Breaking News

အောင်ဝေး - က မ္ဘာ ( ၈ )

Art - Than Htay Maung


အောင်ဝေး - က မ္ဘာ ( ၈ )

(မိုးမခ) ဧပြီ ၁၂၊ ၂၀၂၀

ဝေသာလီမွာ
မဟုတ််််ပါဘူး။

ဝေဘာဂီမှာလည်း
မဟုတ်််ပါ ဘူး။

ဂရင်းလီ မှာပါ။

ကိုလိုရာဒို မှာပါ။

က မ္ဘာကြီးရဲ့
ဘယ်နေရာမှာဖြစ်ဖြစ်
စစ်က ဖြစ်နေတာပါ။

မစ္စတာ ဗားတော့ဗရက် ရေ
ခင်ဗျားက
ဒုတိယကမ္ဘာစစ်ကြီးထဲ
အမေပျောက်ရှာတဲ့
ကလေးတွေအကြောင်း ရေးခဲ့။

ကျနော်ကတော့
ဟောဒီ တတိယကမ္ဘာစစ်ကြီးထဲမှာ
သားပျောက်ရှာရင်း သေဆုံးသွားတဲ့
အမေတစ်ယောက်အကြောင်း ရေးရတော့မယ်။

ကပ်ကြွေး ရှိရင်
ပြေပါစေတော့။ ။

(ဧပြီ ၁၁၊ ၂၀၂၀)
အိသာရ သို့။