Breaking News

နေလင်း - မျက်ရည်ဖြောင့်ချက်

ရဲထွန်း ဖေ့ဘုတ်မှ ...
မျက်ရည်ဖြောင့်ချက်
နေလင်း
(မိုးမခ) မတ် ၃၁၊ ၂၀၂

အိမ်ပြန်ရတာ
ဘယ်တစ်ခါမှမလွယ်ဘူးငါ့အကို
ဟိုမှာ
ရင်ဆိုင်မတတ်လို့
ပြန်တော်ပြည်တဲ့ ဘဝတွေမဟုတ်ဘူး

အခုသင်္ကြန်ပြန်လာတာ
ကိုရိုနာနဲ့အချိန်းအချက်မရှိဘူးငါ့အကို
အခု
မိသားစုတွေစိတ်ပူရ
ပါလာသမျှလေးတွေပဲ့ရ
တိုင်းပြည်ရဲ့တရားခံလိုလိုအပြောခံရ
ကိုယ်တိုင်အကူးစက်ခံရဖို့က လက်တစ်ကမ်းဘဝ

ပျော်လို့နေရတာမဟုတ်တဲ့အရပ်မှာဆိုတော့
အလွမ်းပြေရုံ ခဏပြန်လာမိတာပေါ့ငါ့အကို
ဟိုမှာ အထုအထောင်းခံနိုင်မှ
ဒီကမိသားစု အာညောင်းအောင်လွေးကြရတာ

ခြိုးခြံရဲတဲ့သတ္တိနဲ့
ရောင့်ရဲရုံးကန်နိုင်မှ အသိုက်ကအသက်ဆက်ရတာငါ့အကို
ပြည်ပအားမကိုးရင်
တော်လှန်ရေးတောင်လုပ်လို့မရတဲ့ နိုင်ငံတော်မှာ
အတူမွေးခဲ့ကြရတာလေ

ဒီရောဂါဆိုးကို
အချို့ခေါ်လာတာမှန်တယ်ငါ့အကို
ပျော်ပျော်ကြီးတော့မဟုတ်ဘူး
ပြည်ပသွားခဲ့သူတိုင်း
ကျန်းမာရေးအသိပညာမရှိဘူးငါ့အကို
ယဉ်ကျေးစွာပူးပေါင်းဆောင်ရွက်ဖို့
အချို့မှာအားနည်းချက်တွေနဲ့ငါ့အကို
ခင်များဆဲနေလဲ ဘာမှမထူးဘူး
ကျွန်တော်ငိုနေလဲဘာမှမထူးဘူး
အကိုပြောနေ ဆိုနေ ငိုနေရင်လဲ
ဘာမှထူးလာမှာမဟုတ်ဘူး
ဒီကပ်ဆိုးကိုရလဒ်ကောင်းထွက်အောင်
နားလည်တက်ကျွမ်းသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ရအောင်
ကျနော်တို့သွားကြရအောင်လား
ငါ့အကို ။ ။

နေလင်း