Breaking News

သစ်််််််််််ကောင်းအိမ်် - ဆိုးဖော်မိုက်ဖက်တွေအတွက် ကဗျာတပုဒ်



သစ်််််််််််ကောင်းအိမ်် - ဆိုးဖော်မိုက်ဖက်တွေအတွက် ကဗျာတပုဒ်

(မိုုုုုးမခ) မတ် ၈၊ ၂၀၂၀

လွန်ခဲ့တဲ့နှစ်က ဒေါက်တာလှခိုင်( ကဗျာဆရာ အာဂ္ဂမဏ်း ) ကွယ်လွန်ခါနီး စျာပနမှာဝေဖို့ ကဗျာတပုဒ်ပေးဖို့ ကျနော့်ညီအကို ရဲဘော်ကဗျာဆရာ လွင်ဦးခိုင်မြဲနဲ့ ကဗျာဆရာခက်ထဏ် ( ကောင်းဝင်းရှိန်) တို့ လှမ်းတောင်းလို့ ကဗျာတပုဒ်ရေးရင်း အဲဒီကဗျာထဲကမှ ကဗျာတပိုဒ်ကို လှမ်းပို့ ပေးခဲ့ပါတယ်။ ဒေါက်တာလှခိုင်စျာပန လက်ကမ်းစာစောင်မှာ ...

" တယောက်ကိို
တယောက် လွမ်းဖို့
ကျန်းမာမှ ဖြစ်မယ်"

ဆိုတဲ့ ကဗျာအပိုဒ်ကို ဖော်ပြခဲ့ပါတယ်။

တကယ်တော့ ရဲဘော်ဆိုတဲ့ စကားလုံးဟာ ကျနော်နဲ့ စိမ်းသလို ကျနော့်အတွက် သုံးစွဲဖို့ ဝန်လေးခက်ခဲရတဲ့ စကားလုံးတလုံးလည်းပဲ ဖြစ်ပါတယ်။

သေချာစဉ်းစားကြည့်တော့လည်း သူငယ်ချင်း မိတ်ဆွေဆိုတဲ့စကားလုံးတွေထက် " ရဲဘော်" ဆိုတဲ့ စကားလုံးက ပိုပြီးလေးနက်တိကျခိုင်မာတဲ့ အဓိပ္ပာယ်ကို သက်ဝင်စေပါတယ်။

ကဗျာက ရေးလက်စတန်းလန်းပါပဲ။

ကိုယ့်စိတ်ထဲစီးကျလာသမျှ အရင်းတိုင်းချရေးထားတဲ့ စိတ်ကူးရင်ခုန်မှု သက်သက်မျှပါပဲ။

ခုလို မျက်နှာကြက်ဖြူဖြူကို ငေးစိုက်ကြည့်ရင်း အိပ်၍မပျော်သောညများရဲ့ သတိတရရှိမှုတွေကို ရည်ညွန်းလိုက်ပါတယ်။

ကျနော်နဲ့ ဆိုးဖော်မိုက်ဖက်တို့ ချမ်းသာကိုယ်စိတ်မြဲကြပါစေ။

လက်တကမ်း ချောတိုင်ထိပ်က တံခွန်တလူလူကိုလည်း လက်ထဲဆုပ်ကိုင် ပိုင်ဆိုင်နိုင်ကြပါစေ။


ကျန်ရစ်သူ ရဲဘော်အပေါင်းသို့

ကောက်စိုက်တေးတွေ
မွှေးမြဖို့
ကျန်းမာမှဖြစ်မယ်

ခေါင်းလောင်းသံတွေ
ကျောင်းတက်ချိန်မှန်ဖို့
ကျန်းမာမှဖြစ်မယ်

ဘုရားကျောင်းကန်တွေမှာ
ဆည်းလည်းသံဝေဆာဖို့
ကျန်းမာမှဖြစ်မယ်

စက်ရုံကြီးတွေ
နှလုံးခုန်မရပ်ဖို့
ကျန်းမာမှဖြစ်မယ်

စျေးကွက်တွေ
အပြေးသွက်ဖို့
ကျန်းမာမှဖြစ်မယ်

လုပ်အားတွေ
မရပ်နားဖို့
ကျန်းမာမှဖြစ်မယ်

မဂ္ဂင်လမ်းတွေ
ဖြောင့်တန်းဖို့
ကျန်းမာမှဖြစ်မယ်

ရန်သူမျိုးငါးပါးကို
တွန်းလှန်ဖို့
ကျန်းမာမှဖြစ်မယ်

နာဂစ်ဖွဲ့စည်းပုံကို
မီးပုံရှို့ဖို့
ကျန်းမာမှဖြစ်မယ်

သံလွင်ရောင်ယူနီဖောင်းကို
အဓိပ္ပာယ်ပြောင်းပစ်ဖို့
ကျန်းမာမှဖြစ်မယ်

ဘောင်းဘီချွတ်တွေ
လွှတ်တော် မတက်ဖို့
ကျန်းမာမှဖြစ်မယ်

သူခိုးဓားမြမရှိတဲ့
အစိုးရရှိဖို့
ကျန်းမာမှဖြစ်မယ်

လေးမြားလက်နက်တွေမပါတဲ့
အနာဂတ် ကမ္ဘာကို
ကလေးတွေဆီ လက်ဆင့်ကမ်းဖို့လည်း
ကျန်းမာမှဖြစ်မယ်

လိင််််််််ခွန်အားကို
ပြသဖို့
ကျန်းမာမှဖြစ်မယ်

မဂ်ဉာဏ်ဖိုလ်ဉာဏ်
ရဖို့
ကျန်းမာမှဖြစ်မယ်

တယောက်ကိို
တယောက် လွမ်းဖို့လည်း
ကျန်းမာမှဖြစ်မယ်

၊ ဇူလိုင် ၂၀၁၉ ၊