Breaking News

မောင်လူပေ - အနောက်က ကိုရိုနာ ပိုဆိုးဆိုးလာ (၂၉၊၀၃၊၂၀)



မောင်လူပေ - အနောက်က ကိုရိုနာ ပိုဆိုးဆိုးလာ (၂၉၊၀၃၊၂၀)

(မိုးမခ) မတ် ၃၀၊ ၂၀၂၀

လူခုနှစ်သိန်းကျော်သို့ကူးစက်ခဲ့ပြီး သုံးသောင်း သုံးထောင်ကျော်သေဆုံးခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင် ကူးစက်မှုကို မထိန်းနိုင်ပဲ အဆိုးဆုံးအခြေအနေကို ကြုံရပါက သန်းပေါင်းများစွာကူးစက်ခံရပြီး လူဦးရေ တစ်သိန်းမှ နှစ်သိန်းကြားအထိ သေဆုံးကြမည်ဖြစ်ကြောင်း နိုင်ငံ၏ဆရာဝန်ချုပ်(ညွှန်ချုပ်)က ပြောသည်။ ကာကွယ်ရေးပစ္စည်းများ တစ်ပတ်စာခန့်သာ ကျန်ရှိတော့သည်ဟုဆိုသည်။ လောလောဆယ်တွင် အမေရိကန်ပြည်ထောင်စု၌ လူဦးရေတစ်သိန်းသုံးသောင်းကျော်ကူးစက်ခံနေရပြီး နှစ်ထောင့်လေးရာကျော် အသက်ဆုံးခဲ့ပြီဖြစ်၏။

အင်္ဂလန်ပြည်၌လည်း အခြေအနေပြည်လည်တည်ငြိမ်ရန် ခြောက်လခန့် အချိန်ကြာမည်ဟု ကျန်းမာရေးအရာရှိများက ဆိုသည်။ နှစ်သောင်းနီးပါးကူးစက်ခံနေရပြီး တစ်ထောင့်နှစ်ရာခန့် အသက်ဆုံးခဲ့ရသည်။

ဂျပန်နိုင်ငံ၊ စင်္ကာပူနိုင်ငံစသည်တို့တွင်လည်း ကူးစက်မှုများ ထပ်မံတိုးလာသဖြင့် ဂရုထားပြီး ကာကွယ်နေကြသည်။

ရုရှားနိုင်ငံမြို့တော် မော်စကိုမြို့လည်း မြို့ကြီးတစ်ခုလုံး ပိတ်ဆို့ကာကွယ်မည်ဟုဆိုသည်။

အီတလီနိုင်ငံတွင် တစ်ရက်အတွင်း(၇၅၆)ဦးသေဆုံးသဖြင့် သေဆုံးမှုအနည်းငယ်ကျဆင်းလာ၏။ တစ်သောင်းတစ်ထောင်နီးပါး သေဆုံးခဲ့ရပြီ။

မြန်မာပြည်တွင်လည်း ယိုးဒယားပြန်တစ်ဦးနှင့် တောင်ညွန့်လူနာအမှတ်(၅)ထံမှ ကူးစက်ခံရသည့် ရပ်ရွာအတွင်းကူးစက်မှုတစ်ဦးတွေ့ရသဖြင့် ဆယ်ဦးခန့်ကို ကူးစက်ခံရကြောင်း တွေ့ထားရသည်။

သမ္မတထရန့်လည်း နောက်ဆုံးမှာတော့ အဖြစ်မှန်ကို သဘောပေါက်လာပြီ။

ဒီဗိုင်းရပ်ကို မထိန်းနိုင်ရင် အမေရိကန်တွေ သိန်းနဲ့ချီပြီးသေမယ်လို့ ဆရာဝန်ချုပ် Surgeon General ကိုယ်တိုင်က ပြောလာ တဲ့အတွက် အီစတာမှာ အလုပ်ပြန်လုပ်စေမဲ့ အစီအစဉ်အားလက်လျှော့လိုက်ပြီ။ ဝေးဝေးနေကြပါ social distancing စည်းကမ်းချက်များကို ဧပြီလကုန်အထိ ရက်သုံးဆယ် သက်တန်းတိုးပါသည်။

ဂရုစိုက်ကြပါ။