Breaking News

ဆောင်းယွန်းလ - "ဗိုင်းရပ်စ်ဟာ ကိုရိုနာဝတ်ရုံကြီးကိုခြုံလို့"



ဆောင်းယွန်းလ - "ဗိုင်းရပ်စ်ဟာ ကိုရိုနာဝတ်ရုံကြီးကိုခြုံလို့"

မိုုုုုးမခ၊ မတ်် ၈၊ ၂၀၂၀ 

ဗိုင်းရပ်စ်ဟာ
ကိုရိုနာဝတ်ရုံကြီးခြုံပြီး ငါတို့မြို့လေးဆီကိုလာနေပြီလား
ဈေးပေါ်မှာ ဆိုင်တွေကုန်သွားပြီး
ဆိုင်ပေါ်မှာ ဈေးပစ္စည်းတွေကုန်သွားပုံဟာ မျက်ဝါးထင်ထင်

ရိုးရွိုက်စ်ဘော်လဗိုနဲ့မာစီဒီးတွေဟာ
လူတိုင်းစီးချင်ကြတဲ့ ကားကြီးတွေပေါ့
ကိုရိုနာကျတော့မှ ဝေးဝေးရှောင်ရှား အပြေးအလွှားဘဲ

မျက်နှာဖုံးတွေစွပ်ထားလည်း
ဓါးပြလို့ထင်ယောင်ထင်မှားဖြစ်စရာမလိုတဲ့ ခေတ်ကာလကြီး
စစ်မြေပြင်ထဲကကျည်ဆံဟာ စစ်သားကိုမှန်ပြီး
ဆေးရုံပေါ်ကကျည်ဆံက ဆရာဝန်ကိုမှန်တယ်

အားလုံးကတော့ မှန်မှန်ပစ်နေကြတာချည့်ဘဲ
မကောင်းသူထိပ် ကောင်းသူထိပ်ဆိုတော့
ကောင်းကောင်းမကောင်းကောင်း နောက်ဆုံးမှာနေရင်သက်သာမယ်

ကယ်တင်ရှင်ဘုရားသခင်က
လူတစ်သန်းလောက်ကို ကောင်းကင်ဘုံခေါ်သွားမယ်လို့ယုံကြည်သူတွေနဲ့
ငါတို့ကျမှ ဒုတ်ပြီးဓါးပြီး ဗိုင်းရပ်စ်ပြီးတယ်လို့ထင်မှတ်သူတွေနဲ့
တကိုယ်ကောင်းသမားတွေရဲ့
စီးပွားဖြစ်ပစ်လွှတ်လိုက်တဲ့ကျည်ဆံမှာ ကပ်ပါလာတဲ့ ပိုးမွှားတွေဆိုတော့
ရိုးရိုးသားသားနဲ့ကြိုးစားရှာဖွေရမယ့် ဆေးဝါးက
အသက်ရှင်သန်ခွင့်ဆီကိုရောက်လာဖို့နဲနဲတော့ကြာမယ်

ရွာဖြစ်သွားတဲ့ ကမ္ဘာကြီးထဲမှာ
အရာအားလုံးဟာ နီးနီးလေးဘဲ
အလယ်မှာထိုင်ရင် ဒိုင်စားပြီး
အစွန်းမှာထိုင်နိူင်သူတွေ အမြတ်ရသွားတဲ့ စစ်အေးကာလဟာ
လောလောဆယ်မှာတော့ ကိုရိုနာဝတ်ရုံကြီးကိုခြုံလို့

အန္တရာယ်ကို လုံအောင်ပုန်းဖို့အတွက်
ဦးနှောက်နဲ့ဆင်ခြင်ပြီး နှလုံးသားနဲ့စဉ်းစားနေရဆဲ။

ဆောင်းယွန်းလ