Breaking News

သင်းရည်လွင် - တယ်လီဖုန်းသတင်း


တယ်လီဖုန်းသတင်း
သင်းရည်လွင်
(မိုးမခ) ဧပြီ ၆၊ ၂၀၂၀

အိမ်တွင်းပုန်းသူဟာ
ရွာမလိုညိုနေတဲ့  မိုးလိုအစိုးမရ
စိတ်ကိုစိတ်က ညှို့လို့
လူသံတိတ်တိတ်လမ်းတွေကို
ဖျက်ထားလိုက်တယ်
သတင်းတစ်ပိုင်းတစ်စမှာ
ကျွန်တော်တတိယအကြိမ်လက်ဆေးပြီးစပါပဲ
လူတွေလည်းနာနေပါပြီ
လူနာဟာ
နာနေတဲ့အနာကိုလုံအောင်ဖုံးထားဖို့အပြင်ဘာမှမရတော့ပါဘူး
ကပ်သုံးပါးအကြောင်းမှာ
ကျွန်တော်တို့ ဆိုက်ကပ်ခဲ့ပြီ
ဒါနောက်ဆုံးတယ်လီဖုန်းသံပဲဖြစ်ပါတယ်။
-
142020