Breaking News

သော်တာစံ (ကလေး) - မြေကြီးအောက်ကလူသတ်သမား

မြေကြီးအောက်ကလူသတ်သမား
သော်တာစံ (ကလေး)
(မိုးမခ) မတ် ၅၊ ၂၀၂၀ နိုင်ငံရဲ့ သုံးပုံတစ်ပုံကို မြေမြှုပ်မိုင်းတွေ သိမ်းပိုက်ထားတယ် သံသယရဲ့သားကောင် ပြည်သူတွေ ဝမ်းရေးနက်နေဆဲ ပြည်သူတွေ ဘယ်လို လှုပ်ရှားရုန်းကန်ရမှာလဲ သူ့ထောင်ချောက်မှာ သူလည်း မိသွားနိုင်တယ် ကိုယ်လည်း မိသွားနိုင်တယ် ကျောင်းသွားတဲ့အခါ လယ်ထဲသွားတဲ့အခါ လက်ဖက်ခူးသွားတဲ့အခါ ခြေတစ်ဖက်ကို ပေးလိုက်ရ အသက်တစ်ချောင်းကို စွန့်လိုက်ရ ဝေဒနာတွေ ဝေယူမယ့်သူ မရှိတော့ အစာအိမ်တွန်းပို့တဲ့ဆီ ချီတက်ခဲ့ရပြန်ပြီ အသက်ကို အလုပ်နဲ့ ထုပ်မရတော့ ဘာနဲ့ ထုပ်ထားရမှာလဲ... မြေမြှုပ်မိုင်းက စောင့်ကြိုနေပြန်ပြီလား အဖြေမဲ့နေတဲ့ မေးခွန်းကို ... ။ 29 02 2020