Breaking News

ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ ၉



ဂျူနီယာဝင်း - ကွန်ပြူတာနည်းပညာတော်လှန်ရေးသို့ ခြေလှမ်းများ ၉

အတွေးအမြင် မတ်လ ၂၀၂၀
(မိုးမခ) မတ် ၃၊ ၂၀၂၀

(2001 ခုနှစ်ထုတ် M. Mitchell Waldrop (အမ် မီချယ် ဝါလ့်ဒရော့) ရေးသားသော The Dream Machine ကို ဘာသာပြန်ထားပါတယ်။ J.C.R. Licklider နဲ့ သူ့ရဲ့ ပါစင်နယ်ကွန်ပြူတာ နည်းပညာတော်လှန်ရေး အကြောင်း ဆိုပါတော့ လို့စာအုပ်မှာ ကြော်ငြာထားပါတယ်။ ဒီစာအုပ်ကို စတင်ဘာသာပြန်စဉ်က “အိပ်မက်ထဲက စက်ပစ္စည်း“ လို့ မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့စာအုပ်ထဲက ခေါင်းစဉ်တွေအတိုင်း ဆက်ဘာသာပြန်ခဲ့ပါတယ် ။ ဒါကြောင့် ဒီစာအုပ်အကြောင်းဟာ ခေါင်းစဉ်အမျိူးမျိူးနဲ့ သွားနေခဲ့တယ်ပေါ့။ စာအုပ်ထဲက ခေါင်းစဉ်တစ်ခုဖြစ်တဲ့ ကွန်ပြူတာ နည်းပညာ တော်လှန်ရေးသို့ ခြေလှမ်းများ ဆိုတဲ့ခေါင်းစဉ်နဲ့ အဲသည်ခေါင်းစဉ်နဲ့ပဲ ဆက်ရေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါမှလည်း အခုဆောင်းပါးများဟာ ကွန်ပြူတာဆိုတဲ့ နည်းပညာတော်လှန်ရေး အကြောင်း ပိုပီး လူတွေ သတိထားမိလာမယ် လို့ယူဆမိပါတယ်။ စာအုပ်ထဲမှာ ကွန်ပြူတာ ဆိုတဲ့ဝေါဟာရတစ်ခု အသက်သွင်းဖို့ကြိုးစားခဲ့တဲ့ လူပုဂ္ဂိုလ်တွေ အများကြီးကို တွေ့ရပါတယ်။ တစ်ယောက်ဆီတိုင်းဟာ သူ့အရည်အချင်းနဲ့သူ ပီပြင်ကြပါတယ်။ ဒါကြောင့် ရှေ့က ဆောင်းပါးများ မသိမမှီလိုက်သောလည်း ဆောင်းပါးတစ်ခုချင်းဆီဟာ သူတို့တွေအကြောင်း သိသာထင်ရှားနေတာကြောင့် ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ကို စာဖတ်သူများကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။ )

(ယခုသည်လမှာတော့ A Confirmed Solitary တကိုယ်တော်သမားကြီး အယ်လန်ကျူရင်း ရဲ့ အဆက် The Physical Embodiment of Purpose အပိုင်းကို ဆက်လက်ဘာသာပြန်ထားပါတယ်။)

ကျူရင်း တစ်ယောက် သူ့နေရပ် အင်္ဂလန်ကို ပြန် ရောက်ပီး သကာလ ၇နှစ်လောက် ဇာတ်မြောနေပီးတဲ့ အချိန်ကနေစပါမယ်။ (သည်တော့ စစ်ကြီးပြီးပီပေါ့ လို့ စာဖတ်သူက မှန်းကြည့်လိုက်ပါနော့်။) သူက Los Alamos (လော့စ်အာမို) ဆိုတဲ့ ဗွန်နယူးမင်း တော်တော်လေး အလေးထားတဲ့ EDVAC စက်ကြီးနဲ့ပဲ ဖက်ပီး နေနေတယ်တဲ့။ John Von Newman (ဂျွန်ဗွန် နယူးမင်း) ကတော့ ကျူးရင်းရဲ့ စက်ကြီးကို သူ့စိတ်ထဲ အတော်လေး သေချာ သဘောကျနေတယ်။ ကျွန်တော်တို့ (အဲဒါက စာရေးဆရာက သူ့ကိုယ်သူ ပြောတာဖြစ်ပုံရပါတယ်) အတွက်တော့ သူ (ကျူးရင်း) ဘာတွေစဉ်းစားနေလဲ ဆိုတာ မသိရတာ ကံဆိုးတာပေါ့။ ဒါပေမယ့်လည်း နယူးမင်းက အဲသည် အင်္ဂလိပ်သားလေး (ကျူးရင်းကိုပြောတာ) အပေါ်မှာ သူနဲ့ စတွေ့ခဲ့တဲ့ ပရစ်စတန်ကနေစလို့ သိပ်ကို အလေးအနက်ထား အားကိုးပါတယ်။ ၁၉ ၃၈ ခုနှစ်ကတည်းက သူ့လက်အောက်မှာနေပေးဖို့ ကြိုးစားခဲ့တယ်။ ကံကောင်းတာက သူ့လို နယ်နှင်ဒဏ်ပေးခံထားရတဲ့ သချာင်္သမားလေး တစ်ယောက်အနေနဲ့ ဗွန်နယူမင်းလို လူကြီးတစ်ယောက်က အခုလို ကမ်းလှမ်းတာကို ကြုံရတာ ထခုန်ဖို့ပဲ ရှိတာပေါ့။ နယူမင်းက ကျူရင်းရဲ့ ထူးခြားပြောင်မြောက်တဲ့ အိုင်ဒီယာတွေကို သဘောကျတယ် ရင်ခုန်တယ်ပေါ့။ ဒါပေမယ့် ကံဆိုးချင်တော့ တဖက်ကလည်း စစ်ကြီးပြီးသွားတဲ့နောက်မှာနယူမင်းရဲ့ အာရုံတွေက ကျူရင်းရဲ့ စက်ကြီးကို မေ့လျော့သွားတယ်။ ပြောရရင်စစ်အတွင်းမှာ သူလုပ်နေရတဲ့သုတေသန တွေက နယူမင်းကို ဘာမှ တခြားအာရုံတွေ မေ့သွားအောင် စွမ်းဆောင်လိုက်တယ်။ ကံကောင်းချင်တော့ သူ့ရဲ့လျော့ပေါ့သွားရတဲ့ နေရာမှာ သူငယ်ချင်းဟောင်းကြီး Norbert Wiener (နိုဘက်ဝီနာ) ဆီကို အလှည့်ပြန်ရောက်သွးတယ်ပေါ့။

၁၉ ၄၀ ခုနှစ်မှာ ဝီနာ ကမ်းလှမ်းခဲ့တဲ့ ကွန်ပြူတာပရောဂျက်ကို Vannevar Bush (ဗန်နဗာဘွတ်ချ် ) က ပယ်ချပစ်ခဲ့သောလည်းပဲ သူက စစ်အတွင်းမှာသုတေသနကို ဆက်လုပ်နေခဲ့တယ်။ ရက်သတပတ်အနည်းငယ် အတွင်းမှာပဲ ဝီနာဟာ စစ်လေယျဉ်ပျံပစ်ခတ်မူကို တန်ပြန်တိုက်စစ်ဆင်တဲ့ ထိမ်းချူပ်မူစနစ်ကို အလေးအနက်ထား အာရုံစိုက် ခဲ့တယ်။ အင်္ဂလန်တောင်ဘက်ပိုင်းမှာ စစ်လေယာဉ်ပျံတွေရဲ့ တိုက်ခိုက်မူကို မြေပြင်မှာ ကြံ့ကြံ့ခံဖို့ ကြိုးစားနေရတဲ့ကာလ ဖြစ်တယ်။ ဂျာမန်ပိုင်းလော့တွေရဲ့ လှည့်ပတ်တိုက်ခိုက်မူကို အင်္ဂလိပ်သေနတ်သမားတွေလည်း ကောင်းကောင်း ပြန်မတိုက်နိုင်ဘူး။ သူတို့ရဲ့ ကျည်ဆံတွေဟာ လေထဲမှာပဲအလဟသ ဖြစ်ကုန်ကြတယ်။ လန်ဒန်အလည်ပိုင်းဒေသမှာ ညတိုင်းလိုလို အဲသည်ရှူံးနိမ့်မူ တွေကို ကြားနေ တွေ့နေကြရတယ်ပေါ့။

အဲသည်အတွက် သေချာတဲ့ အဖြေကတော့ မြန်နှူန်းမြင့် လျှပ်စစ်သုံး အပစ်အခတ်ထိမ်းချူပ်မူ စနစ်လိုဟာမျိူး ရဖို့ပဲ။ အဲသည်အတွက် ရေဒါအချက်အလက်တွေ ရှိရမယ်။ အော်တိုမစ်တစ် ပစ်ပေးမယ့် ဗက်တာပိုင်းဆိုင်ရာ အဆင့်မြင့် တားဂက်လို တိကျတဲ့ မြင်ကွင်းရဖို့လိုတယ်။ အဲသည်လို ပြသနာကို ဖြေရှင်းဖို့ဆိုရင် စနစ်တစ်ခုဟာ ကျည်ဆံကို တိကျသေချာတဲ့ အချိန်မှာ ပစ်နိုင်ဖို့၊ ရန်သူပိုင်းလော့ရဲ့ အလှည့်အကွေ့တွေကို ဖတ်နိုင်ဖို့၊ အချိန်တိုအတွင်းမှာ ရုတ်တရက် ဖြစ်မယ့် အလှည့်အကူးတွေကို ပါ သိနိုင်ဖို့ တွေ လိုအပ်နေတယ်။

မဖြစ်နိုင်ဘူး…. ဟုတ်လား။ အင်း…. ဒါကို ဝီနာက သဘောပေါက်ပါတယ်။ ဘယ်ပိုင်းလော့မှ သူ့ရဲ့ ပစ်လိုက်တဲ့ စက်ဝိုင်းပြတ် လမ်းကြောင်းကို လုံးဝဥသုံ ရုတ်တရက် ထမပစ်ဘူး။ သူက လေ ယောဉ်ပျံရဲ့ သတ်မှတ်ထားတဲ့စံကို အမြဲကြည့်နေတယ် - ဆိုလိုတာကဘယ်လိုလှည့်ပတ်ပျံနေတယ် - သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မူကို ကြည့်တယ် - ဆိုလိုတာက သူဘယ်လောက် မြန်မြန်ပျံနိုင်တယ်၊ သူ့ယာဉ်ကို သူ့လက်မသုံးပဲ လွှတ်ထားလို့ဘယ်လောက် ရနိုင်သလဲ - သူ့ရဲ့ ပျံသန်းမူ စတိုင်နဲ့ သူ့ရဲ့ စွမ်းပကားကို အမြဲသုံးသပ်နေရတယ်။ ဝီနာကအခုလို တွေးတယ် - ပိုင်းလော့တစ်ယောက်ဟာ သူ့ရဲ့ ပစ်မှတ်ထက်ကို ပစ်လိုက်တဲ့ အနေအထား ပုံစံကို ကြိုတင်တွေးဆနေတယ်။ သချာင်္နည်းအရ ပြောရရင် လေယာဉ်ရဲ့ ပျံသန်းမူ ရုတ်တရက် အသွင်ပြောင်းလဲမူ၊နဲ့ လေယာဉ်ပျံသန်းမူတွေကြောင့် ဖြစ်ပေါ်လာတဲ့ အသံလှိူင်းတွေကို ကြည့်ပီး အဲဒါ အချက်ပြတာလို့ သတ်မှတ်လို့ရတယ်။ ဝီနာဟာ ချက်ချင်းဆိုသလိုပဲ သချာင်္နည်းပညာတွေသုံးပီး ဖော်မြူလာထုတ်တယ်။ အဲဒါကိုက ဝီနာ စတိုင်ပေါ့။ ဒါကို Radiation Lab (ရေဒါစမ်းသပ်ရေး ဓါတ်ခွဲခန်း) မှာ သက်သေပြတယ်။ လျှပ်စစ်နဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာကို ဘာမှ ထည့်မပြောဘူး။ သူက ရလာတဲ့ ဘယ်လို အချက်အလက်များကိုမဆို အကောင်းဆုံး ဘယ်လို မတူညီတဲ့ အမှတ်အသားတွေ ပြသလဲဆိုတာကို ပဲ ပြောသွားတယ်။

နောက်ပိုင်းမှာတော့ ဝီနာ ဟာ Bush ( ဘွတ်ရှ် ) ရဲ့ သုတေသန ပိုင်းဆိုင်ရာ Hardware (ဟာ့ဝဲ ) (စက်မူပိုင်းဆိုင်ရာ အကြမ်းထည် တည်ဆောက်မူများ) တိုးတက်မူတွေ ကို သချာင်္ပညာနဲ့ အသွင်ပြောင်း ဖော်ထုတ်ဖို့အတွက် သဘောတူ တဲ့ မှတ်ကျောက်တစ်ခု တင်ခဲ့တယ်။ ၁၉ ၄၁ခုနှစ် ဇန်နနဝါရီ မှာ လျှပ်စစ်အင်ဂျင်နီယာ Julian Biglow (ဂျူလီယမ် ဘစ်ဂလိုး) - အလုပ်ကျိူးစားတဲ့ အင်္ဂလန်ပြည်သား - လေးတစ်ဦး ကို လက်ထောက်အဖြစ်ထားခဲ့တယ်။

၀ီနာ - ဘစ်ဂလိုး တို့ရဲ့ ကြိုးစားမူကြီးက တဖန်ထပ်ပီး ကျိူးပဲ့သွားရတာက ထပ်ကံဆိုးတာပေ့ါ။ ၁၉၄၁ခုနှစ် မှာ သူတို့ရဲ့ ပစ်ခတ်မူဆိုင်ရာ ထိမ်းချူပ်မူစနစ် မူရင်းပုံစံက အခြေနေကောင်းနေပါတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင် ဝန်ခံခဲ့တာကတော့ တကယ့် လက်တွေ့ စစ်မြေပြင်မှာ အသုံးပြုဖို့ကျတော့ တော်တော်ကြီးကို ရူပ်ထွေးနေပါတယ်တဲ့။ စနစ်က နယူးယောက်က Bell Laboratories (ဘဲလ် သုတေသန စမ်းသပ်ခန်းများ) မှာ တိုးတက်လာတဲ့ မှတ်တိုင်ဆီကို အများကြီး မှီခိုနေပါသတဲ့။ ဒါဟာ စာနဲ့လက်တွေ့ ကွာဟမူတွေလို့ ဆိုလိုနိုင်တယ်ပေါ့။

အဲဒါကို လက်တွေ့ကျကျ သွားဖို့ဆိုရင် ဝီနာ ရဲ့ ကိုယ်ပိုင် စဉ်းစားမူပေါ် သြဇာသက်ရောက်လျက်ရှိနေတယ်။ ဒါပေမယ့် ဘစ်ဂလိုးနဲ့အတူ လုပ်တဲ့ အခါ သူ့ရဲ့ပို့ချမူတွေမှာတော့ သူက အင်မတန်ကို သူ့အလုပ်ကို မျော်လင့်ထား ပီး အပြင်းအထန်ကို ယုံကြည်နေတာကို ပြသနေပါတယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ သူက - “လူရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ လျှပ်စစ်-စက်ပိုင်းဆိုင်ရာ နှစ်မျိူးစလုံးကို ပေါင်းစပ်ပီး စီမံထားတဲ့ စနစ်ကို ကြည့်ရတာဟာ တွက်ချက်မူပိုင်းဆိုင်ရာမှာ ရူပ်ထွေးနေတယ်“ လို့ ကောက်ချက်ချခဲ့ပါတယ်။

အချက်အလက်တွေကို စီးရီးလိုက် ကြည့်ရူရတဲ့အပိုင်းကို သချင်္ာညီမ ျှချင်းတွေနဲ့ ချပြရတာက တစ်ချက်။ စက်ကြီးက နေ အလုပ်လုပ်ပြတာကို ကြည့်ရတာက တချက်။ ဒါတွေက ၁၉ ၄၁ခုနှစ်မှာ မဖြေရှင်းနိုင်သေးတဲ့ ရှိနေသေးတဲ့ ကိစ္စတွေဖြစ်ပါတယ်။ အဓိက ပြသနာကတော့ မူလပထမ တီထွင်ထားတဲ့ စက်ကြီးရဲ့ တည်ဆောက်မူ ဖြစ်တယ်။ ရုပ်ပိုင်းဆိုင်ရာကိစ္စ လို့ခေါ်တာပေါ့။ သူလှူပ်ရှားလာအောင် ပြင်ပ အင်အားလိုတယ်။ ကမ္ဘာဆွဲငင်အားကြောင့် ပန်းသီးကြွေတယ်။ တုတ်တံရဲ့ ရိုက်ချက်ကြောင့် ဘေစ်ဘောလုံးလေးက လွင့်ထွက်သွားတယ်။ ဒါတွေကပြင်ပ အင်အား ကြောင့်ဖြစ်လာတာ မဟုတ်လား။ ဖြစ်ရပ်တိုင်းအတွက် အကြောင်းတရားလိုအပ်တယ် - အကြောင်းတရားက အရင် ဖြစ်ရမယ်လေ။

သည်လိုနဲ့ပဲ ညင်းခုန်မူတွေက ဆက်ဖြစ်နေတယ်။ လူဆိုတာကလည်း အကောင်းကြီးပဲ မမြင်တတ်ကြဘူး။ ကျွန်တော်တို့ ကိုယ်ခန္တာကြီးတွေက ရုပ်ပိုင်းဆိုင်ရာ အရာတွေနဲ့တည်ဆောက်ထားတယ်ဆိုတာ ညင်းစရာမရှိဘူး။ (သည်နေရာမှာ ကျွန်တော်ဆိုတာ စာအုပ်ရေးသူ စာရေးဆရာက သူ့ကိုယ်သူ ရည်ညွှန်းပြောနေတာပါ။) ကျွန်တော်တို့က ပြင်ပက ဝင်လာတဲ့ အင်အားတွေအတွက် တန်ပြန်တုန့်ပြန်တာမျိူး မရှိလည်း နေလို့ရတယ်။ ကျွန်တော်တို့က ခန္တာဗေဒ သဘောတရားနဲ့ ရှင်သန်နေတာ။ ကျွန်တော်တို့မှာ ရည်မှန်းချက်ရှိတယ်၊ မျော်လင့်ချက်တွေရှိတယ်၊ လိုချင်တာ တွေရှိတယ်၊ လုပ်ချင်တာတွေရှိတယ်။ သည်တော့ ကျွန်တော်တို့ရဲ့ “အကြောင်းတရားများ“ ဆိုတာက အတိတ်မဟုတ်ဘူး အနာဂတ်မှာ ရှိတယ်။ သည်နေရာမှာ ပဟေဌိတစ်ခု ဖော်ထုတ်ရသလို ဖြစ်နေတယ်။ “စိတ်“ “ဝိညဉ်“ နဲ့ “အသက်“ ဆိုတာတွေက ရုပ်ခန္တာဆိုတဲ့ ရုပ်ပ်ိုင်းဆိုင်ရာ အရာတွေကို လှူပ်ရှားအောင်လုပ်နေတဲ့ အင်အားတွေ ဖြစ်နေသလား?

သိပ် ကောင်းတဲ့မေးခွန်းပါပဲဗျား…. ဒါပေမယ့်လည်း ဝီနာနဲ့ ဘစ်ဂလို တို့ကတော့ အဲသည် ရုပ်ပိုင်းဆိုင်ရာ စက်ကြီးကို အသက်သွင်းဖို့ ပဲ စဉ်းစားတယ်။ ဒါပေမယ့် အနာဂတ်မှာ ရှေ့တိုးဖို့ နောက်ပြန်ဆွဲနေတာကတော့ အသက်သွင်းဖို့ အကြောင်းတရားပဲဖြစ်ပါတယ်။ တဖြေးဖြေးနဲ့ သူတို့ သ ဘောပေါက်လာတာကတော့ သူတို့အတွက် လိုအပ်တာက ဖြစ်ပေါ်လာတဲ့ရလဒ်ဖြစ်တယ်။

သူတို့ကို သိပ်ကို သိသာထင်ရှားပီး သူတို့ကိုယ်တိုင် သတိမထားမိတာ တွေကို သိအောင် ရလဒ်တွေကို ကြည့်ဖို့လိုတယ်။ ဥပမာ - Thermostat (သာမိုစတက်) ဆိုပါတော့။ အခန်းတွင်းမှာ အတော်ကြီးကို အေးလာတယ် ဆိုရင် ပါးလွှာတဲ့သံမဏိကြိုးလေးက ကွေးလာပီး သတ်မှတ်ထားတဲ့နေရာလေးကို သွားထိမယ်၊ ဒါဆိုရင် မီးဖိုလေးက သူ့ဘာသာသူ ပွင့်လာမယ်၊ ဟော… အခန်းလေးက ပြန်ပီး လည်း နွေးလာရော၊ သံမဏိပြားလေးက ပြန်ဖြောင့်သွားမယ်၊ သည်တော့ အဆက်အသွယ် ပြန်ပြတ်ပီး မီးဖိုလေးကို ပြန်ပိတ်သွားမယ်။ (အဲသည်စနစ်က သာမိုစတက် အလုပ်လုပ်ပေးတဲ့ သဘောကို ရှင်းပြတာ)။ အဲသည်စနစ်က သူ့အလိုလို အော်တိုမစ်တစ် အပူချိန်ကို ပြောင်းပေးနေတာဖြစ်တယ်။ သည်တော့ အခန်းဟာ သက်တောင့်သက်သာ နေလို့ရအောင် ဖြစ်နေတယ်။ အဲသည်ရလဒ်ကို ရလာဖို့ သဘာဝအခြေအနေကို သိဖို့လိုအပ်ပါတယ်။ သူတို့စက်ကြီးဟာလည်း သဘာဝတရား ကို ဆန့်ကျင်လို့မရဘူး။

ဒါပေမယ့် ကမ္ဘာပေါ်မှာ ဘယ်စက်ကမှ လုံးဝဥသုံ ပီးပြည့်စုံတယ်ရယ် မရှိဘူး။ ဒါကို အဲသည်လူ နှစ်ယောက်ကသိတယ်။ (ဝီနာနဲ့ ဘစ်ဂလို ကို ဆိုလိုတာ) ။ ဒီလို အခြေ အနေမျိူးမှာ ဖြစ်လာတဲ့ ရလဒ် က လိုကိုလိုအပ်နေတယ်။ ဥပမာ တစ်ခု ပြမယ် - ၁၈ရာစု စကော့လူမျိူး ဂျိမ်းစ်ဝက် က သူ့ရဲ့ရေနွေးငွေ့သုံးအင်ဂျင် ကို ရိုးရှင်းတဲ့ပုံစံနဲ့ အလုပ်လုပ်ပြခဲ့တယ် - အဲသည်မှာတင် ဘာထဖြစ်လဲဆိုတော့ သူ့အင်ဂျင်ဟာ သိပ်ကို မြန်နှူန်းမြင့်လွန်းအားကြီးေနတယ်- ဒါနဲ့ သူ့ပါဝါကို ချက်ချင်းကို အတင်းကြီး ကို လျော့ချလိုက်ရတယ်။ ၁၈၆၈ခုနှစ်မှာ အဲသည်စက်နဲ့ပတ်သက်ပီး James Clerk Maxwell (ဂျိမ်းစ်ကလော့ မက်စ်ဝဲလ် )က သချာင်္နည်းပညာနဲ့ ဆောင်းပါးတစ်ပုဒ် ရေးသား ပီး ဖြစ်နိုင်တဲ့ရလဒ်တွေကို ရေးသားဖော်ပြခဲ့တယ်။ ဒါဟာ ဘာကို ပြလဲဆိုရင် ပွဲမဝင်ခင် အပြင်မှာကျင်းပသင့်တယ် ဆိုတာဖြစ်တယ်။ သည်တော့ အခု ဝီနာနဲ့ ဘစ်ဂလို တို့ရဲ့ ကိုယ်ပိုင် မီးအားထိန်းချူပ်စနစ်ကြီးနဲ့ ပစ်လွှတ်ပြတဲ့ စမ်းသပ်ပြမူတေ ွ အကြိမ်ကြိမ်အဖန်ဖန် ချပြရင်းကနေ တကယ့် လက်တွေ့ အသုံးမပြခင် ရလဒ်ကောင်းတစ်ခု ရရှိအောင် ကြိုးစားနေကြတယ် လို့ ဆိုပါတော့။

အဲသည်လို ရလာတဲ့ ရလဒ် အဆိုးအကောင်းမှန်သမ ျှကို လက်ခံမှာလား။ အဲဒါကို ဝီနာနဲ့ ဘစ်ဂလိုတို့လည်း အညင်းအခုန်လုပ်နေကြတယ်။ ခဲတံလေးတစ်ချောင်းလောက် ကောက်ကိုင်လိုက်ပီး စဉ်းစားကြတာပေါ့။ ခင်ဗျား ရဲ့ ဥနှောက်က အဓိကပေါ့။ ခဲတံ ကောက်ကိုင်။ ဒါပေမယ့် တကယ်ခဲတံဆီ ရောက်သလား။ ခင်ဗျားရဲ့လက်က အတိအကျ ခဲတံဆီ ရောက်ဖို့ သေချာလား။ ဒါကို ဥနှောက်ကလည်း တချိန်လုံး ပါနေရမယ်။ ခင်ဗျား မျက်စိဆီကိုလည်း အချက်အလက် တွေ တရစပ်ပို့နေရမယ်။ ခင်ဗျားရဲ့ ကြွက်သား၊ လက်ချောင်းလေးတွေ။ သိပ်ကို တိကျသေချာတဲ့ ကိုသြဒနိတ် နဲ့ ဥနှောက်နဲ့ သွားတယ်ဆိုမှသာ ဖြစ်တယ်ပေါ့။ ဒါဆို မှန်ကန်တဲ့ ရလဒ်ကို ရမှာသေချာလား။ ဒါနဲ့လုံလောက်ပီလား။

အဲဒါနဲ့တင် လုံလောက်ပီလား။ အကယ်၍ အဲသည်ဟာတွေက မဖြစ်နိုင်ရင် ဘယ်လိုလုပ်မလဲ။ ဒါကို ဒီလူနှစ်ယောက်က သိတယ်။ သူတို့က အပြင်လူတစ်ယောက်လိုအပ်တယ်လို့ ယူဆတယ်။ Arturo Rosenblueth (အာကျူရို ရိုဆန်ဘလက်ချ် ) ဆိုတဲ့ မက်ကစီကန်မွေး ရူပဗေဒပညာရှင် တစ်ဦးက ဝီနာရဲ့ အနီးကပ်သူငယ်ချင်းက အခုလောလောဆယ် ဟားဗက် ဆေးတက္ကသိုလ်မှာ အလုပ်လုပ်နေဆဲ ပညာတတ်တစ်ယောက်ပါ။ အခုဖြစ်ပေါ်လာတဲ့ ပြစ်ချက်တွေကို စဉ်းစားတယ်။ သူတို့သုံးဦးသား က စစ်အတွင်းက အခြေအနေတွေကို သုံးသပ်ပီး သုတေသန လုပ်တယ်။

အရင်ဆုံး ဝီနာ၊ ဘစ်ဂလိုနဲ့ ရိုဆန်ဘလက်ချ်တို့က အစည်းအဝေးမှာ ပြောဆို ဆွေးနွေးကြတယ်။ တယောက်နဲ့တယောက် ပွင့်ပွင့်လင်းလင်း ပြောကြတယ်။ (ခုနာတုန်းက ပြောပီးသား ပြန်ပြောကြတယ်) ခဲတံလေးကို ကိုင်ဖို့လက်က သွားတဲ့အခါ ဦး နှောက်က မျက်စိကို အချက်အလက်တွ ပို့ပီးခိုင်းတယ်ပေါ့။ ဒါ့အပြင် အာရုံကြောရဲ့ အလုပ်လုပ်ပုံက တဆင့် လက်ပါပါလာတယ်။ အဲဒါကို “ဆက်သွယ်ချက်“ လို့ခေါ်တယ်။ မှန်မှန်ကန်ကန်ခဲတံလေးဆီ လက်က ရောက်သွားဖို့ကို လက် မျက်စိ ဥနှောက် အာရုံကြော အစရှိသည်တို့ရဲ့ ဆက်သွယ်ချက် ကို စဉ်းစားပြတာပါ။ ဒါကို သချာင်္နည်းနဲ့ တွက်ချက်မယ်။

ဒုတိယ အချက်က အဲသည်လို အချက်အလက်တွေကို ဆက်သွယ်မယ်၊ ထိန်းချူပ်မယ်ဆိုရင် ဘယ်လို လုပ်ငန်းစဉ်နဲ့သွားမလဲ…. အဲဒါကို message (မက်စေ့) လို့ ခေါ်မယ်။ “လျှပ်စစ်စနစ်နဲ့ သွားမယ် ဒါကို အာရုံကြော စနစ်သဘောမျိး တွေးမယ်။” စာကလေးတစ်ကောင်ပျံသန်းမူနဲ့ ဘီ၂၉ လေယောဉ်ပျံ ပျံသန်းမူကို ယှဉ်ပီး စဉ်းစားတာဖြစ်တယ်။ လူရဲ့ အာရုံကြောစနစ်ဟာဖြင့် တကယ့်ကို ရူပ်ထွေးတယ်။ ဒါကို သိပ္ပံပညာရပ်ကိုထည့်ပီး တွက်ချက်ကြတာဖြစ်လို့ အခုကစပီး လူအာရုံကြောစနစ်ကို မေ့ထားရမယ်။ သိပ္ပံပညာရပ်အနေနဲ့ကျတော့ နားလည်ဖို့မလွယ်ဘူး။ ဒါပေမယ့် ဒါကို ဆန့်ကျင်ဖက် စဉ်းစားတော့ အင်ဂျင်နီယာပိုင်းက ပါလာတယ်။ အာရုံကြောစနစ်မှာက တွေ့ကြုံနေရတဲ့ ပတ်ဝန်းကျင် ရဲ့ အကျိူးသက်ရောက်မူကိုထည့်စဉ်းစားပြထားတယ်။

သူတို့က ဆက်ပြောတာကတော့ အာရုံကြောစနစ်နဲ့ အင်ဂျင်နီယာစကားနဲ့ က တွဲတွေးဖို့ခက်တယ်။ စက်ပစ္စည်းဆိုတာကို သက်မဲ့လိုပဲ စဉ်းစားလို့ရတာ။ လက်နက်ပစ်လွှတ်တဲ့စနစ်မှာ ရေဒါကနေ ပစ်တယ်ဆိုတာက မှန်မှန်ကန်ကန် ဖြစ်ဖို့ကတစ်ချက်၊ လုံးဝဥသုံ အော်တိုမစ်တစ်ပစ်လွှတ်တဲ့ စနစ်ကို သုံးမယ်ဆိုပါက လူရဲ့ လက်မပါပဲ ပစ်မယ်ဆိုတာက တစ်ချက်၊ သည်တော့ သေနတ်က တကယ်ရော ညဏ်ရှိရှိ စာတတ်တတ်နဲ့ အလုပ်လုပ်မှာ သေချာလား။

ယနေ့ခေတ်မှာတောင်မှ - ဆိုလိုတာက အဲသည်အချိန်နောက်ပိုင်း ၁၅နှစ်လောက် - အထိတောင်မှ အဲသည်ပြသနာ၊ ယူဆက်ချက်တွေက အဖြေမထုတ်နိုင်သေးပဲ စိတ်အနှောက်အယှက်ဖြစ်နေရဆဲ ဖြစ်နေသေးတယ်။ သည်တော့ Artificiel Intelligence (အသိဉာဏ်အတု) ဆိုတာ သိပ္ပံပညာရပ်မှာ ပေါ်လာတယ်။ စိတ်နဲ့ ဥနှောက် အချက်အလက်ပေးပို့မူ လုပ်ငန်းစဉ် ဆိုပါတော့။ စိတ်နဲ့ရုပ်ဆိုတာ လူ့ရဲ့ ဝိညာဉ်မဟုတ်လား။ ပီးတော့ ကျွန်တော်တို့ အသုံးပြုနေကြတဲ့ သာမိုစတက် ဆိုတာ အပူချိန်ကို ချိန်ညှိပေးတဲ့စက်။ သူက သတ်မှတ်ထားတဲ့အပူချိန်ထက် ပိုပူလာရင် လျော့ပေးတယ်။ သတ်မှတ်ထားတဲ့ဆီရောက်လာရင် အလိုလို ပိတိပေးတယ်။ ပြန်လျော့လာရင် တိုးပေးတယ်လေ။ အဲဒါက လူ့ဥနှောက်နဲ့ စိတ်ဆိုတာရဲ့ဆက်သွယ်မူ စနစ်ကို လေ့လာရာကနေ တိုးတက်လာတဲ့ သဘာဝကျတဲ့ လုပ်ငန်းစဉ် ပါပဲ။

ဒါကို ဝီနာနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေက လက်ခံတယ်။ သဘောပေါက်တယ်။ ဒါကို စက်ပစ္စည်း အနေနဲ့ စဉ်းစားတော့ ဥနှောက်ဆိုတာကို ဘယ်လို ထိန်းချူပ်ကြမလဲ။ သာမိုစတက်ထက်ပိုပီး လေးနက်တဲ့ ပိုပီး ရူပ်ထွေးတဲ့နည်းပညာကို စဉ်းစားမယ်။ ကျွန်တော်တို့ ဥနှောက်ထဲမှာ ပိုပီး ရူပ်ထွေးတဲ့ အရာတွေကို ဘယ်လိုဆွဲထုတ်ပီး လေ့လာကြမလဲ။ ဒါကို တကယ်လက်တွေ့ကျကျ နည်းပညာနဲ့ အပြင်လောကကို ဆွဲယူပီး လ ျှပ်စစ်စနစ် စက်ပစ္စည်းစနစ်တွေနဲ့ ကွန်ပြူတာ နည်းပညာတော်လှန်ရေးအဖြစ် အသွင်ပြောင်းကြမလဲတဲ့။

ဂျူနီယာဝင်း