Breaking News

ကိုသန်းလွင် - အရွှေ့မှားသော မဟာသီယာ


ကိုသန်းလွင် - အရွှေ့မှားသော မဟာသီယာ

(မိုးမခ) မတ် ၁၆၊ ၂၀၂၀

(၁)
အခြေအနေများသည် မှန်ကန်ပါက နိုင်ငံရေးအရ အနားယူခြင်း၊ ရာထူးမှနုတ်ထွက်ခြင်းတို့သည် ကျန်ရစ်သူတို့ အတွက် အကျိုးကျေးဇူးများ နိုင်ပါသည်။ ရာထုးမှထွက်မည့်သူကတကယ်ထွက်ရန်ရည်ရွယ်သည်ဖြစ်စေ၊ မရည် ရွယ်သည်ဖြစ်စေ ကောင်းသောအကျိုးသက်ရောက်မှုကတော့ရှိမှာ သေချာပါသည်။

ဤကိစ္စမှန်ကန်ကြောင်းကို ၂၀ဝ၂ခုနှစ်က မလေးရှားဝန်ကြီချုပ် မဟာသီယာ ကြုံခဲ့ပြီးပါပြီ။ ထို့ကြောင့်အရေးကြီး မေးခွန်းပေါ်လာရသည်မှာသူ၏စိတ်ထဲတွင် ၂၀၂၀ခု ဖေဖော်ဝါရီလ ၂၄ ရက် နှုတ်ထွက်မည်ဆိုတုန်းကဘာတွေ ဖြစ်ခဲ့သလဲဆိုတာဘဲဖြစ်ပါသည်။

(၂)

သူနုတ်ထွက်မည်ဆိုခြင်းသည် အနိုင်ရသူ့ပါတီ (PH-Pakatan Harapan) ၏ စည်းလုံးမှုနှစ်နှစ်မျှပင်မခံဘဲတကွဲ တပြားစီ ပျက်ပြားခဲ့သောကြောင့်ဖြစ်ပါသည်။ ပြိုကွဲရပုံမှာ ရွေးကောက်ပွဲနိုင်သည့်ပါတီအား နောက်ပိုင်းမှခြေထိုး နှောင့်ယှက်မှုများကြောင့်ဟုယူဆရသည်။

သူ့စိတ်ကို ဘယ်လိုအကြောင်းအရာတွေက ဖိစီးခဲ့သည်ကို မသိနိုင်ခဲ့ပါ။ သို့သော်ဘုရင်မှ မူဟီဒင် ယာစင် (Tan Sir Muhyiddin Yassin) ကိုဝန်ကြီးချုပ်အသစ်အနေဖြင့်အစားထိုး ခန့်အပ်ခဲ့ပြီးဖြစ်ပါသည်။
လွန်ခဲ့သော တနင်္လာနေ့က သူ၏ ဘလော့တွင်သူရာထူးမှနုတ်ထွက်မည်ဟု ပြောလိုက်ကတည်းက ဤအခက် အခဲမှာစတင်ခဲ့သည်ဟု ရေးထားပါသည်။ အကြောင်းပြချက်မရှိဘဲမခိုင်လုံဘဲနုတ်ထွက်ခဲ့ခြင်းမဟုတ်ပါဟု သူက ရေးခဲ့ပါသည်။

၂၀ဝ၂ခုနှစ်က နုတ်ထွက်မည်ပြောစဉ်လည်း ပြဇာတ်ဆန်ခဲ့ပါသည်။ သူထွက်မည့်အကြောင်း သူ့မိန်းမကပင် ကြိုတင်မသိထားပါ။ စကားပြောရင်းတနေရာအရောက် “ကျွန်တော်ဒီနေရာကနေ ပြောချင်တာ ကတော့ ကျွန်တော်နုတ်ထွက်တော့မယ်” ဆိုတဲ့အကြောင်းပါဘဲဟု ဆိုလိုက်သည်။ စကားပြောရင်းနားဖို့ရေတစ်ခွက်ကို မော့သောက်လိုက်သေးသည်။ “ကျွန်တော်က အမ်နို (UMNO) ရဲ့ ခေါင်းဆောင်အဖြစ်ကရောထွက်တာပါ၊ ကျွန်တော်ဟာ ဘာတာဝန်မှ မယူတော့ပါဟု” ဆိုသည်။

ကိုယ်စားလှယ် ၂၀ဝ၀ကျော်ပါဝင်သော အမ်နို အစည်းအဝေးပွဲပျက်စီးသွားပြီး နုတ်မထွက်ဘို့ အော်ကြသည်။ ပါတီ၏ခေါင်းဆောင်များစုဝေးပြီး မျက်ရည်များစီးကျနေသော မဟာသီယာ၏အနားကို ရောက်သွားကြသည်။

အမျိုးသမီးခေါင်းဆောင်မှာ သူ့ဘေးသို့ရောက်လာသည်။ နောက်လူငယ် ဖွဲ့အစည်းခေါင်းဆောင်ပါတီ၏ အထွေ ထွေအတွင်းရေးမှူးချုပ်တို့မှာ အသီးသီး မဟာသီယာ ဘေးကို ရောက်လာကြသည်။ နုတ်ထွက်မည်ဆိုသော ခေါင်းဆောင်ကြီးကို ပြန်လည်စဉ်းစားပါရန် ဖြောင့်ဖြကြသည်။ မိနစ်အနည်းအငယ်အတွင်းမှာ ပင်ပါတီခေါင်း ဆောင်ပိုင်းမှ လူများအားလုံးစင်မြင့်ပေါ်သို့ရောက်သွားကြသည်။

တစ်နာရီမျှကြာသောအခါ အခက်အခဲမှ ကျော်လွှားနိုင်ခဲ့ကြပါသည်။ မဟာသီယာက နုတ်ထွက်ခြင်းမပြုတော့ဘဲ ရာထူးကို ပြန်လည်လက်ခံခဲ့ပါသည်။

ဝန်ကြီးချုပ်ဤကဲ့သို့ပုံစံမျိုးဖြင့် နှုတ်ထွက်ရန်လှုံဆော်သော သီအိုရီအများအပြားရှိကြပါသည်။ သူကိုယ်တိုင် ရှင်း ပြသည်မှာသူသည်ဒီရာထူးမှာ အနေကြာလာပြီဖြစ်ကြောင်း၊ ယုတ္တိမခိုင်မာသည်မှာသူ့ကိုဆက်ခံမည့် သူကိုရွေး ချယ်ထားခြင်းမရှိသေးခြင်းက သက်သေခံနေပါသည်။ မြန်မြန်ဆန်ဆန် လုပ်စရာအကြောင်းမရှိဘဲ ဤအလုပ်မျိုး မှာတပည့်များနှင့် တိုင်ပင်၍စဉ်းစဉ်းစားစားလုပ်ရန်သင့်ပါသည်။ မည်သို့ပင်ဆိုစေထိုနေ့ကမဟာသီယာအဖို့ကြီး့ စွာသော လူထု၏ထောက်ခံမှုကိုရလိုက်သည်ကတော့ အမှန်ပင်ဖြစ်ပါသည်။

သူ့အဖို့ ဤကဲ့သို့နုတ်ထွက်ရန်ကျိုးစားခြင်းကြောင့် သူ့ကိုဝေဖန်သူများကို သူ့နောက်မှာ အင်အားဘယ်မျှရှိသည် ကို ပြလိုက်ခြင်းဖြစ်ပါသည်။

ယခု ၂၀၂၀နုတ်ထွက်ခြင်းမှာ တံခါးပိတ် ၍တိတ်တိတ်ဆိတ်ဆိတ်လုပ်ခဲ့ခြင်း ဖြစ်သဖြင့် သူ့ကိုမထွက်ပါနဲ့ဟု တားသူများမပေါ်ပေါက်ခဲ့သော်လည်း တူညီသည့် အချက်များက ရှိနေဆဲပင်ဖြစ်ပါသည်။

၂၀ဝ၂ကနုတ်ထွက်ခြင်းကိုကြည့်၍ ၂၀၂၀နုတ်ထွက်ခြင်း၏နောက်ကွယ်တွင်ရှိသော တွေးခေါ်ခြင်းကို မြင်နိုင် သည်။ လွန်ခဲ့သော နှစ်ပါတ်အကြာက သူ၏ခေါင်းဆောင်မှုကို ချဲ့လင့်လုပ်သော အဖြစ်ကိုကြုံခဲ့ရပါသည်။

၏မစ္စတာမူဟီဒင်နှင့် မစ္စတာအက်ဇမင် (Azmin Ali) တို့သည် ပီအိပ်ချ ပါတီမှထွက်ခွာပြီး အမ်နို နှင့် အစ္စလန်ပါတီ တို့မှ အင်အားစုများနှင့်ပူးပေါင်းခြင်းတို့ကိုမြင်နိုင်ပါသည်။ ထိုအင်အားစုများက မဟာသီယာကို ဝန်ကြီးချုပ်အဖြစ် လက်ခံထားသော်လည်း သူ့လက်ထောက်အန်ဝါအီဗရာဟင်(Anwar Ibrahim)နှင့် ဒီမိုကရက်တစ်အက်ရှင်ပါတီ (DAP) ကိုချန်လှပ်ထားခဲ့ပါသည်။

ဤသို့လုပ်ခြင်းဖြင့် အားလုံးအနိုင်ရသကဲ့သို့ (Win – Win) ဖြစ်စေပါသည်။ ဒေါက်တာမဟာသီယာ မှာလည်း ဝန်ကြီးချုပ်ရာထူး ကို ဆက်လက်ချုပ်ကိုင်ထားပြီး အီဂရာဟင်ကိုရာထူးလွှဲပေးရမည့်ကတိစကားမှလွတ်မြောက် မည်ဖြစ်ပါသည်။ မစ္စတာအက်ဇမင်မှာ နောက်ဝန်ကြီးချုပ်အဖြစ်သို့ရောက်ရှိသွားမည် ဖြစ်ပါသည်။ အမ်နိုပါတီမှာ အနိုင်ရသည့်ပါတီဖြစ်သွားပြီး တရုတ်များပါဝင်သည့် ဒီအေပီ မှာ အစိုးရဖြစ်နိုင်ဖို့နည်းလမ်းမရှိတော့ပါ။

မဟာသီယာမှာဤစီမံကိန်းကိုဘယ်တုန်းကသိခဲ့သည်မှာမသေချာသော်လည်းသူမသိဘဲ ဤမျှအရေးကြီးသော လုပ်ငန်းကြီးတခုကိုအစပျိုးလုပ်ကိုင်နိုင်မည်မဟုတ်ပါ။ ဤကဲ့သို့ကြီးကျယ်သည့်လုပ်ငန်းမှာ အစကပင်ပြဿနာ တက်ခဲ့ပါသည်။ အမ်နို နှင့် ပူးပေါင်းမည်ဆိုခြင်းမှာ အမ်နိုမှ လူဘယ်နှစ်ယောက် ယူမည်နည်းဟူသော ပြဿနာ ပေါ်လာသည်။ မဟာသီယာ ကခြစားသောလူများနှင့် မပူးပေါင်းလိုသော ဆန္ဒရှိ ပါသည်။ သူက ပါတီတခုလုံး အနေဖြင့် လက်မခံလို “သူ့ကိုခြစားသူများတွဲ၍မလုပ်နိုင်၊ (Principle )ကို အဖျက်မခံနိုင်ပါ” စီးကျလာသော မျက်ရည်များကိုသိမ်းရင်း ့ပြောပါသည်။

ထို့ကြောင့် ပီအိပ်ချကိုပြုပြင်ရေးလုပ်ငန်းအတွက် အမ်နိုနှင့်မပူးပေါင်းမည့်အစား ပျက်ချင်ပျက်လျင်သူနုတ်ထွက် ၍ပျက် သည်ဆိုခြင်းက ပို၍ကောင်းသည်ဟု ဆိုရပါတော့မည်။ နုတ်ထွက်မည်ပြောလိုက်ခြင်းကြောင့် ၂၀ဝ၂ ကကဲ့သို့ လူထု၏ထောက်ခံမှုကိုရခဲ့လျှင် သူ့အဖို့လုပ်ရကိုင်ရပို၍လွယ်ကူမည်ဖြစ်ပါသည်။
အစကတော့သူ့ကို ဝန်ကြီးချုပ်ရာထူးပြန်ပေးသည်၊ လက်ခံသည်ကို ကြည့်ခြင်းအားဖြင့် ထိုအတိုင်းဖြစ်လာလိမ့် မည်ဟုထင်စရာရှိခဲ့ပါသည်။ ဒီအေပီ ဥက္ကဌ လီဂွမ်အမ် (Lian Guan Eng) ကမူ ဝန်ကြီးချုပ်သည်၊ သူ့စီမံကိန်း ရည်ရွယ်ချက် အတိုင်း အောင်မြင်အောင်ဆောင်ရွက်သင့်သည်ဟု ပြောပါသည်။ သူ့အစီအစဉ်အတိုင်းဖြစ်မည် ဟုယုံကြည်နေသောဝန်ကြီးချုပ်ကညွှန့်ပေါင်းအစိုးရဖွဲ့လျင် ခြစားထားသော လူများမပါဝင်စေရဟူ၍ကန့်သတ်ခဲ့ ပါသည်။

မဟာသီယာ သည်သူ့အကြံအစည်အတိုင်းသူဒီလိုလုပ်လိုက်လျှင် သူ့လူများသည် သူစီစဉ်သည့်နေရာမှာနေ ကြမည်ဟု ထင်လျင်မှားယွင်းပါသည်။ စီစဉ်ညွှန်ကြားသည်များမှာ လွန်သွားခဲ့သည့်နေရာများရှိပါလိမ့်မည်။
ဤတစ်ကြိမ်တွင်မှုသူ့လူများသည်သူမဟုတ်ဘဲ အခြားတစ်ယောက်ကို ဝန်ကြီးချုပ်အဖြစ်တာဝန်ပေးရန်ကြံစည် ခဲ့ကြပုံရပါသည်။ သူ၏ညွှန်ပေါင်းအစိုးရဖွဲ့စီးရေးအကြံစည်ကို ဘယ်သူကမှ လက်သင့်မခံခဲ့ကြပါ။ ဒီအေပီနှင့် အမ်နို တို့ကလည်း သူတို့သည် တစ်ဖက်လူနှင့် လက်မတွဲနိုင်ဟု ရတိပြတ်ပြောခဲ့ကြပြီဖြစ်ပါသည်။

မဟာသီယာ က သူ့အကြံအစည်ကို လူသိရှင်ကြားဖြစ်အောင်ကြေညာမည်ဟု တယ်လီဗီးရှင်းတွင် ကြေညာရန် စီစဉ်သော်လည်း ဖြစ်မလာခဲ့ပါ။ ဘယ်နှစ်ဘက်လုံးက Plan B အတိုင်းသွားကြမည်ဟု ဆုံးဖြတ်ခဲ့ကြပါသည်။ ပီအိပ်ချ အဖွဲ့က မစ္စတာအမ်ဝါကိုထောက်ခံကြပါသည်။ ယခုအခါ Parikatan National အဖွဲ့က မစ္စတာမူဟီဒင် ကိုထောက်ခံကြပါသည်။ သို့သော် အဖွဲ့တစ်ခုစီအတွက် လိုအပ်သော အမတ်နေရာမှာ ၁၂၂ နေရာဖြစ်ရာ (စုစုပေါင်း ၂၂၂ ရှိသည်) မဟာသီယာမှာ ယခုအချိန်အထိ ဘုရင်ကိုရွေးချယ်တင်မြောက်သူ (King Maker) ဖြစ်နိုင်သေးသည်ဟု ယူဆနေခဲ့ပါသည်။ ပါလီမန်ကို အရေးပေါ်ခေါ်ယူပြီးသူဖြစ်ချင်သလို လုပ်ယူနိုင်လိမ့်မည်ဟု ယူဆနေခဲ့သည်။

သို့ပါသော်လည်း မဟာသီယာ အတွက်မှား ခဲ့သည်။ သူ့ကိုမကျေနပ်နေသည်မှာ သူရာထူးရှိစဉ်က မထေမဲ့မြင် လုပ်ခဲ့သော ဘုရင်၏ အခန်းကဏ္ဍဖြစ်ပါသည်။ ယခုဘုရင် ( Sultan Abdullah Riayatuddin Ahmad Shah) မှနှစ်ရက်ကြာအောင်အမတ်များနှင့် ခေါ်တွေ့ပြီးစုံစမ်းခဲ့ရာမှမစ္စတာမူဟီဒင်ကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ကြောင်း ကြေညာခဲ့သည်။

မဟာသီယာ ၏ပါလီမန်ခေါ်ယူမည့်အစီအစဉ်ကို လွှတ်တော်ဥက္ကဌကငြင်းပယ်ခဲ့သည်။ မဟာသီယာ ဘာမှလုပ် စရာကိုင်စရာမရှိတော့ဘဲဖြစ်သွားသည်။ သူယုံကြည်နေသည်မှာပါလီမန်၏ထောက်ခံမှုကို သူ့မှာသာ ရှိနေသည် ဟုဖြစ်သည်။

(၃)
လွန်ခဲ့သောတနင်္ဂနွေနေ့က မစ္စတာမူဟီဒင်မှာဝန်ကြီးချုပ်အဖြစ်ကျမ်းကျိန်ဆိုခဲ့ပါသည်။ မဟာသီယာအဖို့ဝန်ကြီး ချုပ်အဖြစ်ပြန်လာနိုင်ရေးမှာသူ့နောက်ကဆက်ခံသူကိုပါလီမန်တွင်အယုံအကြည်မရှိအဆိုတင်နိုင်မှဖြစ်ပေတော့ မည်။ မစ္စတာမူဟီဒင်က ပါလီမန်ခေါ်ဆိုဖို့ ၂လရွှေ့ဆိုင်းလိုက်သည်။ ဤအတောအတွင်း သူ့ပါဝါ ကိုခိုင်မြဲအောင် လုပ်ရပါလိမ့်မည်။

တကယ်က သူနှုတ်ထွက်စရာအကြောင်းမရှိခဲ့ပါ။ ဘယ်ဥပဒေကမှဝန်ကြီးချုပ်ကို နှုတ်ထွက်ပါဟုမပြောပါ။ သူ့ကို ဘယ်သူတွေက ကန့်ကွက်ပြီး ဘယ်သူတွေကထောက်ခံသည်ဆိုခြင်းကအရေးမကြီးပါ၊ လောလောဆယ်ငြိမ်နေ ရသော်လည်း မဟာသီယာမှာ နိုင်ငံရေးလောကမှ ငြီမ်ငြိမ် သက်သက် ထွက်ခွါသွားမည့်လူမဟုတ်ပါ။

ကိုသန်းလွင်
Ref: Mahathir and the delicate art of the strategic Resignation, By Jeremy Au Yong The Strait Times March 8 2020