Breaking News

အမေရိကန်လည်း ကိုရိုနာဗိုင်းရပ်ကို ဆက်လက်ခုခံနေသည်



အမေရိကန်လည်း ကိုရိုနာဗိုင်းရပ်ကို ဆက်လက်ခုခံနေသည်

မောင်လူပေ၊ (မိုးမခ) ၊ မတ် ၁၆၊ ၂၀၂၀

အမေရိကန်ပြည်ထောင်စုတွင် ကူးစက်ခံရသူ သုံးထောင်ကျော်ရှိပြီး သေဆုံးသူ(၆၀)ကျော်သွားပြီ။

လူငါးဆယ်ထက်ပို၍ လူစုလူ​ဝေးမလုပ်ဖို့ CDC က ကြေညာသည်။

နယူးယော့ခ်ပြည်နယ်ကလည်း ကျောင်းသားတစ်သန်းကျော်သည့် အစိုးရကျောင်းများပိတ်ထားဖို့ ကြေညာသည်။ နယူးဂျာစီကလည်း ကျောင်းတွေပိတ်ပစ်လိုက်ပြီ။ ကယ်လီဖိုးနီးယားပြည်နယ်လည်း ကျောင်းပိတ်ထားပါသည်။

ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးက အသက်(၆၅)နှင့်အထက်များ အိမ်မှာသာနေဖို့ ကြေညာသည်။ ဝိုင်ဘား များပိတ်လိုက်သည်။

အချို့ပြည်နယ်များတွင် စားသောက်ဆိုင်၊ ဘားများအားလုံးပိတ်ဖို့ အမိန့်ထုတ်ထားသည်။

နောက်(၈)ပတ်အတွင်း အဓိကကာကွယ်ကြရမည်ဖြစ်၍ မလိုအပ်ပဲ ခရီးမထွက်ဖို့ ကြေညာသည်။ ကူးစက်မှုများသောနေရာများတွင် ပိတ်ဆို့မှုလုပ်မည်ဆိုသည်။ မကြာမီ အမေရိကန်ပြည်ထောင်စုတွင် နေရာများစွာကို ကန့်သန့်ပိတ်ဆို့တော့မည်မှာ အသေအခြာ။ အမေရိကန်တွေလည်း အစားအသောက်တွေကို အလန့်တကြားဝယ်ယူနေကြဆဲ။

အီတလီတွင် (၂၄)နာရီအတွင်းလူသုံးရာခြောက်ဆယ်ကျော် သေဆုံးပြီး စပိန်တွင်(၂၈၀)ကျော် သေဆုံးခဲ့ရသဖြင့် ဂျာမဏီကလည်း နယ်စပ်ပိတ်လိုက်ပြီ။ ဥရောပတွင် နောက်နှစ်လအတွင်း ကူးစက်မှုအမြင့်ဆုံးရောက်မည်ဟု ခန့်မှန်းသည်။

ရောဂါကြောင့် သေဆုံးသူခြောက်ထောင်ကျော်သွားပြီဆိုသည်။

ဂရုစိုက်ပြီးနေကြပါဗျို့။