Breaking News

တိုးနှောင်မိုး - အာလူးစားသူများနိုင်ငံရေး


အာလူးစားသူများနိုင်ငံရေး
တိုးနှောင်မိုး
(မိုးမခ) မတ် ၁၈၊ ၂၀၂၀ တမံတလင်းပေါ်ကျကွဲဖို့ စစ်ပွဲတွေကိုဘယ်သူခြူဆွဲခဲ့လဲ။ နိုင်ငံတော်ကအော်တယ် သားသတ်ရုံကနွားလို။ နိုင်ငံတော်ကမျက်ရည်ကျတယ် သာသတ်ရုံထဲဝင်သွားတဲ့နွားမကြီးလို။ တရားဥပဒေစိုးမိုးရေးကလက်ကြားရေယို ရေဒီယိုကမုန်တိုင်းသတင်း စိန်းပန်းကနာမည်တမျိုးနဲ့ပွင့်လည်းအနီရောင်။ ပြေးနေတဲ့တိမ်တွေပြာလာတယ် နှုတ်ခမ်းမှာစီကရက်ကမီးမသေ ကလေးမုဒိမ်းကိုခဲနဲ့ပစ်ကြ
ကလေးသူခိုးကိုဖမ်းကြစီးကြ စစ်သတင်းကိုလေညာအရပ်ကအချစ် ခြံစည်းရိုးမှာကင်းပုန်သီးတွေ။ လွှတ်တော်ကိုယ်စားလှယ်သူငယ်ချင်းနဲ့တွေ့တယ် ခိုထက်ငြီးတတ်တာကလွဲပြီး သူလည်းတောင်းနေရတဲ့လူကြီးလူကောင်း လွတ်တော်ရောက်တောင်းသူကြီးပေါ့။ ကျနော့်အာလူးတွေဘယ်သူယူသွားလဲ အခြောက်တစ်ယောက်လိုကတိတွေ
သွားကြားညှပ်နေတဲ့အသားစတွေ အောင်ပွဲကပြန်လာတဲ့သပြေခက်မှာ မုန်လာဥတွေ။ သိပ်မသေချာဘူး အော်သံကနံရံကနေပဲ့တင်မပြန်တာကြာပြီ။ ။