News

စစ်ငြိမ်းအေး - ငယ်မူလက်ရာ၊ ဘယ်ခါမမေ့၊ ရှာမတွေ့ခဲ့


စစ်ငြိမ်းအေး - ငယ်မူလက်ရာ၊ ဘယ်ခါမမေ့၊ ရှာမတွေ့ခဲ့

(မိုးမခ) မတ် ၄၊ ၂၀၂၀

စစ်ငြိမ်းအေး အသက် ၁၅-နှစ် အရွယ်က ငယ်မူလက်ရာ ပန်းချီ။
ဝါဒ ဖြန့်ချိရေး ပို့စကဒ် (၁၉၇၁) (1st Anniversary Of The First Congress Of The Burmese Socialist Programme Party; Burma(1971) (File Photo))

ခု၊ရေစက်မကုန်သေးလို့ အွန်လိုင်းပေါ်မှာ 'အမယ်မင်း မသေလို့တွေ့ရ' ရွှေထုပ်ကြီးကောက်ရတယ်လို့ အိပ်မက်မက်ပြီး လန့်နိုးခဲ့ရသလိုပါဘဲ။ လွမ်းရမဲ့ အဖြစ်တွေ လွမ်းလိုက်ရတာလေ။

အဲဒါ-ပန်းချီသင်တန်း ဒုတိယနှစ်အစမှာ ဆရာကြီးဦးအေးကျော် ( 'ကျွန်တော့ဘဝ ဥယျာဉ်မှူး') က
ရွေးချယ် တာဝန်ပေးလို့ ဆွဲခဲ့ရတာ။ 

လွတ်လပ်ရေးနေ့အတွက်၊ ဟံသာဝတီ ကထုတ်တာ၊ အယ်ဒီတာချုပ် ဦးဝင်းတင်က ဘိုင်နိမ်းနဲ့ရီကွက်လုပ်တာလို့လည်း ဆိုသေးရဲ့။

ပထမဆုံး ပုံနှိပ်ပို့စ်ကဒ် ဆွဲခွင့်ရလို့ ပျော်လိုက်တာ၊ ခုလည်း အလွမ်းနှင့်အတူ၊ထပ်တူ ပျော်ရပြန်တယ်။

ပန်းချီကျောင်းသား မောင်စိန်အေး ကနေ ၊ ဘဝခရီးကြမ်း လမ်းပေါ်ရောက်တော့ ပန်းချီစစ်ငြိမ်းအေး၊

စိန်အေး ( SEIN AYE )ဆိုတာ ဒီနေ့ စစ်ငြိမ်းအေးရဲ့ ငယ်နာမည်။