Breaking News

ဆောင်းယွန်းလ - "စိတ်နဲ့ဖောက်မိတဲ့လမ်း"

Khin Lunn's FB



ဆောင်းယွန်းလ - "စိတ်နဲ့ဖောက်မိတဲ့လမ်း"

(မိုးမခ) မတ် ၃၊ ၂၀၂၀

စိတ်ဟာ
ကြိုးတစ်ချောင်းဘဲ
ချည်မတတ်တော့ ဖြေဖို့အခက်တွေ့ရတယ်

ကိုယ့်မာနနဲ့ကိုယ်
မိုးထိအောင်ထောင်ထားမိတဲ့ ‌လှေခါးထစ်များ
အထားအသိုမတတ်တော့ အပိုင်းပိုင်းကျိုးပဲ့ရ
သူခိုးဓါးပြထက်ဆိုးတဲ့ ရန်သူဟာ
အနေအထိုင်မတတ်တဲ့ ကိုယ်ကိုယ်တိုင်ဘဲပေါ့

လက်သီးလက်မောင်းတန်းပြတိုင်းလည်း
သူရဲကောင်းဘွဲ့တံဆိပ်တွေရနိူင်တာမှမဟုတ်ဘဲ
ကိုယ့်စိတ်ကူးနဲ့ကိုယ်ထူးပြီးမူးနေတော့
အဆိပ်ဖြေဆေးကိုလည်း ရှာမတွေ့နိူင်ဘူးပေါ့

တရားအကြောင်းပြောရင်း တရားကိုမေ့နေခဲ့ပုံနဲ့
မှန်ကိုမဲ့ကြည့်ရင်း အပြုံးကိုလိုချင်ခဲ့ပုံတွေ
မယုံကြည်နိူင်စရာ နှစ်ပေါင်းများစွာဟာ
ကိုယ့်အသက်ပေါ်မှာ ဗလာနံပါတ်တွေရေးထိုးခဲ့

ဘာကိုမျှော်လင့်နေရဦးမှာလဲ

မလျော့မတင်းချည်ထားတဲ့ကြိုးပေါ်မှာ
စိတ်ဟာ အနာဘယကင်းလို့။