Breaking News

လင်းနွေးအိမ် - ရုပ်ရှင်ဝေဖန်စာ

ရုပ်ရှင်ဝေဖန်စာ
လင်းနွေးအိမ်
(မိုးမခ) မတ် ၁၂၊ ၂၀၂၀

ဗမာကားကြည့်ရသလိုပါပဲ
မင်းသားစရိုက်လဲသိတယ်

မင်းသမီးစရိုက်လဲသိတယ်
လူကြမ်းစရိုက်လဲသိတယ်။

အံ့ကျော်ကြီးနှုတ်ခမ်းတချက်တွန့်ပြီးပြုံးလိုက်တဲ့နောက်ကွယ်မှာ
ရှိုက်သံကြားရမှာလဲသိတယ်။

မင်းသမီးစီးကရက်ငွေ့မှုတ်ထုတ်
ခေါင်းမော့လိုက်ရင်ဘာဖြစ်မလဲဆိုတာလဲသိတယ်။

ဒါရိုက်တာဘယ်သူ
ဇာတ်ညွှန်းဘယ်သူ
မှန်ထိုးမီးထိုးဘယ်သူဆိုတာလဲသိတယ်။

ကျနော်တို့ပရိသတ်မသိတာက
ဒါရိုက်တာနေရာ
မင်းသမီး မင်းသားနေရာ
လူကြမ်းနေရာတွေကို
ဘယ်လိုအစားထိုးၿပီး
ဘယ်လိုဇာတ်ညွှန်းသစ်နဲ့ရိုက်မှ
နိုင်ငံတကာစျေးကွက်မှီမလဲဆိုတာပဲ။

အခုတော့
လူကြမ်းမလဲ
မင်းသမီး မင်းသားမလဲ
ကွမ်းတံတွေးတွေပေနေတဲ့ရုံရှေ့မှာပဲ
ဝေ့လည်ဝေ့လည်ပေါ့။

လင်းနွေးအိမ်
မတ်လ ၁၀ ရက် ၂၀၂၀။